Search

Sunday, May 19, 2019

မိုးညႇင္းအက်ဥ္းေထာင္တြင္ တာဝန္က် ရဲဝန္ထမ္းထံမွ အျဖဴေရာင္ေကာ္ဗူး (၂)ဗူး ႏွင့္အတူ ေတြ႕ရိွသျဖင့္ ၿမိဳ႕နယ္ရဲစခန္းတြင္ စစ္ေဆးလွ်က္ရိွ



မိုးညႇင္းအက်ဥ္းေထာင္တြင္ တာဝန္က် ရဲဝန္ထမ္းထံမွ အျဖဴေရာင္ေကာ္ဗူး (၂)ဗူး ႏွင့္အတူ ေတြ႕ရိွသျဖင့္ ၿမိဳ႕နယ္ရဲစခန္းတြင္ စစ္ေဆးလွ်က္ရိွ

EPN
မိုးညႇင္း၊ ေမ ၁၉

မိုးညႇင္း အက်ဥ္းေထာင္သို႔ လံုျခဳေရးအရ တာဝန္ထမ္းေဆာင္ေနေသာ ရဲဝန္ထမ္း တစ္ဦး ထံမွ မူးယစ္ေဆးဝါးဟု ယူဆရေသာ အျဖဴေရာင္ေကာ္ဗူး(၂)ဗူးကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ရဲဝန္ထမ္းအား သက္ဆိုင္ရာ တာဝန္ရိွသူမ်ားထံ လြဲအပ္ေပးခဲ့ေၾကာင္းႏွင့္ မိုးညႇင္းၿမိဳ႕နယ္ ရဲစခန္းတြင္ ၎အားစစ္ေဆးလွ်က္ရိွေၾကာင္း မိုးညႇင္းအက်ဥ္းဦးစီးဌာန၊ ေထာင္ပိုင္ တာဝန္ခံ ဦးသိန္းေဇာ္ေမာင္ထံမွ သိရသည္။

“ဟုတ္ပါတယ္ ဒါနဲ႔ပတ္သက္ၿပီး ရဲအေရးျဖစ္တဲ့အတြက္ သက္ဆိုင္ရာ ရဲဌာနကို လႊဲေျပာင္း ေပးအပ္လိုက္ပါၿပီ။ ဟိုပင္နယ္ေျမရဲစခန္းကေန အလွည့္က်တာဝန္ထမ္းေဆာင္ဘို႔ လာေရာက္သူ ျဖစ္ပါတယ္။ေရခ်ိဳးခန္းထဲမွာ ၾကာေနတဲ့အတြက္ ေထာင္ဝန္ထမ္းကို သြားေရာက္ ၾကည့္႐ူ႕ခိုင္းတဲ့အခါ ေမွာက္လွ်က္လဲက်ေနၿပီး သူလြယ္ထားတဲ့ အိတ္အတြင္းမွာ အျဖဴေရာင္ေကာ္ဗူးႏွစ္ဗူးေတြ႕ပါတယ္”ဟု ဦးသိန္းေဇာ္ေမာင္က ေျပာသည္။ 

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ဟိုပင္နယ္ေျမရဲစခန္းသို႔ ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းခဲ့ရာ စခန္းမွဴး ဗ်က္ဆန္း ကေတာ့ “ဟုတ္ပါတယ္ဗ်၊ ဒီသတင္းက အမွန္ပါ၊ သူ႕ကို မိုးညႇင္း ရဲစခန္းမွာ စစ္မယ္လို႔ သိရပါတယ္။ နာမည္က ဝင္းလြင္ဦးပါ ဒုတပ္ၾကပ္တာဝန္နဲ႔ ေမလ(၁၈)ရက္ေန႔ ညေနက တာဝန္နဲ႔ လံုၿခံဳေရး ယူဘို႔ သြားပါတယ္။ က်ေနာသိရသေလာက္က မူးယစ္ေဆးသံုးေနတာ မဟုတ္ဘဲ အရက္မူးၿပီး ေမွာက္လဲေနတံုး သူ႕ကိုရွာေဖြတဲ့အခါ သူ႕လြယ္အိတ္ထဲက ေကာ္ဗူးအျဖဴေရာင္ (၂)ဗူးေတြ႕တဲ့ အတြက္ မိုးညႇင္းၿမိဳ႕နယ္ရဲစခန္းမွာ စစ္ေဆးခံေနရတယ္လို႔ သိရပါတယ္”ဟု ဟိုပင္နယ္ေျမရဲစခန္းမွ စခန္းမွဴး ဗ်တ္ဆန္း က ယခုလိုေျဖၾကားခဲ့သည္။

