EPN
ပူတာအို၊ ဇွန် ၁၉
၂၀၂၀ ပြည့်နှစ် ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏(၇၅)နှစ်ပြည့် မွေးနေ့
အထိမ်းအမှတ် အနေဖြင့် Mask နှင့် ဘောပင်များဖြန့်ဝေခြင်းကို ယနေ့ နေ့
လည်(၁၂)နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဖြန့်ဝေ
လှူဒါန်းခဲ့ကြောင်း သိရသည်။
“ ၂၀၂၀ ပြည့်နှစ် ဇွန်လ(၁၉)ရက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ပူတာအို -အထကကျောင်း ဆရာ ဆရာမ သင်တန်းဖွင့်တဲ့ နေရာမှာ ကျွန်တော် အနေနဲ့ Mask အခု(၆၅၀)နဲ့ ဘောပင် အချောင်း (၆၀၀)ဖြန့်ဝေ လှူဒါန်းခွင့်ရတဲ့အတွက်ကြောင့် များစွာဝမ်းသာပါတယ်။ လှူဒါန်းရတဲ့ အကြောင်းအရင်း ကတော့ (၇၅)နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လှူဒါန်းရခြင်း ဖြစ်ပါတယ် “ ဟု ပူတာအိုမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးမိုးရွှေက ပြောသည်။
အဆိုပါ Mask နှင့်ဘောပင်များကို ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေ နှင့် ပူတာအိုခရိုင်/မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက မြို့နယ်အဆင့် Grade-4 သင်ရိုးသစ် Face to Face သင် တန်းတက်ရောက်နေသည့် သင်တန်းသူ သင်တန်းသားများအတွက် Mask အခု(၆၅၀)နှင့်ဘောပင် အချောင်း (၆၀၀)တို့ကို ဖြန့်ဝေ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)

No comments:
Post a Comment