Search

Tuesday, June 9, 2020

ကိုဗစ်-၁၉ ကန့်သတ်ချက်များ ချိုးဖောက်သည် ဟု ဆိုကာ အာမေးနီးယားဝန်ကြီးချုပ်က တပ်၊ ရဲနှင့် လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲများကို ရာထူးမှ ထုတ်ပယ်

ကိုဗစ်-၁၉ ကန့်သတ်ချက်များ ချိုးဖောက်သည် ဟု ဆိုကာ အာမေးနီးယားဝန်ကြီးချုပ်က တပ်၊ ရဲနှင့် လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲများကို ရာထူးမှ ထုတ်ပယ်


EPN
နိုင်ငံတကာ၊ ဇွန် ၉

ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များနှင့်ပတ်သက်၍ မကောင်းသော စံနမူနာတစ်ခု ပြုလုပ်သည် ဟု ဆိုကာ အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါရှင်ယန်းက တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အမျိုးသားလုံခြုံရေးဌာန အကြီးအကဲများကို ရာထူးမှထုတ်ပယ်ခဲ့သည်။

စစ်ဦးစီးချုပ် အာတတ်ခ်ဒတ်ဗ်ရန်းက လူစုလူဝေးမှု ပိတ်ပင်ထားချိန်တွင် သားဖြစ်သူ၏ မင်္ဂလာဆောင် အခမ်းအနား ကျင်းပခဲ့ကြောင်း သတင်းစာတစ်စောင်က ဖော်ပြပြီးနောက် ယခုကဲ့သို့ ဝန်ကြီးချုပ် နီကိုးလ်က ကြေ ညာခဲ့ခြင်းဖြစ်သည်။


“အဆင့်မြင့်တာဝန်ရှိသူတွေက ကပ်ရောဂါတိုက်ဖျက်ရေး စည်းမျဉ်းတွေလိုက်နာဖို့ ပြသရမှာဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခါတစ်ရံ ဆန့်ကျင်ဘက်တွေ ဖြစ်တတ်ပါတယ်” ဟု ရာထူးမှထုတ်ပယ်ကြောင်း ဖေ့စ်ဘုတ်မှတစ် ဆင့် ကြေညာပြီးနောက် အစည်းအဝေးတစ်ခု၌ နီကိုးလ်က ပြောကြားသည်။

ရဲတပ်ဖွဲ့ အကြီးအကဲ အာမန်ဆာရန်နှင့် အမျိုးသားလုံခြုံရေးဌာန အကြီးအကဲ အက်ဒွပ်မာတီရို့စ်ရန်တို့ ကိုလည်း ရာထူးမှဖယ်ရှားခဲ့သည်။

သားဖြစ်သူ၏ မင်္ဂလာပွဲအတွက် အခမ်းအနားကို ကျင်းပခဲ့သော်လည်း မည်သည့်စည်းမျဉ်းမျှ မချိုးဖောက်ခဲ့ကြောင်း အာတတ်ခ်ဒတ်ဗ်ရန်းက ပြောသည်။

“ကျွန်တော် ဘာစည်းမျဉ်းမှ မချိုးဖောက်ခဲ့ပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်အခွင့်အရေးရှိတယ်ဆိုတာ ပြောချင်ပါတယ်” ဟု ၄င်းက အာမန်းပရက်စ်သတင်းဌာနသို့ ပြောကြားခဲ့သည်။

တောင်ကော့ကေးဆပ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံးခံရသည့် အာမေးနီးယားနိုင်ငံတွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၁၃၃၂၅ မှုနှင့် သေဆုံးသူ ၂၁၁ ဦးရှိကြောင်း သိရသည်။

ဧပြီလကုန်တွင် ကူးစက်မှုများ မြင့်တက်လာပြီးနောက် အာမေးနီးယားနိုင်ငံက အရေးပေါ်အခြေအနေကို မေလ ၁၄ ရက်တွင် နောက်ထပ်တစ်လ သက်တမ်းတိုးခဲ့သည်။

အာမေးနီးယားနိုင်ငံတွင် လူစုလူဝေးမှုများ ပိတ်ပင် ထားပြီး အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရသည်။

မိသားစုဝင်အားလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသော်လည်း ယခုအခါ ပြန်လည်သက်သာလာခဲ့ပြီဟု နီကိုးလ်က ဇွန်လ ၈ ရက်တွင် ပြောကြားခဲ့သည်။

--ကိုးကား--
အိန္ဒိယတူဒေး
Ref; Armenian PM sacks army, police and security chiefs for setting ‘bad example’ over Covid-19 curbs

No comments:

Popular Posts