Search

Friday, May 17, 2019

မိုးေကာင္းၿမိဳ႕နယ္ ဆားေမွာ္ေက်းရြာတြင္ မူးယစ္ေဆး၀ါးဖမ္းဆီးရမိ



မိုးေကာင္းၿမိဳ႕နယ္ ဆားေမွာ္ေက်းရြာတြင္ မူးယစ္ေဆး၀ါးဖမ္းဆီးရမိ

EPN
မိုးေကာင္း၊ ေမ ၁၇

မိုးေကာင္းၿမိဳ႕နယ္ ဆားေမွာ္ေက်း႐ြာတြင္  မူးယစ္ေဆး၀ါး ေရာင္းခ်သံုးစြဲေနေၾကာင္း သတင္းအရ ရွာေဖြဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ ဆြတ္ငိုင္ရပ္ကြက္ ေဒၚမ႐ြယ္၏ ေနအိမ္တြင္ ေမ-၁၇ ရက္နံနက္ ၉နာရီခြဲအခ်ိန္က မူးယစ္ေဆးဝါးေရာင္းခ်သံုးစြဲေနေၾကာင္း သတင္းအရ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴ း၏မူးယစ္ေဆးဝါး ေနအိမ္ရွာေဖြဖမ္းဆီးခြင့္ဝရမ္းအမွတ္(၃၇/၂၀၁၉)ျဖင့္ ဆားေမွာ္ရဲကင္းစခန္း ရဲကင္းမွဴး ဒုရဲအုပ္ ထက္ေဝေအာင္ ဦးစီးတပ္ဖြဲ႕ဝင္မ်ားသည္ ေဒၚမ႐ြယ္၏ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေနအိမ္မီးဖိုခန္းရွိ ဆန္ပုံးအတြင္းမွ PROFESSION တံဆိပ္ အစိမ္းေရာင္ဗူးအတြင္းမွ ဘိန္းမဲဟုယူဆရေသာ အညိုေရာင္အေစအေလးခ်ိန္ (၇၀၀)ဂရမ္ခန႔္ ပါ(၁)ဗူး၊ ေဒၚမ႐ြယ္ႏွင့္အတူလာေရာက္ေနထိုင္သူ ထြန္းသိန္းတို႔ အိပ္သည့္ ေနအိမ္ အိပ္ခန္းအတြင္း ရွာေဖြရာ ေဒၚမ႐ြယ္ အိပ္ယာခင္းေအာက္မွ ပလပ္စတစ္ဗူးျဖင့္ထည့္ထားသည့္ ဘိန္းျဖဴဟုယူဆရေသာျဖဴ /ဝါမႈန႔္ အေလးခ်ိန္ (၀. ၁၂)ဂရမ္ခန႔္ပါတစ္ဗူး (၀. ၂)ဂရမ္ခန႔္ပါ တစ္ဗူး၊ အျပာေရာင္ကပ္ခြာအိတ္ျဖင့္ထည့္လွ်က္ စိတ္ႂကြ႐ူးသြပ္ေဆးျပားဟုယူဆရေသာ စာတမ္းမပါပန္းေရာင္ ေဆးျပား(၉)ျပား ဘိန္းဆီခဲဟု ယူဆရေသာ အမဲေရာင္အခဲအေလးခ်ိန္ (၁၆)ဂရမ္ခန႔္ပါ တစ္ထုပ္၊ ယာဘက္ျခမ္းရွိ ထြန္းသိန္းအိပ္သည့္ အိပ္ယာေဘးမွ ဘိန္းမဲဟုယူဆရေသာ အညိုေရာင္အေစး(၀.၅) ဂရမ္ ၊ခန႔္စီပါ (၂၆)ထုပ္ထည့္ထားသည့္ အျဖဴေရာင္ ပလပ္စတစ္ဗူးဝိုင္းတစ္ဗူး၊ အေလးခ်ိန္(၁၃)ဂရမ္ခန႔္ႏွင့္ တစ္ဂရမ္ခန႔္ စီပါ ဘိန္းမဲဟုယူဆရေသာ အညိုေရာင္အေစး(၈)ထုပ္ ထည့္ထားသည့္ အျဖဴေရာင္ပလပ္စတစ္တစ္ဗူး၊ အေလးခ်ိန္(၈)ဂရမ္ခန႔္အား ေတြ႕ရွိသိမ္းဆည္းရမိသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မိုးေကာင္းၿမိဳ႕မရဲစခန္းမွ ေဒၚမ႐ြယ္ႏွင့္ ထြန္းသိန္းတို႔ ႏွစ္ဦးကို မယ(ပ)၂၆/၁၉ မူး/စိတ္ပုဒ္မ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္းသိရသည္။

