Search

Sunday, June 7, 2020

N95 နှာခေါင်းစည်းအတုတင်ပို့တဲ့ တရုတ်ကုမ္ပဏီကို အမေရိကန်က တရားစွဲ

N95 နှာခေါင်းစည်းအတုတင်ပို့တဲ့ တရုတ်ကုမ္ပဏီကို အမေရိကန်က တရားစွဲ


EPN
နိုင်ငံတကာ၊ ဇွန် ၇

အမေရိကန်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ မြန်ဆန်စွာ ဖြစ်ပွားခဲ့သည့် ဧပြီလအတွင်း နှာခေါင်း စည်းအတု ငါးသိန်းနီးပါးနှင့် စံချိန်မမှီသော N95 အသက်ရှူစက်များကို အမေရိကန်ဝယ်ယူသူများထံ ရောင်းချမှု ကြောင့် အမေရိကန် တရားရေးဝန်ကြီးဌာနက တရုတ်ကုမ္ပဏီတစ်ခုကို တရားစွဲဆိုလိုက်ပြီဖြစ်သည်။


ကွမ်တုန်ပြည်နယ်အခြေစိုက် King Year Packaging and Printing ကုမ္ပဏီက ကျန်းမာရေးဝန်ထမ်းများ၊ အခြားသူများအတွက် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်မှ ကာကွယ်ရန် လိုအပ်လျက်ရှိသည့် N95 နှာခေါင်းစည်းအတု များကို အမေရိကန်ဝယ်လက်များထံ အသုတ်သုံးသုတ်ခွဲ၍ ပို့ဆောင်ခဲ့ကြောင်း နယူးယောက်မြို့၊ ဘရွတ်ကလင်းရှိ ဖက်ဒရယ်တရားရုံး၌ အမှုဖွင့်ထားသည့် တိုင်ကြားချက်တစ်ခုအတွင်း တရားရေးဝန်ကြီးဌာနက ပြောသည်။

တင်ပို့ခဲ့သည့် နှာခေါင်းစည်း ၄၉၅၂၀၀ ခုမှာ N95 အဆင့်အတန်းရှိ နှာခေါင်းစည်များဖြစ်သလို အမေရိ ကန် အမျိုးသား ဘေးအန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးအဖွဲ့အစည်းက အသိအမှတ်ပြုထားကြောင်း တရုတ် ကုမ္ပဏီက ပြောကြားသည်။

တရုတ်နိုင်ငံမှ အဆိုပါ စံချိန်မမှီ နှာခေါင်းစည်းများတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ တစ်သန်း ကျော် ကုန်ကျခဲ့ကြောင်း တရားရေးဝန်ကြီးဌာန၏ တိုင်ကြားချက်က ဖော်ပြခဲ့သည်။

“ဒီစွဲချက်တွေအရ တိုင်ကြားချက်မှာ အမေရိကန်ပြည်သူတွေ ဘေးအန္တရာယ်ကင်းဖို့ အလေးမထားတာကို ဖော်ပြထားပါတယ်” ဟု နှာခေါင်းစည်းများ အရောင်းအဝယ်စာချုပ်ကို စုံစမ်းစစ်ဆေးခဲ့သည့် အက်ဖ်ဘီအိုင် စုံ ထောက် ဒေါက်ဂလပ်စ်ကော်စကီးက ပြောသည်။

--ကိုးကား--
အေအက်ဖ်ပီ
Ref; US sues Chinese firm over fake N95 masks

No comments:

Popular Posts