Search

Thursday, March 28, 2019

ျမန္မာအမ်ိဳးသမီးေလးဦးကို လူကုန္ကူးခံရမႈကေန ကယ္တင္



ျမန္မာအမ်ိဳးသမီးေလးဦးကို  လူကုန္ကူးခံရမႈကေန ကယ္တင္

EPN
ႏိုင္ငံတကာ၊ မတ္ ၂၈

ျမန္မာ  ႏုိင္ငံသား ေလးဦးကို လူကုန္ကူးခံရမႈကေန  ကယ္တင္ႏုိင္ခဲ့တယ္လို႔ ဘဂၤလားေဒရွ္႕အေျခစိုက္ thedailystar  သတင္းကေဖာ္ျပထားပ့ါတယ္။   ျမန္မာ အမ်ိဳးသမီးေလးဦးကို လူကုန္ကူးဖုိ႔ ႀကိဳးပမ္း သူ ႏွစ္ဦးကို  ဒါကာၿမိဳ႕မွာ ဖမ္းဆီးႏုိင္ခဲ့တယ္လို႔ ဘဂၤလားေဒရွ္႕ အေျခစိုက္ သတင္းေတြကေဖာ္ျပပါတယ္။ ဖမ္းဆီးခံရသူႏွစ္ဦးအနက္ တစ္ဦးက လူကုန္ကူးသူျဖစ္ၿပီး တစ္ဦးက ပြဲစားျဖစ္ပါတယ္။

ျမန္မာအမ်ိဳးသမီးေတြကို ေဆာ္ဒီအာေရဗ် ႏုိင္ငံဆီ လူကုန္ကူးဖို႔ ၾကိိဳးပမ္းခ်ိန္မွာ ဖမ္းဆီးႏုိင္ခဲ့တာျဖစ္တယ္လို႔ ဘဂၤလားေဒရွ္႕  ရဲတပ္ဖြဲ႔ကဆုိပါတယ္။ လူကုန္ကူးခံရမယ့္ ျမန္မာအမ်ိဳးသမီးေလးဦးဟာ ျမန္မာႏုိင္ငံဘူးသီးေတာင္၊ ေမာင္ေတာၿမိဳ႕မွျဖစ္ကာ  ေနရပ္စြန္႔ခြာထြက္ေျပးလာသူေတြျဖစ္ၿပီး ဘဂၤလားေဒရွ္႕ႏုိင္ငံ ေကာ့ဘဇာဒေဒသရွိ ဘာလူခါလီ ဒုကၡသည္စခန္းမွာ ေနထုိင္သူေတြျဖစ္တယ္လို႔ ဘဂၤလားေဒရွ္႕ ရဲတပ္ဖြဲ႔ကေျပာပါတယ္။

 အဆုိပါအမ်ိဳးသမီးေတြကို ဒုကၡသည္စခန္းရွိ ပြဲစားႏွစ္ဦးက စည္းရံုးခဲ့တာျဖစ္ပါတယ္။  ကယ္တင္ထားတဲ့ ျမန္မာ အမ်ိဳးသမီးေလးဦးကိုလက္ရွိမွာ ဒုကၡသည္စခန္းဆီ ျပန္ပို႔ခဲ့ၿပီး ဖမ္းဆီးထိန္းသိမ္းထားတဲ့သူေတြကို   စြဲခ်က္တင္ႏုိင္ဖုိ႔  လုပ္ေဆာင္ေနတယ္လို႔ ဘဂၤလားေဒရွ္႕အာဏာပိုင္ေတြကေျပာပါတယ္။

---------------------------------------

မြန်မာအမျိုးသမီးလေးဦးကို  လူကုန်ကူးခံရမှုကနေ ကယ်တင်

EPN
နိုင်ငံတကာ၊ မတ် ၂၈

မြန်မာ  နိုင်ငံသား လေးဦးကို လူကုန်ကူးခံရမှုကနေ  ကယ်တင်နိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်အခြေစိုက် thedailystar  သတင်းကဖော်ပြထားပ့ါတယ်။   မြန်မာ အမျိုးသမီးလေးဦးကို လူကုန်ကူးဖို့ ကြိုးပမ်း သူ နှစ်ဦးကို  ဒါကာမြို့မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေရှ့် အခြေစိုက် သတင်းတွေကဖော်ပြပါတယ်။ ဖမ်းဆီးခံရသူနှစ်ဦးအနက် တစ်ဦးက လူကုန်ကူးသူဖြစ်ပြီး တစ်ဦးက ပွဲစားဖြစ်ပါတယ်။

မြန်မာအမျိုးသမီးတွေကို ဆော်ဒီအာရေဗျ နိုင်ငံဆီ လူကုန်ကူးဖို့ ကြိုးပမ်းချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေရှ့်  ရဲတပ်ဖွဲ့ကဆိုပါတယ်။ လူကုန်ကူးခံရမယ့် မြန်မာအမျိုးသမီးလေးဦးဟာ မြန်မာနိုင်ငံဘူးသီးတောင်၊ မောင်တောမြို့မှဖြစ်ကာ  နေရပ်စွန့်ခွာထွက်ပြေးလာသူတွေဖြစ်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဘဇာဒဒေသရှိ ဘာလူခါလီ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေဖြစ်တယ်လို့ ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့ကပြောပါတယ်။

 အဆိုပါအမျိုးသမီးတွေကို ဒုက္ခသည်စခန်းရှိ ပွဲစားနှစ်ဦးက စည်းရုံးခဲ့တာဖြစ်ပါတယ်။  ကယ်တင်ထားတဲ့ မြန်မာ အမျိုးသမီးလေးဦးကိုလက်ရှိမှာ ဒုက္ခသည်စခန်းဆီ ပြန်ပို့ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို   စွဲချက်တင်နိုင်ဖို့  လုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေကပြောပါတယ်။

No comments:

Popular Posts