EPN
နိုင်ငံတကာ၊ ဇူလိုင် ၅
ဒေလီ ဒုတိယအုပ်ချုပ်ရေးမှူး အနေးလ်ဘိုင်ဂျယ်လ်က ကမ္ဘာပေါ်တွင်
အကြီးမားဆုံးဖြစ်သော ခုတင် ၁၀၀၀၀ ဆန့် ဆာဒါပါတယ်လ် ကိုရိုနာဗိုင်းရပ်စ်
ပြုစုစောင့်ရှောက်ရေးစင်တာကို ယနေ့ ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။
အဆိုပါ ပြုစုစောင့်ရှောက်ရေးစင်တာကို ကိုရိုနာဗိုင်းရပ်စ် ရောဂါမပြင်းထန်သူများ၊ လက္ခဏာမပြသူများ ကုသပေးရန် ချဟာတာပူအရပ်၌ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ယင်းစင်တာကို ဗိုင်းရပ်စ်လက္ခဏာမပြသူများအပြင် နေအိမ်၌ သီးသန့်ခွဲနေရန် မတတ်နိုင်သူများအတွက် ကုသရေးဌာနတစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
ယခုစင်တာမှာ အလျား ပေ ၁၇၀၀၊ အနံ ပေ ၇၀၀ ရှိပြီး အကြမ်းဖျင်း ဘောလုံးကွင်း ၂၀ စာခန့်ရှိကာ ခုတင် ၁၀၀၀၀ ပါရှိခြင်းကြောင့် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ကုသရေးစင်တာဟု အာဏာပိုင်များက ပြောသည်။
ဒေလီအစိုးရက ဆေးရုံ၏ စီမံခန့်ခွဲမှုအပိုင်း တာဝန်ယူပြီး အိန္ဒိယ-တိဘက်နယ်ခြားစောင့်ရဲတပ်ဖွဲ့ (ITBP) က ကုသရေးစင်တာ လည်ပတ်ရေးအတွက် တာဝန်ရှိသောအဖွဲ့အစည်း ဖြစ်လာမည်ဖြစ်သည်။
ဘာသာရေးဂိုဏ်းတစ်ခုဖြစ်သော Radha Saomi Beas မှ စေတနာ့ဝန်ထမ်းများက အဆိုပါ ကိုရိုနာ ဗိုင်းရပ်စ် ပြုစုစောင့်ရှောက်ရေးစင်တာ လည်ပတ်ရာတွင် အကူအညီပေးမည်ဖြစ်သည်။
--ကိုးကား--
အိန္ဒိယတူဒေး
Ref; Delhi LG inaugurates world's 'largest' coronavirus care centre

No comments:
Post a Comment