EPN
နေပြည်တော်၊ ဇွန် ၂၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhuge
Tovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်
ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက်
အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော
မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၅ ရက် နံနက်ပိုင်းတွင်
မော်စကိုမြို့ Sheremetyevo လေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel
General Alexander V.Fomin ၊ FSMTC မှ ဒုတိယညွှန်ကြားရေးမှူး Vladimir
Drozhzhov ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး၊
ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူးကြီး
ဦးဇော်လင်းနိုင်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ည ၁၁ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr.Nikolay A.Listopadov ၊ စစ်သံမှူး Colonel Eduard Okladiknov နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများ ပြန်လည်လိုက်ပါလာခဲ့ပြီး COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲရှိသည့် ပညာတော်သင် သင်တန်းသား၊ သင်တန်းသူ ၂၂ ဦးတို့ကိုလည်း တစ်ပါတည်း ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
ခရီးစဉ်အတွင်း Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခြင်း၊ ရုရှားနိုင်ငံစစ်ဘက်အကြီးအကဲများနှင့် တွေ့ဆုံးဆွေးနွေး၍ နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။
မိုးထက်ဝေယံ

No comments:
Post a Comment