Search

Sunday, July 5, 2020

မိုးကောင်းမြို့ ဘာသာပေါင်းစုံ သုသာန် မီးသင်္ဂြိုလ်စက်အသစ်၌ ပထမဆုံး Dead Body မီးရှို့

မိုးကောင်းမြို့ ဘာသာပေါင်းစုံ သုသာန် မီးသင်္ဂြိုလ်စက်အသစ်၌ ပထမဆုံး Dead Body မီးရှို့



EPN
မိုးကောင်း၊ ဇူလိုင် ၅

မိုးကောင်းမြို့ ဘာသာပေါင်းစုံ သုဿာန်တွင် အသစ်တည်ဆောက်ထားရှိသည့် မီးသင်္ဂြိုလ်စက်တွင် ပထမဆုံး Dead Body ကို ယနေ့ ဇူလိုင် ၅ ရက် (၁၂)နာရီ အချိန်က ပထမဆုံး Dead Body ကို မီးရှိုခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့ ကျွန်းတောရပ်(၂)မိုင် ဘာသာပေါင်းစုံသုသာန်တွင် လိုအပ်နေသော မီးသင်္ဂြိုလ်စက်ကို အလှူရှင်တစ်ဦး၏ လှူဒါန်းငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ပထမဆုံးအကြိမ်အဖြစ် Dead Body ကို မီးရှို့ခဲ့ခြင်း ဖြစ်သည်။


အဆိုပါ မီးသင်္ဂြိုလ်စက်သည် ဒီဇယ်ဆီအသုံးပြုရသည့် လျှပ်စစ်ဒီဇယ်ဖျန်းစနစ် မီးသင်္ဂြိုလ်စက်ဖြစ်ကြောင်း အဆိုပါ မီးသင်္ဂြိုလ်စက်ကို တည်ဆောက်ခဲ့သည့် ပညာရှင် ဦးမောင်မောင် ထံမှ သိရသည်။

"Dead Body မီးရှို့ချိန် တစ်နာရီနဲ့ မိနစ် (၂၀)ကြာမြှင့်မှာဖြစ်ပြီး တစ်ဦးမီးရှို့ဖို့ ဒီဇယ် (၅)ဂါလံခန့် အသုံးပြုရပါတယ်"ဟု ၄င်းက ဆိုသည်။

မိုးကောင်းမြို့ ဘာသာပေါင်းစုံသုသာန်တွင် လွန်ခဲ့သော(၂၅)နှစ်ကျော်ခန့်က မီးသင်္ဂြိုလ်စက်တစ်လုံး တည်ဆောက်ထားရှိသော်လည်း မအောင်မြင်သဖြင့် အသုံးမပြုဘဲ ရပ်နားထားသည်မှာ ကြာမြင့်နေပြီ ဖြစ်သဖြင့် အဆိုပါ သုဿာန်တွင် လိုအပ်နေသော မီးသင်္ဂြိုလ်စက်ကို အလှူရှင်တစ်ဦးမှ မတည်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးသင်္ဂြိုလ်စက်ကို ကျွန်းတောရပ်နေ ဦးညွန့်သိန်း+ဒေါ်ချောတင် မိသားစု၏ မတည်လှူဒါန်းငွေ ကျပ်သိန်း (၃၀၀)ဖြင့် ၂၀၂၀-ခုနှစ် ဖေဖေါ်ဝါရီ(၂)ရက်နေ့မှ စတင်၍ မန္တလေးမြို့မှ မီးသင်္ဂြိုလ်စက် ပညာရှင် ဦးမောင်မောင်နှင့် လောကတ္ထစရိယ နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်လွင်စိုးတို့မှ ဒီဇိုင်းထုတ်၍ လျှပ်စစ်ဒီဇယ်ဖျန်းစနစ် နှစ်ဖိုတွဲကို တည်ဆောက်ခဲ့ရာ ဇူလိုင်(၄)ရက်နေ့၌ အပြီးသတ် ဆောင်ရွက်နိုင် ခဲ့ကြောင်း သိရသည်။

ချိုမောင်

No comments:

Popular Posts