Search

Sunday, June 28, 2020

အမေရိကန်နိုင်ငံ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ



EPN
နိုင်ငံတကာ၊ ဇွန် ၂၈

အမေရိကန်နိုင်ငံအလယ်ပိုင်း အီလီနွိုက်ပြည်နယ်၏မြို့တော် စပရင်းဖီးလ်၌ ယမန်နေ့က အသက် ၄၈ နှစ်အရွယ် ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင်တစ်ဉီး၏ အလုပ်သမားတစ်ဦးက ကုမ္ပဏီ၏သိုလှောင်ရုံကို သေနတ် ဖြင့်ပစ်ခတ်ခဲ့ရာ လူနှစ်ဉီး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

သေနတ်သမားဟု သံသယရှိသူ မိုက်ကယ်ကောလင်းက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ရာနေရာမှ ထွက်ပြေးသွားခဲ့ပြီးနောက် အနီးအနားရှိ စီရင်စုတစ်ခု ကားတစ်စင်းအတွင်း သေနတ်နှစ်လက်နှင့်အတူ သေဆုံး လျက်တွေ့ရှိခဲ့သည်။


သေနတ်ပစ်ခတ်မှုမှာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရမီဒီ ယာများက ဖော်ပြခဲ့ကြသည်။

အသက် ၂၀ ခန့်နှင့် ၆၀ ခန့် အမျိုးသားနှစ်ဦး၏ အလောင်းများကို စက်ရုံအဆောက် အအုံအတွင်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဉီးမှာ သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်အ ခြေအနေကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသန္တရမီဒီယာများက မြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ ကန်နီဝင်းစ လိုးအား ကိုးကား၍ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သေနတ်သမားဟု သံသယရှိသူမှာ ပစ်ခတ်ခံရသူသုံးဦး၏ လုပ်ဖော်ကိုင်ဖက်ဖြစ်ကြောင်း ဝင်းစလိုးက ပြောသည်။ ကောလင်းက သေနတ်ပစ်ခတ်မှုကို တစ်ယောက်တည်း ကျူးလွန်ခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ယုံကြည်နေ ပြီး ပစ်ခတ်ရသောအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

--ကိုးကား--
ဆင်ဟွာ
Ref; Two dead, one critically wounded in central Illinois shooting

No comments:

Popular Posts