အင်းတော်ကြီးဒေသတွင် ယာဉ်တစ်စီးတိမ်မှောက် တစ်ဦးသေဆုံး၊ ကိုးဦး ဒဏ်ရာရ
EPN
အင်းတော်ကြီး၊ ဇွန် ၁၀
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့
အုပ်ချုပ်ရေးမှူးရုံးအနီး ယနေ့ ဇွန် ၁၀ ရက်နေ့က ယာဉ်မတော်တဆ
တိမ်းမှောက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါသူများတွင် တစ်ဦးသေ၊
ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း လုံးတုံနယ်မြေရဲစခန်းမှ သိရသည်။
အဆိုပါ
ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ အင်းတော်ကြီးမြို့ အုပ်ချုပ်ရေးမှူးနှင့်
အဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ
ရရှိသူများအား နန်းမွန်းပြည်သူ့ ဆေးရုံသို့ ပိုဆောင်ပေးခဲ့သော်လည်း
ဒေါ်မြမြဝင်းဆိုသူမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
လက်ရှိတွင်
အဆိုပါယာဉ်မောင်း စိုင်းစိုး၊ (၂၆)နှစ်၊ (ဘ) ဦးကျော်ဝင်း မြို့ဦးရပ်ကွက်၊
နမ္မတီးမြို့၊ မိုးကောင်းမြို့နယ် နေထိုင်သူ အား ယာဉ်(ပ) အမှတ် ၇/၂၀၂၀
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့်
အရေးယူဆောင်ရွက်ထားကြောင်း နယ်မြေရဲစခန်းမှ သိရသည်။
နေကြာ
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
မှော်စီစာကျေးရွာအနီးရှိ လုပ်ကွက်ကျင်းဟောင်းရေကန်တွင် ကလေးတစ်ဦး ရေနှစ်မြှုပ်ပျောက်ဆုံး EPN ဖားကန့်၊ဇွန် ၅ ဖားကန့်မြို့နယ်၊ လုံးခင်...
-
မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ EPN မိုးကောင်း၊ မေ ၁၇ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင်...
-
မြစ်ကြီးနားအကျဉ်းထောင်မှ ဦးဇော်ဂျတ်နှင့် ဦးလွမ်းဇောင်း အပါအဝင် အကျဉ်းသား ၁၃၀၀ကျော် လွှတ်မြောက် EPN မြစ်ကြီးနား၊ ဧပြီ ၂၆ ယ...
-
၁၄ ရက်အတွင်း ပြန်လာသည့် ပြည်တော်ပြန် ၂၀၀၀ ကျော်ရှိ EPN မြစ်ကြီးနား၊ မေ ၁၅ တရုတ်နိုင်ငံ၊ ဒေသအသီးသီးသို့ အလုပ်သွား ရောက်လုပ်ကိုင်သူများမ...
-
ဧရာဝတီမြစ် ပထမမြစ်ကျဉ်းက အထင်ကရ နမ်တီးလှိုင်ဂူ (နတ်ကြီးဂူ) EPN၊ ဗန်းမော်၊ မေလ ၁၆ နမ်တီးလှိုင်ဂူ (နတ်ကြီးဂူ) သည် ကချင်...
No comments:
Post a Comment