EPN
နိုင်ငံတကာ၊ ဇွန် ၂၀
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်သည့် ဆေးဝါးဆိုင်ရာ
ပစ္စည်းကိရိယာများ ထောက်ပံ့မှုနှင့်စပ် လျင်းသော အကျင့်ပျက်ချစားမှုကြောင့်
ဇင်ဘာဘွေ ကျန်းမာရေးနှင့် ကလေးသူငယ်စောင့်ရှောက်ရေးဝန်ကြီး အို
ဘာဒီယာမိုယိုအား ဖမ်းဆီးခဲ့ကြောင်း ဇင်ဘာဘွေ အဂတိတိုက်ဖျက်ရေးကော်မရှင်
(ZACC) က ပြောကြားလိုက် သည်။
ZACC က ဝန်ကြီး အိုဘာဒီယာမိုယိုအား ယမန်နေ့ညနေပိုင်းက ဖမ်းဆီးခဲ့မှုကို အတည်ပြုခဲ့သည်။ “ဝန် ကြီး မိုယိုကို လက်ရှိမှာ ရိုဒီဗီလီ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး မနက်ဖြန် ရုံးထုတ်ဖွယ်ရှိပါတယ်” ဟု ZACC ပြော ရေးဆိုခွင့်ရှိသူ ဂျွန်မာကာမူရီက ပြောကြားသည်။
မာကာမူရီ၏အဆိုအရ ဝန်ကြီး မိုယိုအား ဒေါ်လာ သန်းချီတန်ကြေးရှိသော ကလိမ်ကကျစ်လုပ်ထား သော ဝယ်ယူရေးဆိုင်ရာ စာချုပ်များနှင့်ပတ်သက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ခရီးသွားလုပ်ငန်းဝန်ကြီး ပရက်စကာမူဖူမီရာ ဖမ်းဆီးခံရပြီးနောက် မိုယိုမှာ သမ္မတ အန် မာဆင်နန်ဂါဂွာ အစိုးရလက်ထက်တွင် အကျင့်ပျက်ချစားမှုကြောင့် ဖမ်းဆီးခံခဲ့ရသော ဒုတိယမြောက်ဝန်ကြီး ဖြစ် လာခဲ့သည်။
အာရှနှင့် အနောက်နိုင်ငံများနှင့်ယှဉ်လျင် ဇင်ဘာဘွေနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိအခိုက် နည်းပါးခဲ့ပြီး အတည်ပြုကူးစက်မှု ၅၀၀ နီးပါးနှင့် သေဆုံးသူ လေးဦးသာရှိသည်။
သို့သော်လည်း စီးပွားရေးကျ ဆင်းမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဇင်ဘာဘွေနိုင်ငံ၏ စီးပွားရေးအ ကျပ်အတည်းက စိုးရိမ်ရဆုံးအခြေအနေတစ်ခုသို့ ရောက်ရှိလျက်ရှိသည်။
ဇင်ဘာဘွေနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ဧပြီလအတွင်း ၇၈၅ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး စီးပွား ရေးမှာ ပြီးခဲ့သည့်နှစ်က ၈ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ စိတ်မချရသောဌာနများနှင့် အစိုးရ၏အကျင့်ပျက်ချ စားမှုတို့ကြောင့် ပြည်သူတို့၏အမျက်ဒေါသ ပို၍ကြီးမားလာခဲ့သည်။
--ကိုးကား--
ရိုက်တာ
Ref; Zimbabwe health minister arrested over coronavirus supplies scandal

No comments:
Post a Comment