တာဝန္အရ လံုၿခံဳေရးေဆာင္ရြက္ေနစဥ္ ဝန္ထမ္းက်င့္ဝတ္ႏွင့္မညီၫြတ္သျဖင့္ အဆိုပါရဲဝန္ထမ္းျဖစ္သူ ဒုတပ္ၾကပ္ ဝင္းလြင္ဦးအား မိုးညႇင္းၿမိဳ႕နယ္ရဲစခန္းတြင္ စစ္ေဆးလွ်က္ရိွေၾကာင္း မိုးညႇင္းၿမိဳ႕နယ္ရဲစခန္းမွ ၿမိဳ႕နယ္မွဴး ဦးေဇာ္ဝင္းက ေျဖၾကားခဲ့သည္။

မိုးျမင့္
---------------------------------------------------------------

မိုးညှင်းအကျဉ်းထောင်တွင် တာဝန်ကျ ရဲဝန်ထမ်းထံမှ အဖြူရောင်ကော်ဗူး (၂)ဗူး နှင့်အတူ တွေ့ရှိသဖြင့် မြို့နယ်ရဲစခန်းတွင် စစ်ဆေးလျှက်ရှိ
EPN

မိုးညှင်း၊ မေ ၁၉

မိုးညှင်း အကျဉ်းထောင်သို့ လုံခြုရေးအရ တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်း တစ်ဦး ထံမှ မူးယစ်ဆေးဝါးဟု ယူဆရသော အဖြူရောင်ကော်ဗူး(၂)ဗူးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ရဲဝန်ထမ်းအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ လွဲအပ်ပေးခဲ့ကြောင်းနှင့် မိုးညှင်းမြို့နယ် ရဲစခန်းတွင် ၎င်းအားစစ်ဆေးလျှက်ရှိကြောင်း မိုးညှင်းအကျဉ်းဦးစီးဌာန၊ ထောင်ပိုင် တာဝန်ခံ ဦးသိန်းဇော်မောင်ထံမှ သိရသည်။

“ဟုတ်ပါတယ် ဒါနဲ့ပတ်သက်ပြီး ရဲအရေးဖြစ်တဲ့အတွက် သက်ဆိုင်ရာ ရဲဌာနကို လွှဲပြောင်း ပေးအပ်လိုက်ပါပြီ။ ဟိုပင်နယ်မြေရဲစခန်းကနေ အလှည့်ကျတာဝန်ထမ်းဆောင်ဘို့ လာရောက်သူ ဖြစ်ပါတယ်။ရေချိုးခန်းထဲမှာ ကြာနေတဲ့အတွက် ထောင်ဝန်ထမ်းကို သွားရောက် ကြည့်ရူ့ခိုင်းတဲ့အခါ မှောက်လျှက်လဲကျနေပြီး သူလွယ်ထားတဲ့ အိတ်အတွင်းမှာ အဖြူရောင်ကော်ဗူးနှစ်ဗူးတွေ့ပါတယ်”ဟု ဦးသိန်းဇော်မောင်က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဟိုပင်နယ်မြေရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းမှူး ဗျက်ဆန်း ကတော့ “ဟုတ်ပါတယ်ဗျ၊ ဒီသတင်းက အမှန်ပါ၊ သူ့ကို မိုးညှင်း ရဲစခန်းမှာ စစ်မယ်လို့ သိရပါတယ်။ နာမည်က ဝင်းလွင်ဦးပါ ဒုတပ်ကြပ်တာဝန်နဲ့ မေလ(၁၈)ရက်နေ့ ညနေက တာဝန်နဲ့ လုံခြုံရေး ယူဘို့ သွားပါတယ်။ ကျနောသိရသလောက်က မူးယစ်ဆေးသုံးနေတာ မဟုတ်ဘဲ အရက်မူးပြီး မှောက်လဲနေတုံး သူ့ကိုရှာဖွေတဲ့အခါ သူ့လွယ်အိတ်ထဲက ကော်ဗူးအဖြူရောင် (၂)ဗူးတွေ့တဲ့ အတွက် မိုးညှင်းမြို့နယ်ရဲစခန်းမှာ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်”ဟု ဟိုပင်နယ်မြေရဲစခန်းမှ စခန်းမှူး ဗျတ်ဆန်း က ယခုလိုဖြေကြားခဲ့သည်။

တာဝန်အရ လုံခြုံရေးဆောင်ရွက်နေစဉ် ဝန်ထမ်းကျင့်ဝတ်နှင့်မညီညွတ်သဖြင့် အဆိုပါရဲဝန်ထမ်းဖြစ်သူ ဒုတပ်ကြပ် ဝင်းလွင်ဦးအား မိုးညှင်းမြို့နယ်ရဲစခန်းတွင် စစ်ဆေးလျှက်ရှိကြောင်း မိုးညှင်းမြို့နယ်ရဲစခန်းမှ မြို့နယ်မှူး ဦးဇော်ဝင်းက ဖြေကြားခဲ့သည်။

မိုးမြင့်
 

Friday, May 17, 2019

မိုးေကာင္းၿမိဳ႕နယ္ကို ငွက္ဖ်ားကူးစက္မႈပေပ်ာက္ေရးအတြက္ စီမံခ်က္ ခ်မွတ္ေဆာင္ရြက္ေနဟု ေဆးရုံအုပ္ႀကီး ေျပာၾကား



မိုးေကာင္းၿမိဳ႕နယ္ကို ငွက္ဖ်ားကူးစက္မႈပေပ်ာက္ေရးအတြက္ စီမံခ်က္ ခ်မွတ္ေဆာင္ရြက္ေနဟု ေဆးရုံအုပ္ႀကီး ေျပာၾကား

EPN
မိုးေကာင္း၊ ေမ ၁၇

မိုးေကာင္းၿမိဳ႕နယ္အတြင္း ျပည္သူမ်ား ငွက္ဖ်ားကူးစက္မႈပေပ်ာက္ေရးအတြက္ စီမံခ်က္ ခ်မွတ္ၿပီး ေဆာင္ရြက္ ေနေၾကာင္း မိုးေကာင္းၿမိဳ႕နယ္ ျပည္သူေဆးရုံအုပ္ႀကီး၊ ၿမိဳ႕နယ္္ျပည္သူ႕က်န္းမာေရးဦးစီးဌာန ေဒါက္တာ ေကာင္းျမတ္စံက ေျပာၾကားသည္။

မိုးေကာင္းၿမိဳ႕နယ္တြင္ ၂၀၁၄ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အတြင္း ငွက္ဖ်ားေရာဂါျဖစ္ပြားသူ ၁၉၂၉ ဦးရွိ၍ ငွက္ဖ်ားေရာဂါျဖစ္ပြားမႈနႈန္းမွာ တစ္နွစ္ထက္တစ္နွစ္ပိုမို က်ဆင္းလ်က္ရိွေနျပီး ထို႔အျပင္ ၿပီးခဲ့သည့္ ၂၀၁၈ခုႏွစ္တြင္ ေရာဂါျဖစ္ပြားသူ ၇၃ဦးရွိ၍ အဆိုပါ (၅)ႏွစ္အတြင္း ငွက္ဖ်ားေရာဂါေၾကာင့္ ေသဆံုးသူမရွိေၾကာင္း ၎က ဆက္ ေလက္ေျပာၾကားသည္။

“က်ေနာ္တို႔ အရင္က ငွက္ဖ်ားေရာဂါႏွိမ္နင္းဖို႔ျခင္ေတြကို ပစ္မွတ္ထားခဲ့တယ္။ ျခင္ေတြက ေရရွိရာေနရာေတြျဖစ္တဲ့ စိမ့္စမ္းေခ်ာင္း၊ေရဝပ္ၿပီး ေရတင္က်န္တဲ့ ေနရာေတြ(ေရကန္၊ေရအိုင္)၊ ဥယ်ာဥ္ၿခံအတြင္းကေရတြင္းေတြ၊ လက္ယက္တြင္းေတြ၊ ဆည္၊ တမံ၊ ေျမာင္းနဲ႔ေျမာင္းလက္တံေတြ၊ပုဇြန္ကန္၊ ေရခ်ိဳ၊ ေရငံစပ္တဲ့ေနရာအစရွိသျဖင့္ ေနရာတိုင္းမွာေပါက္ဖြားေနေတာ့ ေနရာတိုင္းကိုလိုက္ႏွိမ္နင္း လို႔ မျဖစ္ႏိုင္ဘူး။ ဒါေၾကာင့္ အခုက ျခင္ကိုပစ္မွတ္မထားေတာ့ဘဲ လူကိုပစ္မွတ္ထားၿပီး ႏွိမ္နင္းမယ္။
ေရာဂါျဖစ္ပြားတယ္လို႔ သံသယရွိသူကိုေတြ႕တာနဲ႔ စတင္ျဖစ္ပြားၿပီး (၂၄) နာရီအတြင္း ေသြးေဖာက္စစ္ေဆး မယ္ ငွက္ဖ်ားေဒသက ျပန္လာသူေတြကို ငွက္ဖ်ား ေသြးေဖာက္စစ္ေဆးေစမယ္။ငွက္ဖ်ား ေတြ႕ရွိလူနာကို စုံစမ္းေမးျမန္းၿပီး ခရီးသြားေဖာ္မိသားစု အိမ္နီးခ်င္းေတြကို ေသြးေဖာက္စစ္ေဆးနိုင္ေရး အကူအညီေပးမယ္ ငွက္ဖ်ားကူးစက္မႈရွိႏိုင္တဲ့ဧရိယာသတ္မွတ္ၿပီး ကူးစက္မဲ့အေျခအေန၊ ဆက္လက္ကူးစက္နိုင္မဲ့ အေျခအေနနဲ႔ သင့္ေလ်ာ္တဲ့ထိန္းခ်ဳပ္ေရးနည္းလမ္းေတြကိုေဆာင္ရြက္မယ္ ေနာက္စဥ္ဆက္မျပတ္ကြင္းဆင္း စုံစမ္းစစ္ ေဆးမယ္။လူထုအတြင္းကို ငွက္ဖ်ားေရာဂါကာကြယ္ေရး အသိပညာတိုးပြားေရး က်န္းမာေရးပညာေပး လုပ္ငန္းေတြကို လုပ္ေဆာင္မယ္" ဟုေဆးရံုအုပ္ႀကီး ေဒါက္တာ ေကာင္းျမတ္စံက ေျပာသည္။

ကခ်င္ျပည္နယ္ရွိ မိုးေကာင္းၿမိဳ႕နယ္ ႏွင့္ၿမစ္ႀကီးနားၿမိဳ႕နယ္မ်ားတြင္ ေဒသတြင္း ငွက္ဖ်ားကူးစက္မႈ ပေပ်ာက္ ေရးစီမံခ်က္မ်ားကို ျပည္ပအဖြဲ႔အစည္းမ်ားျဖစ္သည့္ PSI၊MCC စသည့္ INGO၊ NGO အဖြဲ႔အစည္းမ်ားႏွင့္ ပူးေပါင္း ေဆာင္ရြက္လ်ွက္ရွိရာ ေဒသ၏ ငွက္ဖ်ားကူးစက္နိုင္မႈ အေျခအေန(Receptivity) ႏွင့္ ငွက္ဖ်ားပိုး သယ္ေဆာင္ထားေသာ လူမ်ား ဝင္ထြက္သြားလာမႈအေျခအေန(Vulnerability) တို႔အေပၚ မူတည္၍ ဆီေလ်ာ္ေသာနည္းလမ္းမ်ားျဖင့္ ေဒသတြင္း ငွက္ဖ်ားေရာဂါ ကူးစက္မႈကို ျပတ္ေတာက္သြားေအာင္ ေဆာင္ရြက္ သြားမည္ဟုလည္း သိရသည္။

"မိုးေကာင္းၿမိဳ႕နယ္အတြင္းကငွက္ဖ်ားေရာဂါ ျဖစ္ပြားမႈရွိခဲ့တဲ့ ေနရာမွတ္တမ္းေတြအရ နယ္ေျမ (၄၇) ေနရာသတ္မွတ္ၿပီး လူ ႏွစ္ဦးကို ေဆးျခင္ေထာင္တစ္လံုးႏႈန္းနဲ႔ လူဦးေရ (၇၇၇၀၀)ဦးအတြက္ ျခင္ေထာင္ (၃၉၀၅၃)လံုးကို ယခုလအတြင္းမွာဘဲလိုက္လံေဝငွေပးခဲ့ၿပီး ျဖစ္ပါတယ္" ၿမိဳ႕ နယ္က်န္းမာေရးမွဴး အဆင့္(၁)ဦးလႀကံဳဘရန္က ေျပာသည္။

