Search
Friday, March 29, 2019
ေမာင္ေတာၿမ္ိဳ႕နယ္မွာ ထုတ္ျပန္ထားတဲ့ ညမထြက္ရ အမိန္႕ ကို လိုက္နာမႈမရွိသူမ်ားအား အေရးယူမည္
ေမာင္ေတာၿမ္ိဳ႕နယ္မွာ ထုတ္ျပန္ထားတဲ့ ညမထြက္ရ အမိန္႕ ကို လိုက္နာမႈမရွိသူမ်ားအား အေရးယူမည္
EPN
ေမာင္ေတာ၊ မတ္ ၂၉
ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္တြင္ထုတ္ျပန္ထားတဲ့ ညမထြက္ရ အမိန္႔ကို လုိက္နာမႈမ႐ွိဘဲ သြားလာေနမႈကို လုိက္နာမႈမရွိသူေတြကိုအေရးယူမယ္လို႔ ေမာင္ေတာၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီက အသိေပးခ်က္ထုတ္ျပန္ထားေၾကာင္းသိရပါတယ္။ သက္ဆုိင္ရာအဖြဲ႔အစည္းေတြ နဲ႔ လံုျခံဳေရးအဖြဲ႔အစည္းေတြ က မတ္ ၂၈ ရက္မွစတင္အေရးယူသြားမယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။
ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ဩဂုတ္ ၂၅ ရက္ မွာ ျဖစ္ပြားခဲ့တဲ့ ARSA အၾကမ္းဖက္အဖြဲေတြ ရဲ႕ အၾကမ္းဖက္မႈျဖစ္စဥ္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ေမာင္ေတာၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ - ၁၄၄ အရ အမိန္႔အမွတ္ (၆/၂၀၁၉)ကို ယခုႏွစ္ ေဖေဖာ္ဝါရီ ၁၁ရက္မွာထုတ္ျပန္ခဲ့ပါတယ္။
အဆိုပါ အမိန္႔အရ ည ၁၀ နာရီအခ်ိန္မွ ေနာက္တစ္ေန႔ နံနက္ ၅ နာရီအခ်ိန္ထိ ညမထြက္ဖုိ႔ ထုတ္ျပန္ထားေပမယ့္ ျပည္သူမ်ားအေနနဲ႔ လုိက္နာမႈမ႐ွိခဲ့ပဲ ၿမိဳ႕နယ္အတြင္း သြားလာေနတယ္လို႔ ေမာင္ေတာၿမိဳ႕နယ္ စီမံခန္ခြဲမႈေကာ္မတီက ဆုိပါတယ္။
ဒါအတြက္ေၾကာင့္ ရခုိင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္အတြင္း ညမထြက္ရအမိန္႔ကို ေဖာက္ဖ်က္က်ဴးလြန္ပါက တည္ဆဲဥပေဒနဲ႔ အညီ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ၿပီး အေရးယူမယ့္အစီစဥ္ကိုလည္း ေၾကညာထားတယ္လို႔သိရပါတယ္။
----------------------------------------------
မောင်တောြမို့နယ်မှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့် ကို လိုက်နာမှုမရှိသူများအား အရေးယူမည်
EPN
မောင်တော၊ မတ် ၂၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင်ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ကို လိုက်နာမှုမရှိဘဲ သွားလာနေမှုကို လိုက်နာမှုမရှိသူတွေကိုအရေးယူမယ်လို့ မောင်တောမြို့နယ် စီမံခန့်ခွဲမှုကော်မတီက အသိပေးချက်ထုတ်ပြန်ထားကြောင်းသိရပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေ နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ က မတ် ၂၈ ရက်မှစတင်အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက် မှာ ဖြစ်ပွားခဲ့တဲ့ ARSA အကြမ်းဖက်အဖွဲတွေ ရဲ့ အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မောင်တောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၁၄၄ အရ အမိန့်အမှတ် (၆/၂၀၁၉)ကို ယခုနှစ် ဖေဖော်ဝါရီ ၁၁ရက်မှာထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ အမိန့်အရ ည ၁၀ နာရီအချိန်မှ နောက်တစ်နေ့ နံနက် ၅ နာရီအချိန်ထိ ညမထွက်ဖို့ ထုတ်ပြန်ထားပေမယ့် ပြည်သူများအနေနဲ့ လိုက်နာမှုမရှိခဲ့ပဲ မြို့နယ်အတွင်း သွားလာနေတယ်လို့ မောင်တောမြို့နယ် စီမံခန်ခွဲမှုကော်မတီက ဆိုပါတယ်။
ဒါအတွက်ကြောင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အရေးယူမယ့်အစီစဉ်ကိုလည်း ကြေညာထားတယ်လို့သိရပါတယ်။
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News ျမစ္ႀကီးနား၊ ေဖေဖၚဝါရီ ၂၀ ကခ်င္ျပည္နယ္ ေခါင္လန္ဖူးေဒသခံမ်ားအတြက္ လီဆူရိုးရာ ဝတ္ဆုံ ၂၀စုံကို ကခ်င္ျပည္နယ္ လီဆူတုိင္းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" ျမန္ မာ နိုင္ ငံ ကို ေပး သင့္ တဲ့ နစ္ နာ ေၾကး အ ေလ်ာ္ " (ေဆာင္း ပါး) ရ ခိုင္ ေဒ သ က မြတ္ စ လင္ ဘ ဂၤါ လီ ျပ ႆ နာ ေၾကာင္...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment