EPN
နိုင်ငံတကာ၊ ဇွန် ၁၀
မကြာသေးခင်က အမေရိကန်ပြည်ထောင်စုမြို့တော်မှာ ဆန္ဒပြမှုတွေကြောင့်
သူတို့ကိုဖြန့်ကျက်နေရာချထားချိန် COVID-19 ကူးစက်မှုတွေရှိခဲ့ကြောင့်
အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့တွေက အင်္ဂါနေ့မှာပြောပါတယ်။
စစ်ဆင်ရေးလုံခြုံမှုကြောင့် ဘယ်နှယောက်ကူးစက်သလဲဆိုတာ ထုတ်မပြောနိုင်ဘူးလို့ ဝါရှင်တန်ဒီစီအမျိုးသား အစောင့်တပ်ဖွဲ့ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးဘရွတ်ကီ ဒါဗီးစ်ကပြောပါတယ်။
မင်နီယာပိုလစ်ရဲတပ်ဖွဲ့က ရဲအရာရှိဒဲရက် ချော်ဗင်ရဲ့အင်အားအလွန်အကျွံသုံးထိန်းသိမ်းမှုကြောင့် လူမည်းအ မျိုးသားဂျော့ ဖလွိုက်သေဆုံးခဲ့တဲ့အတွက် အိမ်ဖြူတော်အရှေ့နဲ့တခြားနေရာတွေမှာ ဆန္ဒပြမှုတွေကို ထိန်းသိမ်း အပြီး တပ်ဖွဲ့ဝင် ၁၇၀၀ လောက်ကိုအနားပေးထားချိန်မှာ အခုလိုကူးစက်မှုတွေရှိနေတာပါ။
ဆန္ဒထုတ်ဖော်ရာကနေ အကြမ်းဖက်ဆန္ဒပြမှုတွေနဲ့ဖျက်ဆီးလုယက်မှုတွေအသွင်ပြောင်းသွားပြီးနောက် ဇွန် ၁ ရက်မှာ တပ်ဖွဲ့ဝင်တွေကို မြို့တော်ဝန်နဲ့ ဖက်ဒရယ်အစိုးရက တာဝန်ထမ်းဆောင်ခိုင်းခဲ့တာပါ။
တာဝန်မထမ်းဆောင်ခင်နဲ့ ထမ်းဆောင်အပြီးမှာ သူတို့ကို COVID-19 စစ်ဆေးခဲ့တယ်လို့ ဒါဗီးစ်ကပြောပါတယ်။
ဆန္ဒပြသူတွေက နှာခေါင်းစည်းတွေတပ်ထားပေမဲ့ တပ်ဖွဲ့ဝင်တွေကတော့ တပ်မထားခဲ့ဘူးလို့လည်း ပြောပါ တယ်။
အမေရိကန်မှာ COVID-19 ကြောင့်သေဆုံးသူ ၁၁၂၀၀၀ ကျော်ရှိနေပြီး ကူးစက်ခံရသူ ၂ သန်းဝန်းကျင် ရှိနေပါတယ်။
Ref: Washington troops hit with COVID-19 after George Floyd protests

No comments:
Post a Comment