Search

Tuesday, June 30, 2020

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင် ရေကြီးမှုများကြောင့် ၂၄ ဦး သေ၊ ၁ ဒသမ ၃ သန်းကျော် ရေဘေးသင့်

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင် ရေကြီးမှုများကြောင့် ၂၄ ဦး သေ၊ ၁ ဒသမ ၃ သန်းကျော် ရေဘေးသင့်



EPN
နိုင်ငံတကာ၊ ဇွန် ၃၀

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ရှိ ဒေသအများစုတွင် ယမန်နေ့က မိုးဆက်လက်ရွာသွန်းမှုကြောင့် လူလေး ဦး သေဆုံးခဲ့ပြီး ရေကြီးရေလျှံမှုဖြစ်ပွားသည့် ခရိုင်အရေအတွက်မှာ ၂၅ ခုမှ ၃၃ ခုအထိ ရှိလာခဲ့ပြီဟု တာဝန်ရှိသူ များက ပြောကြားသည်။

အာသံပြည်နယ်တွင် ယခုရာသီအတွင်း ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူဦးရေမှာ ၂၄ ဦးအထိ မြင့် တက်လာခဲ့ပြီဟု သိရသည်။


ဘာရတ်ခ်ချိုင့်ဝှမ်းမှလွဲ၍ အာသံပြည်နယ်အတွင်း ကျေးရွာ ၂၄၀၂ ရွာမှာ ရေဘေးသင့်ခဲ့ကြောင်း အာသံ ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (ASDMA) ၏ ပြောကြားချက်အရ သိရသည်။

ရေဘေးသင့်ခရိုင်များမှ ပြည်သူ ၁ ဒသမ ၃ သန်းကျော်မှာ ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရပြီး ဘာပီတာ၊ တောင် ပိုင်း ဆော်လ်မာရာနှင့် နယ်လ်ဘာရီခရိုင်တို့မှာ အဆိုးရွားဆုံး ရေဘေးသင့်ဒေသများဖြစ်သည်။ ပြည်သူ ၂၇၅၀၀ နီး ပါးမှာ အိုးအိမ်ဆုံးရှုံးခဲ့ရပြီး ခရိုင် ၁၂ ခုရှိ ကယ်ဆယ်ရေးစခန်း ၂၇၃ ခု၌ ခိုလှုံလျက်ရှိသည်။

ရေကြီးမှုများကြောင့် သောင်တင်နေသော ပြည်သူ ၁၀၂၀၀ ကျော်ကို ဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ ဝင်များက လှေများဖြင့် ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့သည်။ အာသံပြည်နယ်တွင် ရေကြီးမှုများကြောင့် သီးနှံစိုက် ဧရိယာ ၈၃၁၆၈ ဟက်တာ ရေနစ်မြှုပ်သွားခဲ့သည်။

ရေကြီးမှုများကြောင့် အာသံပြည်နယ်အတွင်းရှိ အမျိုးသားဥယျာဉ်များလည်း ရေဘေးသင့်ခဲ့ပြီး သစ်တော ဝန်ထမ်းများ အသုံးပြုသောစခန်း ၂၀၃ ခု ရေနစ်မြှုပ်သွားခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုများကြောင့် ရေကာတာ ၁၂ ခု ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လမ်းပိုင်းအချို့နှင့် တံတားများ ပျက် စီးခဲ့ သို့မဟုတ် ရေစီးနှင့်မျောပါသွားခဲ့ကြောင်း သိရသည်။

ဗဟိုရေအရင်းအမြစ်ကော်မရှင် (CWC) ၏အဆိုအရ ဗြမ္မပုတ္တရမြစ်ရေမှာ ခရိုင်အချို့တွင် စိုးရိမ်ရေမှတ်အ ထက် ရောက်ရှိနေပြီး မြစ်ခုနှစ်စင်းမှာ နေရာအများအပြား၌ အနီရောင်အဆင့်ရှိကြောင်း သိရသည်။

--ကိုးကား--
ဟိန္ဒူစတန်တိုင်းမ်
Ref; 24 killed, 1.3 million affected as flood hits 25 of 33 districts in Assam

No comments:

Popular Posts