Search

Wednesday, June 10, 2020

အိန္ဒိယတွင် တစ်ရက်အတွင်း လူ ၁၀၀၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ၂၇၄ ဦး သေဆုံး

အိန္ဒိယတွင် တစ်ရက်အတွင်း လူ ၁၀၀၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ၂၇၄ ဦး သေဆုံး



EPN
နိုင်ငံတကာ၊ ဇွန် ၁၀

အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၁၀၀၀၀ နီးပါး မြင့်တက်လာခဲ့ပြီး ကူး စက်မှု စုစုပေါင်း ၂၇၆၅၈၃ မှုအထိ ရောက်ရှိလာကာ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ကူးစက်မှုနှုန်းအမြင့်ဆုံး တိုင်းပြည်ဖြစ်လာခဲ့သည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် ၉၉၈၅ မှုနှင့် သေဆုံးသူ ၂၇၄ ဦးရှိခဲ့ရာ သေဆုံးသူဦးရေ စုစုပေါင်းမှာ ၇၇၄၅ ဦးအထိ ရောက်ရှိလာခဲ့ပြီဟု ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။


မဟာရတ်ရှ်ထရာ၊ တမီလ်နာဒူနှင့် နယူးဒေလီမြို့တော်တို့မှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးဘေးသင့်ဒေ သများဖြစ်သည်။

နှစ်လကျော်ကြာ ကန့်သတ်ပိတ်ဆို့မှု ပြုလုပ်ပြီးနောက် အိန္ဒိယနိုင်ငံတစ်ဝန်း ဒေသအများစုရှိ စားသောက် ဆိုင်များ၊ စျေးဝယ်စင်တာများနှင့် ဝတ်ပြုဆုတောင်းရာနေရာများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် မြေအောက်ရထားများ၊ ဟိုတယ်များနှင့် စာသင်ကျောင်းများကို ပိတ်ထားဆဲဖြစ်သည်။ အိန္ဒိယနိုင်ငံက နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှု ၁၄၀၀၀၀ ကျော် လုပ်ဆောင်ခဲ့ရာ ပြည်သူ ၅ သန်းခန့်ကို ဗိုင်း ရပ်စ်စမ်းသပ်မှု ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

အစိုးရက ကန့်သတ်ချက်များ စတင်ဖြေလျော့ချိန်နောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။

ကန့်သတ်ပိတ်ဆို့မှာကာလအတွင်း အလုပ်အကိုင်များ ဆုံးရှုံးမှုခဲ့သည့် ထောင်ပေါင်းများစွာသော ရွှေ့ ပြောင်းလုပ်သားများ နေရပ်ပြန်မှုကြောင့် အိန္ဒိယနိုင်ငံရှိ ကျေးလက်ဒေသများတွင်လည်း ဗိုင်းရပ်စ်ကူးစက်မှု မြင့် တက်လျက်ရှိသည်။

--ကိုးကား--
တီအာတီဝါး
Ref; India reports nearly 10,000 new virus cases

No comments:

Popular Posts