ထိုင္းေရြးေကာက္ပြဲေကာ္မရွင္ကို ထုိင္းစစ္အစိုးရဆန္က်င့္ေရးပါတီေတြ ျပစ္တင္ေ၀ဖန္
EPN
ႏိုင္ငံတကာ၊ မတ္ ၃၀
ထိုင္း ေရြးေကာက္ပြဲေကာ္မရွင္ အေပၚ ထုိင္း စစ္အစိုးရ ဆန္က်င့္ေရးပါတီေတြက ျပစ္တင္ေ၀ဖန္မႈေတြလုပ္ေနတယ္လုိ႔ သတင္းေတြကေဖာ္ျပပါတယ္။
ေရြးေကာက္ပြဲမွာ နည္းလမ္းမက်တဲ့ အခ်က္ေတြရွိခဲ့ၿပီး မဲလိမ္တာေတြ၊ မဲ၀ယ္တာေတြရွိခဲ့တယ္လို႔ ထုိင္းစစ္တပ္ ဆန္က်င့္ေရးပါတီေတြက စြပ္စြဲထားပါတယ္။ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲဟာ တရားဥပေဒနဲ႕ မညီဘဲ မွ်တမႈမရွိဘူးလုိ႔ စစ္အစိုးရ အတိုက္အခံျဖစ္တဲ့ ေရွ႕သိုလွမ္းခ်ီ Future Forward ပါတီက ေျပာခဲ့ပါတယ္။ ၀န္ၾကီးခ်ဳပ္ေဟာင္း သက္ဆင္နဲ႕အဆက္အသြယ္ရွိတဲ့ ဖ်ဴထိုင္းပါတီကလည္း မဲရလာဒ္ေတြ ေရတြက္ ခ်ိန္မွာ လိမ္လည္မႈေတြ ရွိခဲ့တာကို ေတြ႕ရွိခဲ့တယ္လို႕ ေျပာပါတယ္။
စစ္အစိုးရနဲ႔ဆက္ႏြယ္တဲ့ပါတီေတြဟာ အခြင့္ေရးရယူႏုိင္ဖုိ႔ ထုိင္းေရြးေကာက္ပြဲမွာတာ၀န္ရွိသူေတြကို လက္ေဆာင္ေတြ၊ ေငြေၾကးေတြ ေပးခဲ့တယ္လို႔ စစ္အစိုးရဆန္က်င့္ေရးပါတီေတြကဆုိပါတယ္။
ထုိင္းႏုိင္ငံမွာ မတ္ ၂၄ ရက္က ေရြးေကာက္ပြဲက်င္းပခဲ့ၿပီး မဲရလဒ္ေတြကို ေမ ၉ ရက္မွာ အျပည့္အစံုေၾကညာသြားမယ္လို႔ ထုိင္း ေရြးေကာက္ပြဲေကာ္မရွင္က သတင္းထုတ္ျပန္ထားပါတယ္။ အစိုးရဖြဲ႔စည္းႏုိင္ဖုိ႔အတြက္ ဖ်ဴထုိင္းပါတီအပါ၀င္ ထုိင္းစစ္အစိုးရဆန္က်င့္ေရးပါတီ ဟာ ၿပီးခဲ့တဲ့ရက္ပိုင္း ကမဟာမိတ္ဖြဲ႔စည္းခဲ့တယ္လို႔ သိရပါတယ္။
--------------------------------
ထိုင်းရွေးကောက်ပွဲကော်မရှင်ကို ထိုင်းစစ်အစိုးရဆန်ကျင့်ရေးပါတီတွေ ပြစ်တင်ဝေဖန်
EPN
နိုင်ငံတကာ၊ မတ် ၃၀
ထိုင်း ရွေးကောက်ပွဲကော်မရှင် အပေါ် ထိုင်း စစ်အစိုးရ ဆန်ကျင့်ရေးပါတီတွေက ပြစ်တင်ဝေဖန်မှုတွေလုပ်နေတယ်လို့ သတင်းတွေကဖော်ပြပါတယ်။
ရွေးကောက်ပွဲမှာ နည်းလမ်းမကျတဲ့ အချက်တွေရှိခဲ့ပြီး မဲလိမ်တာတွေ၊ မဲဝယ်တာတွေရှိခဲ့တယ်လို့ ထိုင်းစစ်တပ် ဆန်ကျင့်ရေးပါတီတွေက စွပ်စွဲထားပါတယ်။ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားဥပဒေနဲ့ မညီဘဲ မျှတမှုမရှိဘူးလို့ စစ်အစိုးရ အတိုက်အခံဖြစ်တဲ့ ရှေ့သိုလှမ်းချီ Future Forward ပါတီက ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့အဆက်အသွယ်ရှိတဲ့ ဖျူထိုင်းပါတီကလည်း မဲရလာဒ်တွေ ရေတွက် ချိန်မှာ လိမ်လည်မှုတွေ ရှိခဲ့တာကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
စစ်အစိုးရနဲ့ဆက်နွယ်တဲ့ပါတီတွေဟာ အခွင့်ရေးရယူနိုင်ဖို့ ထိုင်းရွေးကောက်ပွဲမှာတာဝန်ရှိသူတွေကို လက်ဆောင်တွေ၊ ငွေကြေးတွေ ပေးခဲ့တယ်လို့ စစ်အစိုးရဆန်ကျင့်ရေးပါတီတွေကဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မတ် ၂၄ ရက်က ရွေးကောက်ပွဲကျင်းပခဲ့ပြီး မဲရလဒ်တွေကို မေ ၉ ရက်မှာ အပြည့်အစုံကြေညာသွားမယ်လို့ ထိုင်း ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။ အစိုးရဖွဲ့စည်းနိုင်ဖို့အတွက် ဖျူထိုင်းပါတီအပါဝင် ထိုင်းစစ်အစိုးရဆန်ကျင့်ရေးပါတီ ဟာ ပြီးခဲ့တဲ့ရက်ပိုင်း ကမဟာမိတ်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment