Search

Wednesday, July 1, 2020

ပါကစ္စတန်တပ်မတော်က ပထမဆုံးသော အမျိုးသမီး ဒုတိယဗိုလ်ချုပ်ကြီး ခန့်အပ်

ပါကစ္စတန်တပ်မတော်က ပထမဆုံးသော အမျိုးသမီး ဒုတိယဗိုလ်ချုပ်ကြီး ခန့်အပ်



EPN
နိုင်ငံတကာ၊ ဇူလိုင် ၁

ပါကစ္စတန်တပ်မတော်က အမျိုးသမီးအရာရှိတစ်ဦးကို ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ပထမဆုံးအကြိမ် ခန့် အပ်လိုက်ကြောင်း စစ်ဘက်ဆိုင်ရာမီဒီယာများက ဇွန်လ ၃၀ ရက်တွင် ဖော်ပြခဲ့သည်။

ဗိုလ်ချုပ် နီဂါဂျိုဟာအား ကြယ်သုံးပွင့်အဆင့်ရာထူးတစ်ခုဖြစ်သည့် ပါကစ္စတန်တပ်မတော်၏ ပထမဆုံး သော အမျိုးသမီး ဆေးမှူးချုပ်အဖြစ် ခန့်အပ်လိုက်သည်။


“သူမဟာ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရတဲ့ ပထမဆုံးသော အမျိုးသမီး အရာရှိဖြစ်ပါတယ်။ သူ့ကို ပါကစ္စတန်တပ်မတော်ရဲ့ ပထမဆုံးသော အမျိုးသမီး ဆေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်” ဟု ပြည်သူ့ ဆက်ဆံရေးဌာန (ISPR) ၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ဘာဘာလစ်ခါက တွစ်တာ၌ ရေးသားခဲ့သည်။

ဂျိုဟာသည် ၁၉၈၅ ခုနှစ်တွင် ရာဝယ်လ်ပင်ဒီရှိ တပ်မတော်ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ပါကစ္စတန် တပ်မတော် ဆေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ဂျိုဟာက ပါကစ္စတန်တပ်မတော်၌ ဗိုလ်ချုပ်ရာထူးရယူနိုင်သော တတိယမြောက် အမျိုး သမီးအရာရှိ ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ်ရာထူးရရှိခဲ့သည့် အခြား အမျိုးသမီးနှစ်ဦးမှာ ရှာဟီဒါဘတ်ရှာနှင့် ရှာဟီဒါမာလစ်ခ်တို့ဖြစ်သည်။ ဂျိုဟာ၏ဖခင်နှင့် ခင်ပွန်းတို့ကလည်း ပါကစ္စတန်တပ်မတော်၌ တာဝန်ထမ်းဆောင်ခဲ့သည်။

--ကိုးကား--
ဟိန္ဒူစတန်တိုင်းမ်
Ref; Pakistan Army appoints first female lieutenant general

No comments:

Popular Posts