EPN
ဖားကန့်၊ ဇွန် ၉
ဖားကန့်မြို့၊ မှော်ဝမ်းအုပ်စု၊ မှော်ဝမ်းလေးကျေးရွာအနီးတွင် ယနေ့ ဇွန်
၉ရက်၊ နေ့လယ်ပိုင်းက ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ဟောင်း၏ ရေကန်၌
ရေဆင်းချိုးသည့် ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ
တာဝန်ရှိသူများထံမှ သိရသည်။
ရေနှစ်သေဆုံးသူနှစ်ဦးမှာ (ဘ) ဦးမဲချေ၏ သား အသက် (၇)နှစ်အရွယ် မောင်အောင်ကိုဇော်ဦးနှင့် နောက်တစ်ဦးမှာ (ဘ) ဦးဇော်လင်း ၏ သား ၁၃နှစ်အရွယ်ရှိ မောင်နိုင်စိုး ဆိုသူတို့ ဖြစ်ပြီး မှော်ဝမ်းလေးကျေးရွာတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရေနှစ်သေဆုံးသူ နှစ်ဦး၏ ရုပ်အလောင်းများအား ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ယခုရက်သတ္တပတ်အတွင်း ဖားကန့်ဒေသတွင် လုပ်ကွက်ကျင်းဟောင်း ရေကန်အတွင်း ရေဆင်းချိုးရာမှ ကျောင်းသား ကလေးငယ် (၃)ဦးအထိ သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
သတင်း - နောင်ရိုး
ဓါတ်ပုံ - ဆရာဦးဇော်

No comments:
Post a Comment