EPN
ပူတာအို၊ မေ ၅
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင်
ပူတာအိုခရိုင်လူငယ်ရေးရာကော်မတီကဦးဆောင်မှုဖြင့် Covid-19
ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် Community Base Facility Quarantine
Center ထားရှိသော ကျောင်းများသို့ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းကို
မေ(၄)ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း ပူတာအိုခရိုင်လူငယ် ရေးရာကော်မတီ
ဒု-ဉက္ကဌ ဒေါ်ချာယော်ရဲ့ထံမှသိရသည်။
အဆိုပါ Community Base Facility Quarantine Center ထားရှိသည့်ကျောင်းများဖြစ်သည့် ဂျူဗလီ ကျောင်းတွင်(၂)ဦး ၊ မာမိန်ကျောင်းတွင်(၁၀)ဦး ၊ ဇီအွန်ကျောင်းတွင်(၁)ဦးထားရှိရာ အဆိုပါကျောင်းများသို့ ပိုး သတ်ဆေးများဖြန်းပေးခဲ့ကြပြီး Community Base Facility Quarantine Center ၀◌င်နေကြသောသူများအား လုံးနေကောင်းကျန်းမာလျက်ရှိသည်ကိုတွေ့ရကြောင်း၎င်းထံမှသိရသည်။
ထို့အပြင် ပူတာအိုခရိုင်လူငယ်ရေးရာကော်မတီအနေဖြင့် ဧပြီ(၃၀)ရက်တွင် Community Base Facility Quarantine Center များဖြစ်သည့် လုံရှာယာန်ကျောင်းတွင်(၁၃)ဦး ၊ ဖတ်မာကျောင်းတွင်(၃)ဦး ၊ မူလာဒီကျောင်းတွင်(၂၃)ဦး ၊ မူလာရှီးဒီကျောင်းတွင်(၁)ဦး ၊ လေယာဉ်ကွင်းကျောင်းတွင်(၂)ဉီး Quarantine ၀◌င်နေကြရာ အဆိုပါနေရာများသို့ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းဆောင်ရွက်ပေးခဲ့ကြပြီး ကျန်ရှိသောကျောင်း များသို့လည်း ဆေးဖြန်းခြင်းလုပ်ငန်းဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)

No comments:
Post a Comment