Search

Saturday, June 20, 2020

ဝှေခါ-တာမခန် ကျေးရွာသွားလမ်း မြေသားလျောကျမှုဖြစ်ပွါး၊ အနီးအနားရှိ လူနေအိမ်များ ပြောင်းရွှေ့ 



EPN
ဖားကန့်၊ ဇွန် ၂၀

ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဖားကန့်မြို့နယ် အတွင်းရှိ ဝှေခါ-ခကျန်-လခူးချောင်-တာမခန် ကျေးရွာသွားလမ်းတွင် ယမန်နေ့ ဇွန်လ (၁၉)ရက်၊ နေ့လယ်ပိုင်းအချိန်က မြေလွှာလျောကျမှုဖြစ်ပွါးခဲ့ရာ၊ အနီးအနားရှိ လူနေအိမ်များမှာလည်း အန္တရာယ်ရှိ လာနိုင်သည့်အတွက် ယာယီရွှေ့ပြောင်းပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ ကျေးရွာသွားလမ်းမှာ အရှည် (၁၀၀)ပေခန့်၊ အကျယ်(၇၀)ပေခန့် သည် လုပ်ကွက်ကျင်းဟောင်းအတွင်းသို့ လျောကျရာမှ ခကျန်ကျေးရွာမှ အန္တရာယ်ကြုံတွေ့နိုင်သည့် လူနေအိမ်(၉)လုံးကို ယာယီရွေ့ပြောင်းပေးခဲ့ကြောင်း တာဝန်ရှိသူများထံက သိရသည်။


ဆက်လက်၍ မြေသားလျောကျမှု ထပ်မံဖြစ်ပေါ်နေပါက ဆက်လက်ပြောင်းရွှေ့ရန် လိုအပ်မည့် နေအိမ် စုစုပေါင်း(၂၂)လုံးကိုလည်း ဦးစားပေးအဆင့်အလိုက် ပြောင်းရွှေ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြေသားလျှောကျမှုဖြစ်ခဲ့သည့် ကျေးရွာချင်းဆက်လမ်းအား ယနေ့ဇွန်လ(၂၀)ရက်၊ နံနက်ပိုင်းမှ စတင်၍ လမ်းပြန်လည်ပြု ပြင်နေကြောင်း၊ မကြာမီ ခရီးသွားလာမှုများ ပုံမှန်ပြန်ဖြစ်မည်ဟု ဝှေခါကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါ မြေလွှာလျောကျသည့်နေရာသို့ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိ၊ ရပ်ဖ များမှ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ပြီး၊ အန္တရာယ်ရှိ လူနေအိမ်များ ပြောင်းရွှေ့ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

နောင်ရိုး

No comments:

Popular Posts