EPN
နိုင်ငံတကာ၊ မေ ၁၇
အသက် ၅၈ နှစ်အရွယ် အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဒူဝေကို
ယနေ့နံနက်ပိုင်းက ဟတ်ဇ် လီယာမြို့ရှိ သူ၏တိုက်ခန်းအတွင်း
သေဆုံးလျက်တွေ့ရှိခဲ့သည်။
သံအမတ်ကြီးသေဆုံးမှုကို လက်ထောက်ဖြစ်သူ တိုင်ယုမင်က တရားဝင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ အတည်ပြုခဲ့သည်။ သံအမတ်ကြီးကို လက်ထောက်ဖြစ်သူက အိပ်ယာအတွင်း သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ် သည်။
သံအမတ်ကြီး ဒူဝေ သေဆုံးရသောအကြောင်းရင်းကို မဖော်ထုတ်ရသေးသော်လည်း နှလုံးခုန်ရပ်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ ၄င်းသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ယူကရိန်းနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဒူဝေကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေစဉ် ဖေဖော်ဝါရီလအတွင်း အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ဇနီးသည်၊ သားဖြစ်သူတို့ ကျန်ရစ်ပြီး မိသားစုဝင်များက အစ္စရေးနိုင်ငံ၌ မနေ ထိုင်ကြပေ။
“အစ္စရေးပြည်သူတွေက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေစဉ် တရုတ်နိုင်ငံသို့ တန်ဖိုးရှိသော ပံ့ပိုး ကူညီမှုများ ထောက်ပံ့ပေးခဲ့ပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်မှုတွင် တရုတ်နိုင်ငံက အစ္စရေးသို့ ပံ့ပိုးကူ ညီလိုပါတယ်” ဟု တရုတ်သံရုံး၏ တရားဝင် ဖေ့စ်ဘုတ်ပေ့ချ်၌ ဒူဝေက သံအမတ်ကြီးတာဝန်ယူပြီးပြီးချင်း အား ပေးသဝမ်လွှာ ရေးတင်ခဲ့သည်။
--ကိုးကား--
ynetnews
Ref; China's ambassador to Israel found dead in his apartment in Herzliya

No comments:
Post a Comment