Search

Thursday, March 28, 2019

လိင္တူဆက္ဆံသူေတြကို ေသဒဏ္ေပးမယ္လို႔ ဘရူးႏုိင္း အာဏာပိုင္ေတြေျပာ


လိင္တူဆက္ဆံသူေတြကို  ေသဒဏ္ေပးမယ္လို႔ ဘရူးႏုိင္း အာဏာပိုင္ေတြေျပာ

EPN
ႏိုင္ငံတကာ၊ မတ္ ၂၈
လိင္တူဆက္ဆံသူေတြ နဲ႔  ကေလးငယ္ေတြကို  လိင္ပိုင္းဆုိင္ရာက်ဴးလြန္သူေတြကို ေသဒဏ္ အျပစ္ေပးမယ္လို႔ ဘရူႏုိင္း အာဏာပိုင္ေတြကေျပာပါတယ္။ ဘ႐ူႏိုင္းႏိုင္ငံရဲ႕ ရွားရီယားျပစ္မႈဆိုင္ရာဥပေဒပါ ပုဒ္မသစ္မ်ားအရ လိင္တူဆက္ဆံသူေတြကို ေသဒဏ္ေပးမွာျဖစ္ေၾကာင္းသိရပါတယ္။

အဲဒီေသဒဏ္ေပးမယ့္ျပစ္ဒဏ္ဟာ  ဧၿပီ ၃ ရက္မွာ စတင္သက္ေရာက္မွာျဖစ္ပါတယ္။  ဘရူးႏုိင္းေစာ္ဘြား ဟာ ႏိုင္ငံတြင္း အစၥာလာမ္ရဲ႕ၾသဇာပိုမိုျဖန္႔က်က္ႏိုင္ေရးအတြက္ ရွားရီးယားျပစ္မႈဆိုင္ရာဥပေဒကို ၂၀၁၄ ခုႏွစ္က စတင္အတည္ျပဳခဲ့ပါတယ္။

ဘ႐ူႏိုင္းအုပ္ခ်ဳပ္သူမ်ားက အတည္ျပဳလိုက္တဲ့ ဥပေဒသစ္မ်ားက လူသားလည္းမဆန္ေသာေၾကာင့္ ျပစ္ဒဏ္ေတြကို ရုတ္သိမ္းေပးဖို႔ ႏုိင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ ကေတာင္းဆုိထားပါတယ္။ ဘ႐ူႏိုင္းအစိုးရ ဟာ လိင္တူခ်စ္ျခင္းကို တရားမ၀င္ေၾကာင္းသတ္မွတ္ထားတဲ့ႏုိင္ငံျဖစ္ၿပီး ႏုိင္ငံအတြင္း ခရစ္ယာန္  ပြဲေတာ္ေတြ ျပဳလုပ္တာေတြကို တားျမစ္ကန္႔သတ္ထားပါတယ္။

ဘရူႏုိင္းဟာ  လိင္တူ ဆက္ဆံသူေတြကို ေသဒဏ္ေပးဖုိ႔ ယခင္တည္းက စီစဥ္ခဲ့ေပမယ့္ ႏုိင္ငံတကာရဲ႕ ေ၀ဖန္မႈေတြေၾကာင့္ ၂၀၁၄ ခုႏွစ္မွာ  ျပစ္ဒဏ္ေပးတာကို ေရႊ႕ဆုိင္းခဲ့ပါတယ္။  လက္ရွိအခ်ိန္မွာ လိင္တူ ဆက္ဆံသူေတြကို   ေသဒဏ္ေပးမယ့္အစီစဥ္ကို ႏုိင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႔ၾကီးအျပင္အျခား အဖြဲ႔ေတြက ေ၀ဖန္ျပစ္တင္ေနပါတယ္။
-------------------------------------------------

လိင်တူဆက်ဆံသူတွေကို  သေဒဏ်ပေးမယ်လို့ ဘရူးနိုင်း အာဏာပိုင်တွေပြော

EPN
နိုင်ငံတကာ၊ မတ် ၂၈
လိင်တူဆက်ဆံသူတွေ နဲ့  ကလေးငယ်တွေကို  လိင်ပိုင်းဆိုင်ရာကျူးလွန်သူတွေကို သေဒဏ် အပြစ်ပေးမယ်လို့ ဘရူနိုင်း အာဏာပိုင်တွေကပြောပါတယ်။ ဘရူနိုင်းနိုင်ငံရဲ့ ရှားရီယားပြစ်မှုဆိုင်ရာဥပဒေပါ ပုဒ်မသစ်များအရ လိင်တူဆက်ဆံသူတွေကို သေဒဏ်ပေးမှာဖြစ်ကြောင်းသိရပါတယ်။

အဲဒီသေဒဏ်ပေးမယ့်ပြစ်ဒဏ်ဟာ  ဧပြီ ၃ ရက်မှာ စတင်သက်ရောက်မှာဖြစ်ပါတယ်။  ဘရူးနိုင်းစော်ဘွား ဟာ နိုင်ငံတွင်း အစ္စာလာမ်ရဲ့သြဇာပိုမိုဖြန့်ကျက်နိုင်ရေးအတွက် ရှားရီးယားပြစ်မှုဆိုင်ရာဥပဒေကို ၂၀၁၄ ခုနှစ်က စတင်အတည်ပြုခဲ့ပါတယ်။

ဘရူနိုင်းအုပ်ချုပ်သူများက အတည်ပြုလိုက်တဲ့ ဥပဒေသစ်များက လူသားလည်းမဆန်သောကြောင့် ပြစ်ဒဏ်တွေကို ရုတ်သိမ်းပေးဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကတောင်းဆိုထားပါတယ်။ ဘရူနိုင်းအစိုးရ ဟာ လိင်တူချစ်ခြင်းကို တရားမဝင်ကြောင်းသတ်မှတ်ထားတဲ့နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း ခရစ်ယာန်  ပွဲတော်တွေ ပြုလုပ်တာတွေကို တားမြစ်ကန့်သတ်ထားပါတယ်။

ဘရူနိုင်းဟာ  လိင်တူ ဆက်ဆံသူတွေကို သေဒဏ်ပေးဖို့ ယခင်တည်းက စီစဉ်ခဲ့ပေမယ့် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကြောင့် ၂၀၁၄ ခုနှစ်မှာ  ပြစ်ဒဏ်ပေးတာကို ရွှေ့ဆိုင်းခဲ့ပါတယ်။  လက်ရှိအချိန်မှာ လိင်တူ ဆက်ဆံသူတွေကို   သေဒဏ်ပေးမယ့်အစီစဉ်ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအပြင်အခြား အဖွဲ့တွေက ဝေဖန်ပြစ်တင်နေပါတယ်။

No comments:

Popular Posts