Search

Sunday, March 31, 2019

ထိုင္းေရာက္ ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ခ်ိန္မွာ အခမဲ့ ျပန္ခြင့္ရမယ္



ထိုင္းေရာက္ ျမန္မာအလုပ္သမားေတြ  ေနရပ္ျပန္ခ်ိန္မွာ အခမဲ့ ျပန္ခြင့္ရမယ္

EPN
ႏိုင္ငံတကာ၊ မတ္ ၃၁

သႀကၤန္ကာလအတြင္း ျမန္မာႏုိင္ငံကို ျပန္မယ့္  ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ ျမန္မာနဲ႕ထိုင္းႏွစ္ႏိုင္ငံညႇိႏိႈင္းေဆြးေႏြးမႈအရ အရင္လုိေငြေၾကးအကုန္ခံစရာမလုိဘဲ အခမဲ့အိမ္ျပန္တုံး(Re-entry)စနစ္ နဲ႔ ဧၿပီလ( ၅) ရက္ကေန ဧၿပီလ( ၃၀) ရက္ေန႕အတြင္း၀င္၊ ထြက္ခြင့္ျပဳေၾကာင္းထုိင္းအစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

အရင္ ေနရပ္ျပန္မယ္ဆုိရင္  ဘတ္ ၁၀၀၀ အကုန္ခံၿပီး အိမ္ျပန္တံုးႀကီးထု ရေပမယ့္ ဒီႏွစ္မွာေတာ့  အိမ္ျပန္တံုးႀကီးအစား  အခမဲ့အိမ္ျပန္တံုး ထုကာ ေနရပ္ျပန္ခြင့္ရမယ္လို႔  ထုိင္းႏုိင္ငံအေျခစိုက္ ျမန္မာအလုပ္သမားသံအရာရွိရံုးကဆုိပါတယ္။ ေနရပ္ျပန္ျမန္မာအလုပ္သမားေတြအတြက္ တရား၀င္ဖြင့္လွစ္ထားတဲ့ နယ္စပ္ဂိတ္ေတြကသာ အ၀င္ အထြက္ ျပဳလုပ္ရမွာလည္းျဖစ္ၿပီး တရားမ၀င္လမ္းေၾကာင္းကေန ေနရပ္ျပန္မယ္ဆုိပါက ထိုင္းဥပေဒနဲ႔အေရးယူခံရမွာျဖစ္ပါတယ္။

ထုိင္းလူ၀င္မႈႀကီးၾကပ္ေရးဌာနေတြဟာ ဧၿပီလ ၁၂ ရက္ကေန ၁၆ ရက္ေန႕အထိ ရံုးပိတ္ရက္မွာျဖစ္တာေၾကာင့္ ဧည့္စာရင္းတုိင္ၾကားလို သူမ်ား ၊ ရက္(၉၀)သက္တမ္းတိုးလိုသူမ်ား၊ဗီဇာသက္တမ္းတိုးလိုသူေတြ ၾကိဳတင္ျပဳလုပ္ထားဖုိ႔  ထုိင္းႏုိင္ငံရွိ ျမန္မာအလုပ္သမားသံအရာရွိရံုးက သတင္းထုတ္ျပန္ထားပါတယ္။

------------------------------------------

ထိုင်းရောက် မြန်မာအလုပ်သမားတွေ  နေရပ်ပြန်ချိန်မှာ အခမဲ့ ပြန်ခွင့်ရမယ်


EPN

နိုင်ငံတကာ၊ မတ် ၃၁


သြင်္ကန်ကာလအတွင်း မြန်မာနိုင်ငံကို ပြန်မယ့်  မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မြန်မာနဲ့ထိုင်းနှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုအရ အရင်လိုငွေကြေးအကုန်ခံစရာမလိုဘဲ အခမဲ့အိမ်ပြန်တုံး(Re-entry)စနစ် နဲ့ ဧပြီလ( ၅) ရက်ကနေ ဧပြီလ( ၃၀) ရက်နေ့အတွင်းဝင်၊ ထွက်ခွင့်ပြုကြောင်းထိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။


အရင် နေရပ်ပြန်မယ်ဆိုရင်  ဘတ် ၁၀၀၀ အကုန်ခံပြီး အိမ်ပြန်တုံးကြီးထု ရပေမယ့် ဒီနှစ်မှာတော့  အိမ်ပြန်တုံးကြီးအစား  အခမဲ့အိမ်ပြန်တုံး ထုကာ နေရပ်ပြန်ခွင့်ရမယ်လို့  ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးကဆိုပါတယ်။ နေရပ်ပြန်မြန်မာအလုပ်သမားတွေအတွက် တရားဝင်ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ်တွေကသာ အဝင် အထွက် ပြုလုပ်ရမှာလည်းဖြစ်ပြီး တရားမဝင်လမ်းကြောင်းကနေ နေရပ်ပြန်မယ်ဆိုပါက ထိုင်းဥပဒေနဲ့အရေးယူခံရမှာဖြစ်ပါတယ်။


ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနတွေဟာ ဧပြီလ ၁၂ ရက်ကနေ ၁၆ ရက်နေ့အထိ ရုံးပိတ်ရက်မှာဖြစ်တာကြောင့် ဧည့်စာရင်းတိုင်ကြားလို သူများ ၊ ရက်(၉၀)သက်တမ်းတိုးလိုသူများ၊ဗီဇာသက်တမ်းတိုးလိုသူတွေ ကြိုတင်ပြုလုပ်ထားဖို့  ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ထားပါတယ်။

No comments:

Popular Posts