ကခ်င္ျပည္နယ္ တစ္ျပည္နယ္လုံးတြင္ ၂၀၁၂ ခုႏွစ္ မွ ၁၈ ခုႏွစ္အထိ ငွက္ဖ်ားေရာဂါ ျဖစ္ပြားသူ(၁၆၆၄၆၂)ဦး ရွိၿပီး ေသဆုံးသူ (၈၇)ဦးရွိကာ ယင္းထဲမွ ဝိုင္းေမာ္ၿမိဳ႕နယ္သည္ ငွက္ဖ်ားေရာဂါ ျဖစ္ပြားသူအမ်ားဆံုးျဖစ္ေၾကာင္း သိရသည္။

ခ်ိဳေမာင္
----------------------------------------------------------------

မိုးကောင်းမြို့နယ်ကို ငှက်ဖျားကူးစက်မှုပပျောက်ရေးအတွက် စီမံချက် ချမှတ်ဆောင်ရွက်နေဟု ဆေးရုံအုပ်ကြီး ပြောကြား


EPN
မိုးကောင်း၊ မေ ၁၇

မိုးကောင်းမြို့နယ်အတွင်း ပြည်သူများ ငှက်ဖျားကူးစက်မှုပပျောက်ရေးအတွက် စီမံချက် ချမှတ်ပြီး ဆောင်ရွက် နေကြောင်း မိုးကောင်းမြို့နယ် ပြည်သူဆေးရုံအုပ်ကြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာ ကောင်းမြတ်စံက ပြောကြားသည်။

မိုးကောင်းမြို့နယ်တွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၁၉၂၉ ဦးရှိ၍ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ်ပိုမို ကျဆင်းလျက်ရှိနေပြီး ထို့အပြင် ပြီးခဲ့သည့် ၂၀၁၈ခုနှစ်တွင် ရောဂါဖြစ်ပွားသူ ၇၃ဦးရှိ၍ အဆိုပါ (၅)နှစ်အတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးသူမရှိကြောင်း ၎င်းက ဆက် လေက်ပြောကြားသည်။

“ကျနော်တို့ အရင်က ငှက်ဖျားရောဂါနှိမ်နင်းဖို့ခြင်တွေကို ပစ်မှတ်ထားခဲ့တယ်။ ခြင်တွေက ရေရှိရာနေရာတွေဖြစ်တဲ့ စိမ့်စမ်းချောင်း၊ရေဝပ်ပြီး ရေတင်ကျန်တဲ့ နေရာတွေ(ရေကန်၊ရေအိုင်)၊ ဥယျာဉ်ခြံအတွင်းကရေတွင်းတွေ၊ လက်ယက်တွင်းတွေ၊ ဆည်၊ တမံ၊ မြောင်းနဲ့မြောင်းလက်တံတွေ၊ပုဇွန်ကန်၊ ရေချို၊ ရေငံစပ်တဲ့နေရာအစရှိသဖြင့် နေရာတိုင်းမှာပေါက်ဖွားနေတော့ နေရာတိုင်းကိုလိုက်နှိမ်နင်း လို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် အခုက ခြင်ကိုပစ်မှတ်မထားတော့ဘဲ လူကိုပစ်မှတ်ထားပြီး နှိမ်နင်းမယ်။

ရောဂါဖြစ်ပွားတယ်လို့ သံသယရှိသူကိုတွေ့တာနဲ့ စတင်ဖြစ်ပွားပြီး (၂၄) နာရီအတွင်း သွေးဖောက်စစ်ဆေး မယ် ငှက်ဖျားဒေသက ပြန်လာသူတွေကို ငှက်ဖျား သွေးဖောက်စစ်ဆေးစေမယ်။ငှက်ဖျား တွေ့ရှိလူနာကို စုံစမ်းမေးမြန်းပြီး ခရီးသွားဖော်မိသားစု အိမ်နီးချင်းတွေကို သွေးဖောက်စစ်ဆေးနိုင်ရေး အကူအညီပေးမယ် ငှက်ဖျားကူးစက်မှုရှိနိုင်တဲ့ဧရိယာသတ်မှတ်ပြီး ကူးစက်မဲ့အခြေအနေ၊ ဆက်လက်ကူးစက်နိုင်မဲ့ အခြေအနေနဲ့ သင့်လျော်တဲ့ထိန်းချုပ်ရေးနည်းလမ်းတွေကိုဆောင်ရွက်မယ် နောက်စဉ်ဆက်မပြတ်ကွင်းဆင်း စုံစမ်းစစ် ဆေးမယ်။လူထုအတွင်းကို ငှက်ဖျားရောဂါကာကွယ်ရေး အသိပညာတိုးပွားရေး ကျန်းမာရေးပညာပေး လုပ်ငန်းတွေကို လုပ်ဆောင်မယ်" ဟုဆေးရုံအုပ်ကြီး ဒေါက်တာ ကောင်းမြတ်စံက ပြောသည်။

