Search
Saturday, March 30, 2019
EPN
ဆောင်းပါး၊ မတ်  ၃၀
၂၆ ၊ ၃ ၊ ၂၀၁၉
-----------------------------------------------------------
" အ ပျက် အ ပျက် နဲ့ နှာ ခေါင်း သွေး ထွက် "
EPN
ဆောင်းပါး၊ မတ်  ၃၀
ဖျော် ဖြေ ရေး လုပ် ငန်း တွေ က စီး ပွား ရေး ဆန် လာ ပြီး တစ် က မ္ဘာ လုံး ဈေး ကွက် မ နှစ် က တင် ၁၇ ထ ရီ လီ ယံ လောက် အ ထိ ကြီး လာ တဲ့ အ ချိန် မှာ မြန် မာ နိုင် ငံ က ရုပ် ရှင် လုပ် ငန်း က အ ပျက် အ ပျက် နဲ့ နှာ ခေါင်း သွေး ထွက် ဖြစ် တော့ မယ် ။
လွန် ခဲ့ တဲ့ နှစ် ၂၀၁၇ ခု နှစ် မှာ စ ပြီး မြန် မာ ရုပ် ရှင် လော က ကို တစ် ဆစ် ချိုး ပြောင်း လဲ သ လို ဖြစ် စေ ခဲ့ တဲ့ " ခီ " မောင် နှံ နဲ့ ပတ် သက် ပြီး ရုပ် ရှင် လော က သား တွေ အ လယ် မှာ အ ရှက် ရ စ ရာ ဖြစ် စေ ခဲ့ တဲ့ ကိ စ္စ တစ် ခု ဖြစ် ခဲ့ ဖူး တယ် ။ ဒီ ကိ စ္စ က တ ဖြေး ဖြေး မှေး သွား ပေ မယ့် ကာ ယ ကံ ရှင် တွေ မျက် နှာ ပျက် မျက် နှာ ပူ ခဲ့ ကြ ရ တယ် ။
ဆင် ဖြူ မျက် နှာ ဆင် မဲ မ ကြည့် ရဲ သ လို ဖြစ် ခဲ့ ပေ မယ့် " ခီ " မောင် နှံ က အေး ဆေး ပါ ပဲ ။
ပ ထ မ ဆုံး ရုပ် ရှင် နဲ့ အ ကယ် ဒ မီ မ ပေး ချင် လို့ မ ပေး ဘူး ဆို တဲ့ ဖော့ တွေး ပေး တဲ့ ပ ရိ သတ် တွေ က " ခီ " တို့ စုံ တွဲ က စ အ ရင်း ခံ ပြီး ရုပ် ရှင် ရုံ တွေ ထဲ ကို ၂ ဆ ပို ပြီး ဝင် လာ ခဲ့ ကြ တယ် ။
မ နှစ် က တစ် နှစ် လုံး လည်း " ခီ " တို့ ကို အ ကြောင်း ပြု ပြီး ရုပ် ရှင် လော က သား ဟောင်း တွေ သာ မန် ထက် ပို ကြိုး စား ခဲ့ ကြ လို့ ထွက် ရှိ လာ တဲ့ ရုပ် ရှင် ကား ( ၈၀ ) ကျော် မှာ အ ရည် အ ချင်း အ ပြည့် နဲ့ ရုပ် ရှင် ကား တွေ ထက် ဝက် မ က ပါ လာ ခဲ့ ပါ တယ် ။
ဒီ နှစ် ၂၀၁၈ အ ကယ် ဒ မီ ပေး ပွဲ က တော့ အား လုံး သိ ပြီး ဖြစ် ကြ သ လို ပ ရိ သတ် တွေ ချီး မြှောက် ချင် တဲ့ စွန့် ဦး တီ ထွင် သူ လို့ ပြော လို့ ရ မယ့် " ခီ " တို့ မောင် နှံ ဘာ အ သိ အ မှတ် ပြု မှု မှ မ ရ ခဲ့ ပြန် ဘူး ။
ဒီ နေ ရာ မှာ ပြင် ပ လူ တစ် ယောက် အ နေ နဲ့ အံ့ အား သင့် မိ တာ က အ ရင် နှစ် က ဖြစ် ခဲ့ တဲ့ အ ရှက် ရ စ ရာ ကိ စ္စ ကို ပြန် ပြီး အ ဖတ် ဆယ် ဖို့ ရယ် ၊ ပ ရိ သတ် တွေ အ ရမ်း မျှော် လင့် နေ တဲ့ ဆ န္ဒ တစ် ခု ကို ဖြည့် ဆည်း ပေး ဖို့ ရယ် အ ကောင်း ဆုံး အ ခွင့် အ ရေး ရ ပါ ရဲ့ နဲ့ " ခီ " တို့ ကို ထပ် ပြီး ဖယ် ထုတ် လိုက် ပြန် တာ ကို ပါ ။
အ ရင် ဖြစ် ခဲ့ ဖူး တဲ့ ကိ စ္စ ကို ကန် လန် ကာ ချ ပြီး လူ ကြီး ဆန် တဲ့ အ နေ နဲ့ လူ ကို မ ပေး ချင် တောင် အ ကောင်း ဆုံး ရုပ် ရှင် ဆု လေး ဖြစ် ဖြစ် ပေး လိုက် ရင် အ ရမ်း လှ ပ တဲ့ ည လေး ဖြစ် သွား ခဲ့ ရ မှာ ။ ထိုက် လည်း ထိုက် တန် ပါ တယ် ။
