Search

Friday, March 29, 2019

ကနဦးမဲရလဒ္ေတြအေပၚအတည္ျပဳလုိ႔မရဘူးလုိ႔ ထုိင္းေရြးေကာက္ပြဲေကာ္မရွင္ေျပာ




ကနဦးမဲရလဒ္ေတြအေပၚအတည္ျပဳလုိ႔မရဘူးလုိ႔   ထုိင္းေရြးေကာက္ပြဲေကာ္မရွင္ေျပာ 

EPN
ႏိုင္ငံတကာ၊ မတ္ ၂၉

ေရြးေကာက္ပြဲ အတြင္း ထြက္ေပၚခဲ့တဲ့ ကနဦးမဲရလဒ္ေတြက တရား၀င္အတည္ျပဳလုိ႔မရေသးေၾကာင္း ထုိင္းေရြးေကာက္ပြဲေကာ္မရွင္ကေျပာပါတယ္။ မတ္ ၂၄ ရက္ေန႔ကက်င္းပခဲ့တဲ့ ေရြးေကာက္ပြဲ မဲရလဒ္ ရာႏႈန္းျပည့္နီးပါး ေရတြက္ၿပီး အႏုိင္အရွံုး စာရင္းေတြ ကနဦးထြက္ေပၚခဲ့ပါတယ္။

အဲဒီလုိမ်ိဳးထြက္ေပၚခဲ့တဲမဲရလဒ္စာရင္းေတြကို တရား၀င္မဟုတ္ေၾကာင္း ထုိင္း ေရြးေကာက္ပြဲေကာ္မရွင္ကဆုိထားတာလည္းျဖစ္ပါတယ္။

ထိုင္းစစ္တပ္ လုိလားတဲ့ပါတီေတြ ဟာ ညြန္ေပါင္းအစိုးရဖြဲ႔စည္းႏုိင္မယ္ဆုိရင္ ၀န္ၾကီးခ်ဳပ္သစ္ ေရြးခ်ယ္ေရးလုပ္ငန္းေတြကုိ စတင္လုပ္ေဆာင္ဖြယ္ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။
ထုိင္းအတုိက္ခံပါတီျဖစ္တဲ့ ၀န္ၾကီးခ်ဳပ္ေဟာင္းသက္ဆင္ရဲ႕ ျဖဴထုိင္းပါတီကလည္းအျခား ၆ ပါတီနဲ႔မဟာမိတ္ဖြဲ႔ကာ ညြန္ေပါင္းအစိုးရဖြဲ႔ႏုိင္ဖုိ႔ စီစဥ္ေနပါတယ္။

ထုိင္းေရြးေကာက္ပြဲေကာ္မရွင္က ေအာက္လြတ္ေတာ္ ကုိယ္စားလွယ္ ၅၀၀ ဦးအနက္ ၁၅၀ ဦး အႏုိင္ရတဲ့ပါတီ မရွိေၾကာင္း ဆုိပါတယ္။
---------------------------------------------

ကနဦးမဲရလဒ်တွေအပေါ်အတည်ပြုလို့မရဘူးလို့   ထိုင်းရွေးကောက်ပွဲကော်မရှင်ပြော

EPN
နိုင်ငံတကာ၊ မတ် ၂၉

ရွေးကောက်ပွဲ အတွင်း ထွက်ပေါ်ခဲ့တဲ့ ကနဦးမဲရလဒ်တွေက တရားဝင်အတည်ပြုလို့မရသေးကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။ မတ် ၂၄ ရက်နေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဲရလဒ် ရာနှုန်းပြည့်နီးပါး ရေတွက်ပြီး အနိုင်အရှုံး စာရင်းတွေ ကနဦးထွက်ပေါ်ခဲ့ပါတယ်။

အဲဒီလိုမျိုးထွက်ပေါ်ခဲ့တဲမဲရလဒ်စာရင်းတွေကို တရားဝင်မဟုတ်ကြောင်း ထိုင်း ရွေးကောက်ပွဲကော်မရှင်ကဆိုထားတာလည်းဖြစ်ပါတယ်။

ထိုင်းစစ်တပ် လိုလားတဲ့ပါတီတွေ ဟာ ညွန်ပေါင်းအစိုးရဖွဲ့စည်းနိုင်မယ်ဆိုရင် ဝန်ကြီးချုပ်သစ် ရွေးချယ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ထိုင်းအတိုက်ခံပါတီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ဖြူထိုင်းပါတီကလည်းအခြား ၆ ပါတီနဲ့မဟာမိတ်ဖွဲ့ကာ ညွန်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ စီစဉ်နေပါတယ်။

ထိုင်းရွေးကောက်ပွဲကော်မရှင်က အောက်လွတ်တော် ကိုယ်စားလှယ် ၅၀၀ ဦးအနက် ၁၅၀ ဦး အနိုင်ရတဲ့ပါတီ မရှိကြောင်း ဆိုပါတယ်။

No comments:

Popular Posts