ကချင်ပြည်နယ်ရှိ မိုးကောင်းမြို့နယ် နှင့်မြစ်ကြီးနားမြို့နယ်များတွင် ဒေသတွင်း ငှက်ဖျားကူးစက်မှု ပပျောက် ရေးစီမံချက်များကို ပြည်ပအဖွဲ့အစည်းများဖြစ်သည့် PSI၊MCC စသည့် INGO၊ NGO အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိရာ ဒေသ၏ ငှက်ဖျားကူးစက်နိုင်မှု အခြေအနေ(Receptivity) နှင့် ငှက်ဖျားပိုး သယ်ဆောင်ထားသော လူများ ဝင်ထွက်သွားလာမှုအခြေအနေ(Vulnerability) တို့အပေါ် မူတည်၍ ဆီလျော်သောနည်းလမ်းများဖြင့် ဒေသတွင်း ငှက်ဖျားရောဂါ ကူးစက်မှုကို ပြတ်တောက်သွားအောင် ဆောင်ရွက် သွားမည်ဟုလည်း သိရသည်။

"မိုးကောင်းမြို့နယ်အတွင်းကငှက်ဖျားရောဂါ ဖြစ်ပွားမှုရှိခဲ့တဲ့ နေရာမှတ်တမ်းတွေအရ နယ်မြေ (၄၇) နေရာသတ်မှတ်ပြီး လူ နှစ်ဦးကို ဆေးခြင်ထောင်တစ်လုံးနှုန်းနဲ့ လူဦးရေ (၇၇၇၀၀)ဦးအတွက် ခြင်ထောင် (၃၉၀၅၃)လုံးကို ယခုလအတွင်းမှာဘဲလိုက်လံဝေငှပေးခဲ့ပြီး ဖြစ်ပါတယ်" မြို့ နယ်ကျန်းမာရေးမှူး အဆင့်(၁)ဦးလကြုံဘရန်က ပြောသည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ၂၀၁၂ ခုနှစ် မှ ၁၈ ခုနှစ်အထိ ငှက်ဖျားရောဂါ ဖြစ်ပွားသူ(၁၆၆၄၆၂)ဦး ရှိပြီး သေဆုံးသူ (၈၇)ဦးရှိကာ ယင်းထဲမှ ဝိုင်းမော်မြို့နယ်သည် ငှက်ဖျားရောဂါ ဖြစ်ပွားသူအများဆုံးဖြစ်ကြောင်း သိရသည်။

