Search

Friday, June 26, 2020

အိန္ဒိယမြောက်ပိုင်းတွင် မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၁၀၀ ကျော် သေဆုံး

အိန္ဒိယမြောက်ပိုင်းတွင် မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၁၀၀ ကျော် သေဆုံး



EPN
နိုင်ငံတကာ၊ ဇွန် ၂၆

အိန္ဒိယနိုင်ငံမြောက်ပိုင်း ပြည်နယ်နှစ်ခုတွင် မကြာသေးမီရက်များအတွင်း မိုးကြိုးပစ်ခတ်မှုများကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

မိုးကြိုးပစ်မှုများကြောင့် လူ ၈၃ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ဒဏ်ရာရရှိသူ ၂၀မှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေ ရကြောင်း ဘီဟာပြည်နယ် ဘေးအန္တရာယ်စီခံခန့်ခွဲရေးအဖွဲ့က ပြောကြားခဲ့သည်။


ဥတာပရာဒေ့ရှ်ပြည်နယ်တွင် ၂၀ ထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာ ရွာ သွန်းမှုကြောင့် လျှပ်စီးမိုးကြိုးများ ဖြစ်ပွားလေ့ရှိသည်။ မိုးကြိုးမုန်တိုင်းများကြောင့် သစ်ပင်များနှင့် အိမ်ရာအ ဆောက်အဦများမှာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ်အတွင်းက အိန္ဒိယနိုင်ငံတွင် မိုးကြိုးပစ်ခံရသဖြင့် လူပေါင်း ၂၃၀၀ကျော်သေဆုံးခဲ့ပြီး မှတ်တမ်းများအရ ၂၀၀၅ ခုနှစ်မှစ၍ နှစ်စဉ် မိုးကြိုးပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၀၀၀ သေဆုံးမှု ဖြစ်ပေါ်ခဲ့ရသည်ဟု ဆိုသည်။

သေဆုံးမှုအမြောက်အများ ဖြစ်ပွားရသောအကြောင်းရင်းတစ်ခုမှာ ကမ္ဘာ့အခြားဒေသများနှင့်နှိုင်းယှဉ်လျှင် အိန္ဒိယ တွင် အိမ်ပြင်ပ အလုပ်လုပ်သောသူ အများအပြားနေခြင်းကြောင့်ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်းက အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ် ပြည်နယ်တွင် ၁၃ နာရီအတွင်း လျှပ်စီးမိုးကြိုးပစ်ခတ်မှု ၃၆၇၄ ကြိမ် ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။

--ကိုးကား--
ဘီဘီစီ
Ref; Lightning kills more than 100 in northern India

No comments:

Popular Posts