EPN
အင်းတော်ကြီး၊ ဇွန် ၁၀
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ရွှေမဉ္ဇူ ရေလယ်ဘုရားနှင့်
နတ်လမ်းကြည့်ရှုရန် လာရောက်သည့် နမ္မတီးမှ ဘုရားဖူးအဖွဲ့ မော်တော်ယာဉ်
တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုရားဖူးအဖွဲ့စီးနင်းလာသည့် မော်တော်သည် ယနေ့ ဇွန် ၁၀ ရက်၊ နံနက် (၁ဝ) နာရီခွဲ အချိန်ခန့်တွင် ဟဲပန်လမ်းခွဲ မိုင်တိုင်အမှတ် ၂၆/၂၇ ကြားတွင် ဆီတင်ကားတစ်စီးကို ရှောင်ရာမှ လမ်းနဘေးသို့ ထိုးချ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ယာဉ်ပေါ်တွင် ဘုရားဖူးခရီးသည် ၁၀ ဦးခန့် လိုက်ပါပြီး ယာဉ်မတော်တဆ တိမ်းမှောက်ခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး၊ ကျန်ခရီးသည်များမှာ ခါး၊ ခြေ၊ လက် ကျိုးသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအား အင်းတော်ကြီးမြို့ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ ဆေးရုံသို့ ပို့ဆောင်ပေးရန် လိုက်ပါကူညီပေးနေကြောင်း ကနဦး သိရသည်။
နေကြာ

No comments:
Post a Comment