Search

Tuesday, June 9, 2020

ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား သင်္ဘောသား (၃၀) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေး

ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား သင်္ဘောသား (၃၀) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေး



ဖိလစ်ပိုင်နိုင်ငံ၊ မနီလာဆိပ်ကမ်း (Manila Bay) တွင် ကျောက်ချရပ်နားထားခဲ့သော Royal Caribbean Cruise.Ltd ကုမ္ပဏီပိုင် အပျော်စီးသင်္ဘောလိုင်းမှ မြန်မာသင်္ဘောသား အမှုထမ်းစုစုပေါင်း (၃၀) ဦးသည် Royal Caribbean Cruise.Ltd နှင့် မြန်မာသံရုံး၊ မနီလာမြို့ ပူးပေါင်းစီစဉ်သည့် Relief Flight Air Asia
Philippines အထူးလေယာဉ်၊ ခရီးစဉ်အမှတ် Z2 800 ဖြင့် ၉-၆-၂၀၂၀ ရက်၊ မွန်းလွဲ ၁၃:၃၅ နာရီအချိန်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာသွားခဲ့ပြီး၊ အဆိုပါ ခရီးစဉ်တွင် လိုက်ပါမည့် မြန်မာနိုင်ငံသားများ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံး၊ မနီလာမြို့ရှိ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Source ; MOFA

No comments:

Popular Posts