မြန် မာ တစ် နိုင် ငံ လုံး က ပ ရိ သတ် တွေ ဝက် ဝက် ကွဲ ဝမ်း သာ သွား ကြ ပြီး လက် ခုပ် သံ တွေ တ ဖြောင်း ဖြောင်း နဲ့ အ ခု ထိ အ သံ စဲ အုံး မှာ မ ဟုတ် သ လို ရုပ် ရှင် တွေ ကို လည်း အ ခု ထက် ပို ပြီး အား ပေး လိုက် ကြ မယ့် ဖြစ် ခြင်း ကို တွေး တောင် မ တွေး ရဲ ဘူး ။ ( အ ခု လည်း ဆဲ သံ မ စဲ ဘူး လို့ ပြော ရ မယ် ထင် တယ် ။ )
အ ခွင့် အ ရေး ကောင်း တစ် ခု ကို ပုတ် ထုတ် လိုက် မိ ကြ တယ် ။
အ တ္တ ရှေ့ တန်း တင် သ လို ဆ န္ဒ အ လို လိုက် ခဲ့ ကြ တယ် လို့ မြင် မိ တယ် ။
မြန် မာ ပြည် မှာ နေ ရာ ရ သွား တဲ့ သူ တွေ က ပဲ မ စဉ်း စား တတ် တော့ တာ လား ၊ မ စဉ် စား တော့ တဲ့ သူ တွေ ကို နေ ရာ ပေး နေ ကြ တာ လား ဆို တာ လည်း ခ ဏ ခ ဏ ဒွိ ဟ ဖြစ် စေ ပါ တယ် ။
ကိုယ် တိုင် ဒီ နယ် ထဲ က ဖြစ် နေ လို့ မ ဝေ ဖန် လို ပေ မယ့် နိုင် ငံ ရေး မှာ လည်း အ လား တူ တွေ့ နေ ခဲ့ ရ လို့ ရော ပြီး သ တိ ပေး သ လို ဝင် ပြော တာ ပါ ။
နောက် တစ် ခု စဉ်း စား မိ တာ က မြန် မာ နိုင် ငံ မှာ လုပ် ပိုင် ခွင့် ရ သွား ရင် အ များ အ တွက် လို့ ကြွေး ကြော် ပြီး သူ ကြိုက် တာ သူ လုပ် နေ ကြ တဲ့ သူ တွေ ကို သာ က ဏ္ဏ အ များ စု မှာ တွေ့ ရ ပါ တယ် ။
ဒီ တစ် ခေါက် အ ကယ် ဒ မီ ပွဲ မှာ ကိ စ္စ တော် တော် များ များ Online ပေါ် မှာ မြင် ရ တယ် ။ အ လှ မယ် သင်း သင်း ကိ စ္စ တို့ ၊ Facebook cele ရဲ့ ပွဲ တက် လက် မှတ် ပြန် သိမ်း တဲ့ ကိ စ္စ တို့ ၊ ဆု ရ တဲ့ သူ အ တိ အ ကျ စာ ရင်း ထွက် လာ တာ တို့ အ စုံ ပါ ပဲ ။
ရုပ် ရှင် လော က ဟာ ဖျော် ဖြေ ရေး ထက် နောက် ပိုင်း စီး ပွား ရေး ဖြစ် လာ ပြီ ။ ဒီ လော က ကို မှီ ပြီး အ သက် ရှင် နေ ရ တဲ့ သူ တွေ ပို ပို များ လာ ပြီ ။ ဒါ ကြောင့် ဒီ လော က ပို တိုး တက် လာ တာ ပဲ ဖြစ် စေ ချင် ပါ တယ် ။
ဟုတ် သ လား မ ဟုတ် သ လား တော့ သေ ချာ မ သိ ပါ ဘူး ။ အ ခု ရုပ် ရှင် တစ် ခု ကြည့် မယ့် သူ တောင် မ ရှိ ဘူး လို့ Online မှာ ဓာတ် ပုံ နဲ့ အ တူ တွေ့ လာ ရ တယ် ။ ဒီ ကိ စ္စ ကို သေ ချာ လေး အ လေး အ နက် ထား ပြီး စဉ်း စား သင့် တယ် လို့ ထင် တယ် ။
ပြည် သူ တွေ ရုပ် ရှင် မ ကြည့် ရ လို့ ဘာ မှ ဖြစ် သွား မှာ မ ဟုတ် ပေ မယ့် ပြည် သူ တွေ ရုပ် ရှင် မ ကြည့် ကြ တော့ ရင် ဘယ် သူ တွေ ထိ ခိုက် ကုန် မ လဲ တွေး မိ ဖို့ လို ပါ တယ် ။
ပြည် သူ တွေ က လည်း အ ရမ်း စိတ် မ ကွက် ကြ ဖို့ လို ပါ တယ် ။ လူ ဆို တာ အ မှား မ ကင်း ကြ ဘူး လေ ။ မှတ် လောက် အောင် ဆုံး မ ပြီး ရင် စိတ် ကျေ နပ် ကြ ပေါ့ ။ လက် ရှိ အ ချိန် က ဘယ် နေ ရာ မှာ မှ တစ် ယောက် နဲ့ တစ် ယောက် ကြာ ကြာ စိတ် ဆိုး နေ လို့ သင့် တဲ့ အ ချိန် မ ဟုတ် ပါ ဘူး ။
အ ပျက် အ ပျက် နဲ့ နှာ ခေါင်း သွေး ထွက် ကုန် ရင် ဘယ် သူ့ အ တွက် မှ အ ကျိုး မ ရှိ ဘူး ။
မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၆ ၊ ၃ ၊ ၂၀၁၉
No comments:
Popular Posts