Search

Wednesday, June 10, 2020

ဗိုလ်ချုပ်ကြီး ချားလ်ဘရောင်း ပထမဆုံးသော လူမည်းအမေရိကန်လေတပ်ချုပ် ဖြစ်လာ

ဗိုလ်ချုပ်ကြီး ချားလ်ဘရောင်း ပထမဆုံးသော လူမည်းအမေရိကန်လေတပ်ချုပ် ဖြစ်လာ



EPN
နိုင်ငံတကာ၊ ဇွန် ၁၀

ဗိုလ်ချုပ်ကြီး ချာလ်းဘရောင်းအား အမေရိကန်လေတပ်၏ အကြီးအကဲအဖြစ်ခန့်အပ်ရန် အထက်လွှတ်တော်က အတည်ပြုခဲ့သည်။

၎င်းသည် အဆိုပါ ရာထူးတွင် ပထမဆုံး တာဝန်ယူရသည့် လူမည်းလေတပ်ချုပ် ဖြစ်လာမည်ဖြစ်သည်။ ဘရောင်းအား အဆိုပါ စစ်တပ်၏ အကြီးအကဲဖြစ်လာစေရန်အတွက် အထက်လွှတ်တော်က ယနေ့တွင် တညီတညွတ်တည်းမဲပေးခဲ့ခြင်းဖြစ်သည်။


၎င်းအား မတ်လအတွင်းကတည်းက သမ္မတ ဒေါ်နယ်ထရန့်က အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဘရောင်းသည် လက်ရှိတွင် ပစိဖိတ်လေတပ်ဖွဲ့၏ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ခြင်းကြောင့် ဘရောင်းမှာ ပူးတွဲစစ်ဉီးစီးချုပ်ရာထူး တာဝန်ယူသည့် ဒုတိယမြောက် အာဖရိကန်-အမေရိကန်ဖြစ်လာခဲ့သည်။ ကောလ်လင်းပါဝဲလ်သည် ပထမဆုံး ဖြစ်ပြီး ၁၉၈၃နှစ် ၁၉၉၃အထိ ဉက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မင်နီပူးလစ်ပြည်နယ်တွင် ရဲများက ထိန်းသိမ်းထားသည့် လူမည်းအမျိုးသားဖြစ်သူ ဂျော့ဖလွိုက်သေဆုံးမှုဖြစ်ပွား ပြီးနောက် ဘရောင်းသည် ပြီးခဲ့သည့် သောကြာနေ့က ဗွီဒီယိုသတင်းတစ်ခုကို ထုတ်ပြန်ခဲ့သည်။

ဘရောင်းက ၎င်း တိုက်လေယာဉ်မှူးဖြစ်စဉ်က လူမျိုးရေးခွဲခြားဆက်ဆံခံခဲ့ရမှုကို ဖော်ပြခဲ့သည်။

ဘရောင်းက မိမိသည် အခြားလေယာဉ်မှူးများနှင့်အတူ တူညီဝတ်စုံဝတ်ဆင်ထားသော်လည်း မိမိအား လေယာဉ်မှူး မှန်ကန်လားဟု အခြားစစ်တပ်အဖွဲ့ဝင်များက မေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လူမျိုးရေးခွဲခြားဆက်ဆံမှုများ၊ မတူကွဲပြားမှုနှင့်အခြားကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများတွင် ပါ၀င်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဘရောင်းက ထုတ်ဖော်ပြောကြားခဲ့သည်။

မျိုးချစ်ပုဂ္ဂိုလ်ဖြစ်ပြီး ထူးချွန်သော ပုဂ္ဂိုလ်ဖြစ်သည့် ဘရောင်းနှင့် ပိုမိုနီးကပ်စွာ အလုပ်လုပ်ကိုင်ရတော့ မည်ဖြစ်သည့်အတွက် စိတ်လှုပ်ရှားမိကြောင်း အမေရိကန်ပြည်ထောင်စုအတွက် သမိုင်းဝင်သည့် နေ့ဖြစ်ကောင်း ထရန့်က အင်္ဂါနေ့အတွင်းက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

Ref; US Air Force to have first black service chief

No comments:

Popular Posts