ခ်ိဳေမာင္

------------------------------------------------------- 

မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ


EPN
မိုးကောင်း၊ မေ ၁၇

မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင်  မူးယစ်ဆေးဝါး ရောင်းချသုံးစွဲနေကြောင်း သတင်းအရ ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆွတ်ငိုင်ရပ်ကွက် ဒေါ်မရွယ်၏ နေအိမ်တွင် မေ-၁၇ ရက်နံနက် ၉နာရီခွဲအချိန်က မူးယစ်ဆေးဝါးရောင်းချသုံးစွဲနေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူ း၏မူးယစ်ဆေးဝါး နေအိမ်ရှာဖွေဖမ်းဆီးခွင့်ဝရမ်းအမှတ်(၃၇/၂၀၁၉)ဖြင့် ဆားမှော်ရဲကင်းစခန်း ရဲကင်းမှူး ဒုရဲအုပ် ထက်ဝေအောင် ဦးစီးတပ်ဖွဲ့ဝင်များသည် ဒေါ်မရွယ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်မီးဖိုခန်းရှိ ဆန်ပုံးအတွင်းမှ PROFESSION တံဆိပ် အစိမ်းရောင်ဗူးအတွင်းမှ ဘိန်းမဲဟုယူဆရသော အညိုရောင်အစေအလေးချိန် (၇၀၀)ဂရမ်ခန့် ပါ(၁)ဗူး၊ ဒေါ်မရွယ်နှင့်အတူလာရောက်နေထိုင်သူ ထွန်းသိန်းတို့ အိပ်သည့် နေအိမ် အိပ်ခန်းအတွင်း ရှာဖွေရာ ဒေါ်မရွယ် အိပ်ယာခင်းအောက်မှ ပလပ်စတစ်ဗူးဖြင့်ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသောဖြူ /ဝါမှုန့် အလေးချိန် (ဝ. ၁၂)ဂရမ်ခန့်ပါတစ်ဗူး (ဝ. ၂)ဂရမ်ခန့်ပါ တစ်ဗူး၊ အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်လျှက် စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော စာတမ်းမပါပန်းရောင် ဆေးပြား(၉)ပြား ဘိန်းဆီခဲဟု ယူဆရသော အမဲရောင်အခဲအလေးချိန်(၁၆)ဂရမ်ခန့်ပါ တစ်ထုပ်၊ ယာဘက်ခြမ်းရှိ ထွန်းသိန်းအိပ်သည့် အိပ်ယာဘေးမှ ဘိန်းမဲဟုယူဆရသော အညိုရောင်အစေး(ဝ.၅) ဂရမ် ၊ခန့်စီပါ (၂၆)ထုပ်ထည့်ထားသည့် အဖြူရောင် ပလပ်စတစ်ဗူးဝိုင်းတစ်ဗူး၊ အလေးချိန်(၁၃)ဂရမ်ခန့်နှင့် တစ်ဂရမ်ခန့် စီပါ ဘိန်းမဲဟုယူဆရသော အညိုရောင်အစေး(၈)ထုပ် ထည့်ထားသည့် အဖြူရောင်ပလပ်စတစ်တစ်ဗူး၊ အလေးချိန်(၈)ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းရမိသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကောင်းမြို့မရဲစခန်းမှ ဒေါ်မရွယ်နှင့် ထွန်းသိန်းတို့ နှစ်ဦးကို မယ(ပ)၂၆/၁၉ မူး/စိတ်ပုဒ်မ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ချိုမောင်

No comments:

Popular Posts