Search
Sunday, March 31, 2019
ထိုင္းျပည္ေျပး၀န္ႀကီးခ်ဳပ္ေဟာင္းကို ခ်ီးျမွင့္ထားတဲ့ ဆု ဘုရင္ျပန္ရုတ္သိမ္း
ထိုင္းျပည္ေျပး၀န္ႀကီးခ်ဳပ္ေဟာင္းကို ခ်ီးျမွင့္ထားတဲ့ ဆု ဘုရင္ျပန္ရုတ္သိမ္း
EPN
ႏိုင္ငံတကာ၊ မတ္ ၃၁
ထိုင္းျပည္ေျပး၀န္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ကို ခ်ီးျမင့္ထားတဲ့ ဂုဏ္ထူးေဆာင္ဆု ကို ထုိင္းဘုရင့္ မဟာ၀ီဇယ ေလာင္ကြန္းက ျပန္ရုတ္သိမ္းလုိက္တယ္လုိ႔ စတိတ္တုိင္းမ္သတင္းကဖာ္ေျပထားပါတယ္။ ၀န္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ဟာ ထုိင္းႏုိင္ငံမွ ထြက္ေျပးေနတာက သင့္ေတာ္တဲ့အျပဳအမႈမဟုတ္ေၾကာင္း ထိုင္းေတာ္၀င္မိသားစု သတင္းထုတ္ျပန္ေရးအဖြဲ႔ကဆုိပါတယ္။
သက္ဆင္ဟာ ၂၀၀၆ ခုႏွစ္က ၀န္ႀကီးခ်ဳပ္ရာထူးက ျဖဳတ္ခ်ခံရၿပီး ၂၀၀၈ ခုႏွစ္မွာ ထုိင္းႏုိင္ငံကေန ထြက္ေျပးခဲ့ပါတယ္။ ထိုင္း၀န္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ကို အက်င့္ပ်က္ လာဘ္စားမႈေတြနဲ႔ စြဲခ်က္တင္ထားၿပီး အဲဒီ စြဲခ်က္အေပၚ ထုိင္း ေတာ္၀င္မိသားစုက လက္ခံယံုၾကည္တာေၾကာင့္ ဂုဏ္ထူးေဆာင္ဘြဲ႔ကို ျပန္ရုတ္သိမ္းလုိက္တာျဖစ္တယ္လို႔ ထိုင္းေတာ္၀င္မိသားစု သတင္းထုတ္ျပန္ေရးအဖြဲ႔ကဆုိပါတယ္။ ၀န္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ ရာထူးက ျဖဳတ္ခ်ခံရၿပီးေနာက္ ညီမျဖစ္သူ ယင္းလပ္ ၀န္ႀကီးခ်ဳပ္တာ၀န္ယူခဲ့ပါတယ္။
၀န္ၾကီးခ်ဳပ္ေဟာင္း သက္ဆင္နဲ႔ ဆက္ႏြယ္ေနတဲ့ ထိုင္းျဖဴထုိင္းပါတီဟာ ၿပီးခဲ့တဲ့ မတ္လ ၂၄ ရက္ေန႔က်င္းပတဲ့ ေရြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္ခဲ့ၿပီး ဆႏၵမဲ အမ်ားအျပားရရွိေနပါတယ္။ သက္ဆင္ကေတာ့ လက္ရွိမွာ ထုိင္း ႏုိင္ငံျပင္ပမွာေနထုိင္ေနၿပီး အက်င့္ပ်က္ လာဘ္စားမႈစြဲခ်က္ေတြ ရင္ဆုိင္ေနရပါတယ္။
-----------------------------------
ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်းကို ချီးမြှင့်ထားတဲ့ ဆု ဘုရင်ပြန်ရုတ်သိမ်း
EPN
နိုင်ငံတကာ၊ မတ် ၃၁
ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ချီးမြင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆု ကို ထိုင်းဘုရင့် မဟာဝီဇယ လောင်ကွန်းက ပြန်ရုတ်သိမ်းလိုက်တယ်လို့ စတိတ်တိုင်းမ်သတင်းကဖာ်ပြေထားပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ထိုင်းနိုင်ငံမှ ထွက်ပြေးနေတာက သင့်တော်တဲ့အပြုအမှုမဟုတ်ကြောင်း ထိုင်းတော်ဝင်မိသားစု သတင်းထုတ်ပြန်ရေးအဖွဲ့ကဆိုပါတယ်။
သက်ဆင်ဟာ ၂၀၀၆ ခုနှစ်က ဝန်ကြီးချုပ်ရာထူးက ဖြုတ်ချခံရပြီး ၂၀၀၈ ခုနှစ်မှာ ထိုင်းနိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို အကျင့်ပျက် လာဘ်စားမှုတွေနဲ့ စွဲချက်တင်ထားပြီး အဲဒီ စွဲချက်အပေါ် ထိုင်း တော်ဝင်မိသားစုက လက်ခံယုံကြည်တာကြောင့် ဂုဏ်ထူးဆောင်ဘွဲ့ကို ပြန်ရုတ်သိမ်းလိုက်တာဖြစ်တယ်လို့ ထိုင်းတော်ဝင်မိသားစု သတင်းထုတ်ပြန်ရေးအဖွဲ့ကဆိုပါတယ်။ ဝန်ကြီးချုပ်ဟောင်းသက်ဆင် ရာထူးက ဖြုတ်ချခံရပြီးနောက် ညီမဖြစ်သူ ယင်းလပ် ဝန်ကြီးချုပ်တာဝန်ယူခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ဆက်နွယ်နေတဲ့ ထိုင်းဖြူထိုင်းပါတီဟာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပြီး ဆန္ဒမဲ အများအပြားရရှိနေပါတယ်။ သက်ဆင်ကတော့ လက်ရှိမှာ ထိုင်း နိုင်ငံပြင်ပမှာနေထိုင်နေပြီး အကျင့်ပျက် လာဘ်စားမှုစွဲချက်တွေ ရင်ဆိုင်နေရပါတယ်။
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News ျမစ္ႀကီးနား၊ ေဖေဖၚဝါရီ ၂၀ ကခ်င္ျပည္နယ္ ေခါင္လန္ဖူးေဒသခံမ်ားအတြက္ လီဆူရိုးရာ ဝတ္ဆုံ ၂၀စုံကို ကခ်င္ျပည္နယ္ လီဆူတုိင္းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" ျမန္ မာ နိုင္ ငံ ကို ေပး သင့္ တဲ့ နစ္ နာ ေၾကး အ ေလ်ာ္ " (ေဆာင္း ပါး) ရ ခိုင္ ေဒ သ က မြတ္ စ လင္ ဘ ဂၤါ လီ ျပ ႆ နာ ေၾကာင္...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment