EPN
နိုင်ငံတကာ၊ ဇွန် ၂၀
အနတ်ခ်ကရာကာတူမီးတောင်အနီး အင်ဒိုနီးရှားရေပိုင်နက်အတွင်း တံငါသည် ၁၆ ဦးပါ
စက်လှေတစ် စင်း တိမ်းမှောက်ပြီးနောက် လူ ၁၀ ဦး ပျောက်ဆုံးခဲ့ကြောင်း
တာဝန်ရှိသူများက ယနေ့ ပြောကြားလိုက်သည်။
အဆိုပါလှေမှာ ဇွန်လ ၁၈ ရက်က ဆွန်ဒါရေလက်ကြားအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နစ်မြှုပ်ခဲ့ ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။
လူခြောက်ဦးကို ယမန်နေ့က အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး ယနေ့ ပျောက်ဆုံးနေသူ ၁၀ ဦးကို ဆက်လက်ရှာဖွေနေကြောင်း အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ မူဟမ်မက်ယူစွပ်လာတစ်ဖ်က ပြောသည်။
လူခြောက်ဦးက တိမ်းမှောက်လှေသို့ ပြန်ကူးခတ်လာနိုင်ခဲ့ပြီး ကယ်ဆယ်ခဲ့ကြောင်း၊ ကျန်ရစ်သူ ၁၀ ဦး၏ အခြေအနေကို မသိရသေးကြောင်း ၄င်းက ဆိုသည်။
ကယ်ဆယ်ရေးအဖွဲ့များက ယနေ့ ပျောက်ဆုံးသူများရှာဖွေမှုကို တိုးချဲ့ဆောင်ရွက်ခဲ့သည်။ ကျွန်းစုပေါင်း ၁၇၀၀၀ ဝန်းကျင်ဖြင့် ဖွဲ့စည်းထားသည့် အင်ဒိုနီးရှားနိုင်ငံတွင် စံမမှီသည့် ဘေးအန္တရာယ်ကင်းရေး စံနှုန်းများ ကြောင့် လှေတိမ်းမှောက်သည့်ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ဇန်နဝါရီလအတွင်းကလည်း အိမ်နီးချင်း မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းလုပ်သား ၂၀ ဦး တင်ဆောင်လာ သော လှေတစ်စင်း ဆုမားတြားကျွန်းအလွန်၌ တိမ်းမှောက်ခဲ့ရာ လူ ၁၀ ဦး ပျောက်ဆုံးခဲ့သည်။
--ကိုးကား--
အေအက်ဖ်ပီ
Ref; 10 missing after fishing boat capsizes off Indonesia

No comments:
Post a Comment