Search

Friday, May 15, 2020

ဆိုမာလီယာတွင် ရေကြီးရေလျှံမှုကြောင့် ၂၄ ဉီးသေ၊ ၃၃၀၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးရ

ဆိုမာလီယာတွင် ရေကြီးရေလျှံမှုကြောင့် ၂၄ ဉီးသေ၊ ၃၃၀၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးရ



EPN
နိုင်ငံတကာ၊ မေ ၁၅

ဆိုမာလီယာနိုင်ငံတွင် လွန်ခဲ့သောတစ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ လူ ၂၄ ဉီးထက်မနည်း သေဆုံးခဲ့ပြီး ၈၅၀၀၀၀ ကျော် ဘေးသင့်ခဲ့ကြောင်း ကုလသမဂ္ဂ အေဂျင်စီတစ်ခု က ပြောသည်။


ရေကြီးရေလျှံမှုဖြစ်ပွားရာ ဒေသများသို့ လူသားချင်းစာနာထောက်ထားမှု အေဂျင်စီများ ရောက်ရှိအောင် လုပ်ဆော်နေစဉ် ခရိုင် ၂၄ ခုရှိ ပြည်သူ ၃၃၀၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) က ပြောသည်။

ယခုနှစ်အတွင်း ရေဘေးသင့်ပြည်သူအရေအတွက်မှာ ယမန်နှစ်အရေအတွက် ၄၀၀၀၀၀ ထက် နှစ်ဆပိုမို ရှိလာခဲ့ကြောင်း အဆိုပါအေဂျင်စီက ပြောသည်။

ကယ်ဆယ်ရေးမိတ်ဖက်အဖွဲ့များနှင့် အာဏာပိုင်များက တုံ့ပြန်မှုများ အရှိန်မြှင့်ဆောင်ရွက်ခြင်းကြောင့် ကယ်ဆယ်ရေးအကူအညီရရှိသူ ပြည်သူအရေအတွက်မှာ ၁၈၂၀၀၀ ကျော်အထိ ရှိလာခဲ့ပြီဟု သိရသည်။
ဆိုမာလီယာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့် ကန္တရာကျိုင်းကောင် ပြန့်ပွားမှုအန္တရာယ် ရင်ဆိုင် နေရချိန်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

--ကိုးကား--
ဆင်ဟွာ
Ref; Floods kill 24, affect nearly 860,000 others in Somalia: UN

No comments:

Popular Posts