EPN
နိုင်ငံတကာ၊ မေ ၁၇
မြန်မြန်ဆန်ဆန် ခြေရာခံခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းက
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ပျံ့နှံ့မှု အန္တရာယ်ကို များစွာ
လျော့နည်းစေခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောသည်။
ပြည်တွင်း၌ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် အရေအတွက်မှာ နှစ်ရက်ဆက်တိုက် ဂဏန်းနှစ်လုံး သို့ ကျဆင်းလာခဲ့ကြောင်း မွန်ဂျေအင်းက ယနေ့ လူမှုမီဒီယာ၌ ရေးသားခဲ့သည်။
ဆိုးလ်မြို့တော်ရှိ နိုက်ကလပ်များစွာ၌ မကြာသေးမီက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ဖြစ်ပွားခြင်း ကြောင့် နောက်ထပ် အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွားမည်ကို စိုးရိမ်ပူပန်ခဲ့ကြသည်။
မွန်ဂျေအင်းက တောင်ကိုရီးယားနိုင်ငံ၏ အကောင်းမွန်ဆုံးသော သီးသန့်ခွဲနေသည့်စနစ်ကို မီးမောင်းထိုး ပြခဲ့ပြီး နှာခေါင်းစည်းဝတ်ဆင်ခြင်းနှင့် တစ်ဉီးနှင့်တစ်ဉီး ခပ်ခွာခွာနေခြင်းတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် ပြည်သူများသို့ ကျေးဇူးတင်ရှိခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကို အပြီးတိုင်မဖယ်ရှားမီ အစုလိုက်အပြုံလိုက်ကူးစက်မှု နောက်တစ်ကြိမ် ဖြစ်လာနိုင် သော အခြေအနေများကို မွန်ဂျေအင်းက သတိပေးခဲ့သည်။
--ကိုးကား--
အာရီယန်
Ref; President Moon says tracking, testing have reduced risk of COVID-19 outbreaks

No comments:
Post a Comment