Search

Wednesday, June 10, 2020

ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းထုတ်ပြန်မှု ပြန်လည်စတင်

ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းထုတ်ပြန်မှု ပြန်လည်စတင်



EPN
နိုင်ငံတကာ၊ ဇွန် ၁၀

ဘရာဇီးနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနှင့် သေဆုံးသူ စုစုပေါင်း၏ အွန်လိုင်းစာရင်းဖော်ပြမှုကို ယနေ့ ပြန်လည်စတင်ခဲ့သည်။

ကျန်မာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် စ‌နေနေ့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ နေ့စဉ် ထုတ်ပြန်နေ ကျ သတင်းများ ခဏတာ ရပ်ဆိုင်းခဲ့ပြီ ပြန်လည်ကောင်းမွန်လာသည့် လူနာစာရင်းနှင့် အစားထိုးခဲ့သည်။


ဘရာဇီးအစိုးရက အခြေအနေဆိုးရွားမှုကို လျော့ချရန် ကြိုးစားနေခဲ့ကြောင်း သံသယရှိကြောင်း ပြောကြားခဲ့သည့် လူအများထံမှ ပြင်းထန်သော ဝေဖန်မှုများကြောင့် ထိုသို့ သတင်းထုတ်ပြန်မှု ပြန်လည်စတင်ခြင်းဖြစ်သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးများက ပိုမိုကြီးမားသော ဘတ်ဂျက်များရရှိရန်အတွက် ကူးစက်မှု ကိန်းဂဏန်းများကို ချဲ့ကားပြောဆိုခဲ့ခြင်းကြောင့် ဝန်ကြီးဌာနအတွင်း အပြောင်းအလဲများ ပြုလုပ်ခဲ့ရကြောင်း သမ္မတ ဂျာဘိုလ်ဆိုနာ ရိုက ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ အတိုက်အခံနိုင်ငံရေးပါတီအမတ်များက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို တားဆီးရန်အတွက် တိကျ သည့်အချက်အလက်များလိုအပ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနအား အချက်အလက်များ ပြန်လည်ထုတ်ပြန်ပေးရန် ဘရာဇီး တရားရုံးချုပ်က တနင်္လာနေ့အတွင်းက အမိန့်ထုတ်ပြန်ခဲ့သည်။

အထူးသဖြင့် ဘရာဇီးနိုင်ငံတွင် အထူးသဖြင့် ဆင်းရဲသားရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမှုများသည် များပြားလာလျက်ရှိသည်။

ယနေ့အထိ အတည်ပြုကူးစက်မှုပေါင်း ၇၃၀၀၀၀ကျော်ရှိပြီး အဆိုပါအရေအတွက်မှာ အမေရိကန်နိုင်ငံပြီးလျင် ဒုတိယအများဆုံး ဖြစ်သည်။

--ကိုးကား--
အင်န်အိတ်ချ်ကေ
Ref; Brazil resumes publishing COVID-19 data

No comments:

Popular Posts