Search

Friday, March 29, 2019





EPN
နိုင်ငံတကာ၊ မတ် ၂၉

မြန်မာ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုက ရခိုင်ပြည်နယ်ပြသာနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းဖြစ်တယ်လို့  တရုတ်ဆို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာအာရှရေးရာဌာနအထူးကိုယ်စားလှယ် ကပြောဆိုလိုက်တယ်လို့ တရုတ်ဆင်ဟွသတင်းကဖော်ပြပါတယ်။



----------------------------------------------

မြန်မာ နဲ့ ဘင်္ဂလားဒေရှ့်တွေဆုံဆွေးနွေးမှုက  ရခိုင်ပြည်နယ် ပြသာနာကိုဖြေရှင်းနိုင်မယ်လို့ တရုတ်ဆို
EPN
နိုင်ငံတကာ၊ မတ် ၂၉

မြန်မာ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့ နိုင်ငံရေးအရတေ့ွဆုံဆွေးနွေးမှုက ရခိုင်ပြည်နယ်ပြသာနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းဖြစ်တယ်လို့  တရုတ်ဆို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာအာရှရေးရာဌာနအထူးကိုယ်စားလှယ် ကပြောဆိုလိုက်တယ်လို့ တရုတ်ဆင်ဟွသတင်းကဖော်ပြပါတယ်။

 ပြသာနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်ထားပြီး၊ ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူမှု က ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပြသာနာတွေကို ဖြေရှင်းနိုင်ဖို့ အတွက် အဓိကျကျကြောင်း တရုတ် အထူးကိုယ်စားလှယ် Sun Guoxiang, ကဆိုပါတယ်။

ရခိုင်ပြည်နယ် ပြသာနာက သမိုင်းကြောင်းဆိုင်ရာ အရှုပ်ထွေးတွေရှိနေပြီး ချက်ခြင်းဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာအာရှရေးရာဌာနအထူးကိုယ်စားလှယ် ကပြောပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့လည်း မြန်မာ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကြား ဆွေးနွေးမှုတွေ ဆက်လက်ဖြစ်စေဖို့ တွန်းအားပေးတာတွေ ဆက်လုပ်ရမှာဖြစ်ကြောင်း ၊  ဘင်္ဂာလားဒေရှ့်နိုင်ငံဆီရောက်ရှိနေတဲ့  ဒုက္ခသည်တွေ ပြန်ခေါ်ယူနိုင်စေဖို့ ကူညီထောက်ပံပေးရမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာအာရှရေးရာဌာနအထူးကိုယ်စားလှယ် ကဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ လည်း ပြသာနာတွေကို မြန်မာ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကြား ငြိမ်းချမ်းစွာဖြေရှင်းစေလိုကြောင်း  တရုတ်အထူးကိုယ်စားလှယ်ကပြောပါတယ။်   ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် က တရုတ်နိုင်ငံဟာ  ရခိုင်ပြည်နယ် ပြသာနာကို ဖြေရှင်းနိုင်ဖို့ အကူညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ပြောပါတယ်။  တရုတ် အထူးကိုယ်စားလှယ် ဟာ  ရခိုင်ပြည်နယ် ပြသာနာဖြေရှင်းနိုင်ဖို့ မြန်မာ၊ ဘင်္ဂလားဒေရှ့်အစိုးရ တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးမှုအပြင်  ဗြိတိန် ၊ ရုရှား တို့နဲ့လည်းတွေဆုံကာ အမြင်ချင်းဖလှယ်ခဲ့ပါတယ်။

No comments:

Popular Posts