Search

Saturday, March 30, 2019

မကၠဆီကိုနယ္စပ္ေဒသကို ပိတ္သိမ္းမယ္လို႔ အေမရိကန္ သမၼတ ထရမ့္ဆုိ



မကၠဆီကိုနယ္စပ္ေဒသကို ပိတ္သိမ္းမယ္လို႔ အေမရိကန္ သမၼတ ထရမ့္ဆုိ

EPN
ႏိုင္ငံတကာ၊ မတ္ ၃၀

အေမရိကန္ ႏုိင္ငံထဲ ကို၀င္ေရာက္ဖုိ႔ ႀကိဳးပမ္းေနတဲ့   ေရႊ႕ေျပာင္းသြားလာသူေတြကို  ရပ္တန္႔ဖုိ႔ မလုပ္ေဆာင္ဘူးဆုိရင္  မကၠကိုနယ္စပ္ေဒသကိုပိတ္သိမ္းမယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က  ေျပာပါတယ္။

အေမရိကန္- မကၠဆီကိုနယ္စပ္ေဒကို ပိတ္မယ္ဆုိရင္ နယ္စပ္ျဖတ္သန္းသြားလာမႈေတြ အခက္ခဲျဖစ္လာမယ့္အျပင္  ႏွစ္ႏုိင္ငံကုန္သြယ္ေရး အေမရိကန္ ေဒၚလာဘီလီယံခ်ီနစ္နာဖြယ္ရွိေနပါတယ္။ ေရႊြေျပာင္းသြားလာသူေတြ ဟာ  အေမရိကန္ႏုိင္ငံမွာ ႏုိင္ငံေရး ခိုလံႈခြင့္ရဖို႔ မကၠကိုနယ္စပ္ေဒသဆီ ဦးတည္သြားလာေနပါတယ္။ 

ေရြေျပာင္းသြားလာသူေတြ ျပသာနာေတြေၾကာင့္ အေမရိကန္ နဲ႔ထိပ္တုိက္ေတြဆံုဖုိ႔ အစီစဥ္မရွိဘူးလုိ႔  မကၠဆီကိုသမၼတ  လိုပက္ဇ္ အိုဘရာဒိုကေျပာပါတယ္။
မကၠဆီကိုဟာအေမရိကန္အတြက္အိမ္နီးခ်င္းေကာင္းႏုိင္ငံျဖစ္တာေၾကာင့္ အေမရိကန္ အေနနဲ႔ ၿခိမ္းေျခာက္မႈေတြ မလုပ္သင့္ဘူးလုိ႔  မကၠကိုႏုိင္ငံျခားေရး၀န္ႀကီးကဆုိပါတယ္။

ေရႊေျပာင္းသြားလာသူေတြကို ရပ္တန္႔ဖုိ႔ မကၠဆီကိုႏုိင္ငံအတြက္ လြယ္ကူတဲ့ လုပ္ငန္းျဖစ္ေပမယ့္ မကၠကိုက လက္ေတြ႔လုပ္ေဆာင္တာမ်ိဳးမရွိဘူးလုိ႔ အေမရိကန္ သမၼတက ေျပာပါတယ္။

အေမရိကတုိက္အလယ္ပိုင္းက လူေတြ ဟာအေမရိကန္ႏိုင္ငံမွာေနထုိင္ခြင့္ရဖုိ႔ ၿပီးခဲ့တဲ့ႏွစ္ တည္းက ေနရပ္စြန္႔ခြာကာအေမရိကန္ႏုိင္ငံဆီခ်ီတက္လာခဲ့ၿပီး မကၠဆီကိုနယ္စပ္ကိုေရာက္ရွိခ်ိန္မွာ လံုျခံဳေရးတပ္ဖြဲ႔ေတြနဲ႔ ထိပ္တုိက္ေတြဆံုမႈျဖစ္ခဲ့ဖူးပါတယ္။
-------------------------------------

မက္ကဆီကိုနယ်စပ်ဒေသကို ပိတ်သိမ်းမယ်လို့ အမေရိကန် သမ္မတ ထရမ့်ဆို

EPN
နိုင်ငံတကာ၊ မတ် ၃၀

အမေရိကန် နိုင်ငံထဲ ကိုဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့   ရွှေ့ပြောင်းသွားလာသူတွေကို  ရပ်တန့်ဖို့ မလုပ်ဆောင်ဘူးဆိုရင်  မက္ကကိုနယ်စပ်ဒေသကိုပိတ်သိမ်းမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က  ပြောပါတယ်။

အမေရိကန်- မက္ကဆီကိုနယ်စပ်ဒေကို ပိတ်မယ်ဆိုရင် နယ်စပ်ဖြတ်သန်းသွားလာမှုတွေ အခက်ခဲဖြစ်လာမယ့်အပြင်  နှစ်နိုင်ငံကုန်သွယ်ရေး အမေရိကန် ဒေါ်လာဘီလီယံချီနစ်နာဖွယ်ရှိနေပါတယ်။ ရွှွေပြောင်းသွားလာသူတွေ ဟာ  အမေရိကန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်ရဖို့ မက္ကကိုနယ်စပ်ဒေသဆီ ဦးတည်သွားလာနေပါတယ်။ 

ရွေပြောင်းသွားလာသူတွေ ပြသာနာတွေကြောင့် အမေရိကန် နဲ့ထိပ်တိုက်တွေဆုံဖို့ အစီစဉ်မရှိဘူးလို့  မက္ကဆီကိုသမ္မတ  လိုပက်ဇ် အိုဘရာဒိုကပြောပါတယ်။
မက္ကဆီကိုဟာအမေရိကန်အတွက်အိမ်နီးချင်းကောင်းနိုင်ငံဖြစ်တာကြောင့် အမေရိကန် အနေနဲ့ ခြိမ်းခြောက်မှုတွေ မလုပ်သင့်ဘူးလို့  မက္ကကိုနိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။

ရွှေပြောင်းသွားလာသူတွေကို ရပ်တန့်ဖို့ မက္ကဆီကိုနိုင်ငံအတွက် လွယ်ကူတဲ့ လုပ်ငန်းဖြစ်ပေမယ့် မက္ကကိုက လက်တွေ့လုပ်ဆောင်တာမျိုးမရှိဘူးလို့ အမေရိကန် သမ္မတက ပြောပါတယ်။

အမေရိကတိုက်အလယ်ပိုင်းက လူတွေ ဟာအမေရိကန်နိုင်ငံမှာနေထိုင်ခွင့်ရဖို့ ပြီးခဲ့တဲ့နှစ် တည်းက နေရပ်စွန့်ခွာကာအမေရိကန်နိုင်ငံဆီချီတက်လာခဲ့ပြီး မက္ကဆီကိုနယ်စပ်ကိုရောက်ရှိချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေဆုံမှုဖြစ်ခဲ့ဖူးပါတယ်။

No comments:

Popular Posts