အရည်အသွေးမမှီသည့် လုပ်ငန်းများရှိပါက တည်ဆောက်မှုစတင်ချိန် တင်ပြရန် လဝက ဝန်ကြီးညွန်ကြား
EPN
တနိုင်း၊ ဇွန် ၈
ကချင်ပြည်နယ်အတွင်း တည်ဆောက်နေသည့် မည်သည့်လုပ်ငန်းမဆို အရည်အသွေးမ ပြည့်မှီသော လုပ်ငန်းများရှိခဲ့ပါက လုပ်ငန်းတည်ဆောက်မှုစတင်သည့်အချိန်မှာ သက်ဆိုင် ရာအဖွဲ့အစည်းများထံ တင်ပြကြရန် ကချင်ပြည် နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။
ဇွန်လ ၇ ရက်နေ့က တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ် ဆေးဆောင်ရွက်စဉ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ ဖများနှင့် ဒေသခံများကို လမ်းညွမ်မှာကြားခဲ့ခြင်း ဖြစ်သည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် စာသင် ဆောင်များ၊ လမ်း၊ တံတား ဆောက်လုပ်ခြင်းများ အပါအဝင် အခြားသော ဒေသဖွံဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက် ကုမ္ပဏီများက တင်ဒါအောင်ခဲ့သည့် ပုံစံအတိုင်း ဆောက်လုပ်ခြင်းမရှိခဲ့သည့် လုပ်ငန်းများတွေ့ရှိခဲ့လျှင် တည် ဆောက်နေဆဲကာလမှာ တင်ပြကြရန်၊ ထိုသို့ မဟုတ်ဘဲ လုပ်ငန်းပြီးစီးပြီးမှ တင်ပြခဲ့ပါက ကုမ္ပဏီအတွက်လည်း နှစ်နာသလို လူထုအတွက်လည်း အချိန်ကြန့်ကြာမှုများရှိမည်ဖြစ်ကြောင်း ဝန်ကြီး ကပြောကြားခဲ့သည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း ဦးဆောင်ပြီး ဌာနဆိုင်ရာများလိုက်ပါ လျက် တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ မြို့တွင်း၊ ကျေး ရွာများရှိ လမ်း၊ တံတား၊ ကျောင်းဆောင်တည် ဆောက်ခြင်းနှင့် ဒေသဖွံ့ ဖြိုးရေးလုပ် ငန်းဆောင်ရွက်ခြင်းကို ဇွန်လ ၇ရက်နေ့က ကွင်းဆင်းလေ့လာ ခဲ့၍ လိုအပ်ချက်များကို လမ်းညွန်မှာကြားခဲ့သည်။
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
အထက်တန်းကျောင်းများတွင် ကျောင်းအပ်နှံသည့်နေ့ လူစုလူဝေး မဖြစ်အောင်စီစဥ်ထား EPN မြစ်ကြီးနား၊ ဇူလိုင် ၆ ကချင်တစ်ပြည်နယ်လုံးတွင် အခြေခ...
-
အမြင့်ပေ ၃၀၀ ခန့်ရှိ စွန့်ပစ်မြေစာပုံမှ ပြုတ်ကျသည့် ရေမဆေးကျောက်ရှာသူ တစ်ဦးသေဆုံး EPN ဖားကန့်၊ ဇွန် ၂၁ ဖားကန့်ကျောက်စိမ်းမှော်ဒေ...
-
စားသောက်ဆိုင်များ၌ စားပွဲဝိုင်းများကိုအနည်းဆုံး (၆)ပေကွာထားရမည်ဟုဆို EPN မိုးကောင်း၊ မတ် ၂၉ "မိုးကောင်းမြို့မှာ COVID-19 စ...
-
မိုးမောက်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် PPE ဝတ်စုံ (၅)စုံနှင့် အပူချိန်တိုင်း ကိရိယာ (၂)ခု လှူဒါန်းလက်ခံရရှိ EPN မိုးမော...
No comments:
Post a Comment