EPN
ဖားကန့်၊ဇွန် ၅
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်၊
ဖြူစင်ကုန်းမှော်ရပ်ကွက်အနီး စိမ်းလဲ့အောင် လုပ်ကွက်ဟောင်း ရေကန်တွင်
အသက်(၁၀)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး ရေဆင်းချိုးရာမှ
ရေနစ်မြှုပ်ပျောက်ဆုံးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ ဇွန်လ(၅)ရက်၊ ညနေ (၆း၁၅)အချိန်က အဆိုပါ ရေကန်တွင် အသက်(၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦး ရေဆင်းချိုးရာမှ ရေနစ်မြှုပ်ပျောက်ဆုံးနေကြောင်း မှော်စီစာ အုပ်ချုပ်ရေးမှူ းရုံးမှ သိရသည်။ ပျောက်ဆုံးနေသူမှာ မောင်ဝသာန်ဦး (၁၀)နှစ်၊ (ဘ)ဦးကျော်သန်း ဖြစ်ပြီး၊ တတိယတန်း ကျောင်းသားတစ်ဦး ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အချိန်တွင် တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့များနှင့် အဆိုပါ မှော်ရပ်ကွက်နေ ပြည်သူများ ဝိုင်းဝန်း ရှာဖွေပေးလျှက်ရှိသည်။
ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ၏ လုပ်ကွက် ကျင်းဟောင်းများတွင် မိုးရာသီကာလ၌ မိုးရေများဖြင့် ရေကန်သကဲ့သို့ ဖြစ်ပေါ်နေပြီး၊ ယင်းရေကန်များတွင် ရေဆင်းချိုးရာမှ ရေနှစ်မြှုပ်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။
နောင်ရိုး

No comments:
Post a Comment