EPN
မိုးကောင်း၊ ဇွန် ၁၉
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
အစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ် (၂) နာရီက အသက်(၈၅)နှစ်နှင့် အထက်
သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း
ထပ်ဆောင်း ထောက်ပံ့ငွေ ပေးအပ်ပွဲကို ပြုလုပ်သည်။
ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား လစဉ် နိုင်ငံတော်မှ အမျိုးသား လူမှုရေးပင်စင် တစ်လလျှင် ၁၀၀၀၀/-ကျပ် နှုန်းဖြင့် (၃)လ အတွက် ငွေကျပ် ၃၀၀၀၀/- ၊ (COVID-19) ရောဂါ အရေးပေါ်ကာလအတွင်း ထပ်ဆောင်း ထောက်ပံ့ငွေကျပ် ၃၀၀၀၀/-၊ စုစုပေါင်း ငွေကျပ် ၆၀၀၀၀/-(ခြောက်သောင်း)ကို အိမ်တိုင်ရာရောက် နှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး အား ထောက်ပံ့ပေးအပ်ခဲ့ပြီး မိုးကောင်းမြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၄၂၅)ဦး တို့ကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်း သိရသည်။
ချိုမောင်

No comments:
Post a Comment