Search

Friday, June 19, 2020

အမေရိကန်နှင့် ပိုလန်တပ်ဖွဲ့ဝင်များ ပထမဆုံးအကြိမ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

အမေရိကန်နှင့် ပိုလန်တပ်ဖွဲ့ဝင်များ ပထမဆုံးအကြိမ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်



EPN
နိုင်ငံတကာ၊ ဇွန် ၁၉

အသစ်တပ်ဖြန့်ထားသည့် အမေရိကန်တပ်ဖွဲ့များနှင့် ပိုလန်တပ်ဖွဲ့ဝင်များကြား ပထမဆုံးအကြိမ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ပိုလန်နိုင်ငံ၌ ပြုလုပ်လျက်ရှိသည်။

နေတိုးအဖွဲ့၏ အရှေ့ပိုင်း ဟန့်တားရေးတပ်ဖွဲ့တစ်ခုအဖြစ် ကော်လိုရာဒိုပြည်နယ်၊ ဖို့ဒ့်ကာဆင်မြို့မှ တပ် ဖွဲ့ဝင် ၃၅၀၀ ပါ အမေရိကန်သံချပ်ကာတပ်မဟာတစ်ခုမှာ ယခုလအတွင်း ပိုလန်နိုင်ငံ၊ အနောက်တောင်ပိုင်း ဇာ ဂန်ဒေသသို့ ဆိုက်ရောက်လာခဲ့သည်။


ဇာဂန် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးဧရိယာ၌ ဇွန်လ ၁၅ ရက်က စတင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများ တွင် မြေပြင်တပ်ဖွဲ့များ၊ တင့်ကားများနှင့် အမေရိကန်နှင့် ပိုလန်တပ်မတော်မှ သံချပ်ကာယာဉ်များ ပါဝင်ခဲ့သည်။

ပိုလန်သမ္မတ အန်ဒရက်ဇ်ဒူဒါနှင့် ပိုလန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပေါဂျုံးစ်တို့က စစ်ရေး လေ့ကျင့်မှုကို ကြည့်ရှုလေ့လာခဲ့ပြီး အမေရိကန်တပ်ဖွဲ့များ တပ်စွဲထားမှုက ဒေသ၏ လုံခြုံရေးနှင့် နှစ်နိုင်ငံဆက် ဆံရေးကို မြှင့်တင်ပေးကြောင်း ပြောကြားခဲ့သည်။

ဘုရားသခင်က ပိုလန်နှင့် အမေရိကန်နိုင်ငံ၊ အမေရိကန်စစ်သည်များကို ကောင်းချီးပေးကြောင်း ပိုလန် သမ္မတ ဒူဒါက ပြောကြားသလို သံအမတ်ကြီး ပေါလ်ဂျုံးစ်ကလည်း သံချပ်ကာတပ်မဟာမှာ အမေရိကန် လက် နက်ကိုင်တပ်ဖွဲ့၏ အကောင်းဆုံးတပ်ဖွဲ့ဖြစ်ကြောင်း ပြောကြားသည်။

ရုရှားနိုင်ငံ၏ ကြီးမားလာသော စစ်ရေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍ စိုးရိမ်နေသည့် ဒေသတွင်း၌ အမေရိကန်တပ်ဖွဲ့များ တပ်စွဲထားမှုက ဒေသတွင်းတိုင်းပြည်များ၏ လုံခြုံရေးကို များစွာ အထောက်အကူပြု သည်။

--ကိုးကား--
ဗွီအိုအေ
Ref; US, Polish Troops Hold First Joint Training in Poland

No comments:

Popular Posts