EPN
ပူတာအို၊ မေ ၅
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ပြည်ပမှပြန်လည်၀င်ရောက်လာသူများအား
Community Base Facility Quarantine Center (၁၉)နေရာတွင် (၂၁)ရက်
အသွားအလာကန့်သတ်စောင့်ကြည့်မှုများပြု လုပ်လျက်ရှိရာ အဆိုပါနေရာများသို့
မေ(၄)ရက် မွှန်းလွှဲ(၂)နာရီက လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အဆင့်
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီများက
သွားရောက်ကွင်းဆင်းကာ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေ ၊ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးယောဆီ၊ မြို့နယ် အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊အတွင်းရေးမှူး မြို့နယ်ကျန်းမာရေးမှူး ဦးကျော်မြင့်အောင်နှင့် လုပ်ငန်းကော်မတီ၀င်များက အလက (နမ်ရှယ်ကော့)တွင် (၁၈)ဦး၊ အထက(ခွဲ)-ပမ္မတီးတွင် (၂)ဦး ၊ အလက(ခွဲ)-မူလာဒီ တွင်(၂၇)ဦး တို့နှင့်တွေ့ ဆုံကာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနကထုတ်ပြန်ထားသည့် ညွန်ကြားချက်များအားလိုက်နာ ဆောင်ရွက်ရေးနှင့်အားပေးစကားပြောကြားပြီး သောက်ရေသန့်များ ၊ နှာခေါင်းစည်းများ ၊ အချိုရည်ဗူးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ပူတာအိုမြို့နယ်တွင် ယနေ့ည(၈)နာရီအထိ Community Base Facility Quarantine Centerတွင် (၁၀၉)ဦး ၊ Home Quarantine တွင်(၈၃)ဦး စုစုပေါင်း(၁၉၂)ဦးတို့ကို (၂၁)ရက် အသွားအလာကန့်သတ်စောင့် ကြည့်မှုများပြုလုပ်လျက်ရှိရာ (၂၁)ရက်ပြီးမြောက်သူများအား နေအိမ်တွင် ထပ်မံ(၇)ရက်ဆက်လက်အသွား အလာကန့်သတ်စောင့်ကြည့်မှုများပြုလုပ်လျက်ရှိပြီး အဆိုပါ(၂၁)ရက် အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုခံသူများအား အလှူရှင်များက စားသောက်ရေးအဆင်ပြေစေရန် စားစရိတ်များစီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)

No comments:
Post a Comment