ချိုမောင်
 

မိုးေကာင္းၿမိဳ႕နယ္ ဆားေမွာ္ေက်းရြာတြင္ မူးယစ္ေဆး၀ါးဖမ္းဆီးရမိ



မိုးေကာင္းၿမိဳ႕နယ္ ဆားေမွာ္ေက်းရြာတြင္ မူးယစ္ေဆး၀ါးဖမ္းဆီးရမိ

EPN
မိုးေကာင္း၊ ေမ ၁၇

မိုးေကာင္းၿမိဳ႕နယ္ ဆားေမွာ္ေက်း႐ြာတြင္  မူးယစ္ေဆး၀ါး ေရာင္းခ်သံုးစြဲေနေၾကာင္း သတင္းအရ ရွာေဖြဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ ဆြတ္ငိုင္ရပ္ကြက္ ေဒၚမ႐ြယ္၏ ေနအိမ္တြင္ ေမ-၁၇ ရက္နံနက္ ၉နာရီခြဲအခ်ိန္က မူးယစ္ေဆးဝါးေရာင္းခ်သံုးစြဲေနေၾကာင္း သတင္းအရ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴ း၏မူးယစ္ေဆးဝါး ေနအိမ္ရွာေဖြဖမ္းဆီးခြင့္ဝရမ္းအမွတ္(၃၇/၂၀၁၉)ျဖင့္ ဆားေမွာ္ရဲကင္းစခန္း ရဲကင္းမွဴး ဒုရဲအုပ္ ထက္ေဝေအာင္ ဦးစီးတပ္ဖြဲ႕ဝင္မ်ားသည္ ေဒၚမ႐ြယ္၏ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေနအိမ္မီးဖိုခန္းရွိ ဆန္ပုံးအတြင္းမွ PROFESSION တံဆိပ္ အစိမ္းေရာင္ဗူးအတြင္းမွ ဘိန္းမဲဟုယူဆရေသာ အညိုေရာင္အေစအေလးခ်ိန္ (၇၀၀)ဂရမ္ခန႔္ ပါ(၁)ဗူး၊ ေဒၚမ႐ြယ္ႏွင့္အတူလာေရာက္ေနထိုင္သူ ထြန္းသိန္းတို႔ အိပ္သည့္ ေနအိမ္ အိပ္ခန္းအတြင္း ရွာေဖြရာ ေဒၚမ႐ြယ္ အိပ္ယာခင္းေအာက္မွ ပလပ္စတစ္ဗူးျဖင့္ထည့္ထားသည့္ ဘိန္းျဖဴဟုယူဆရေသာျဖဴ /ဝါမႈန႔္ အေလးခ်ိန္ (၀. ၁၂)ဂရမ္ခန႔္ပါတစ္ဗူး (၀. ၂)ဂရမ္ခန႔္ပါ တစ္ဗူး၊ အျပာေရာင္ကပ္ခြာအိတ္ျဖင့္ထည့္လွ်က္ စိတ္ႂကြ႐ူးသြပ္ေဆးျပားဟုယူဆရေသာ စာတမ္းမပါပန္းေရာင္ ေဆးျပား(၉)ျပား ဘိန္းဆီခဲဟု ယူဆရေသာ အမဲေရာင္အခဲအေလးခ်ိန္ (၁၆)ဂရမ္ခန႔္ပါ တစ္ထုပ္၊ ယာဘက္ျခမ္းရွိ ထြန္းသိန္းအိပ္သည့္ အိပ္ယာေဘးမွ ဘိန္းမဲဟုယူဆရေသာ အညိုေရာင္အေစး(၀.၅) ဂရမ္ ၊ခန႔္စီပါ (၂၆)ထုပ္ထည့္ထားသည့္ အျဖဴေရာင္ ပလပ္စတစ္ဗူးဝိုင္းတစ္ဗူး၊ အေလးခ်ိန္(၁၃)ဂရမ္ခန႔္ႏွင့္ တစ္ဂရမ္ခန႔္ စီပါ ဘိန္းမဲဟုယူဆရေသာ အညိုေရာင္အေစး(၈)ထုပ္ ထည့္ထားသည့္ အျဖဴေရာင္ပလပ္စတစ္တစ္ဗူး၊ အေလးခ်ိန္(၈)ဂရမ္ခန႔္အား ေတြ႕ရွိသိမ္းဆည္းရမိသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မိုးေကာင္းၿမိဳ႕မရဲစခန္းမွ ေဒၚမ႐ြယ္ႏွင့္ ထြန္းသိန္းတို႔ ႏွစ္ဦးကို မယ(ပ)၂၆/၁၉ မူး/စိတ္ပုဒ္မ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္းသိရသည္။

ခ်ိဳေမာင္

------------------------------------------------------- 

မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ


EPN
မိုးကောင်း၊ မေ ၁၇

မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင်  မူးယစ်ဆေးဝါး ရောင်းချသုံးစွဲနေကြောင်း သတင်းအရ ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆွတ်ငိုင်ရပ်ကွက် ဒေါ်မရွယ်၏ နေအိမ်တွင် မေ-၁၇ ရက်နံနက် ၉နာရီခွဲအချိန်က မူးယစ်ဆေးဝါးရောင်းချသုံးစွဲနေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူ း၏မူးယစ်ဆေးဝါး နေအိမ်ရှာဖွေဖမ်းဆီးခွင့်ဝရမ်းအမှတ်(၃၇/၂၀၁၉)ဖြင့် ဆားမှော်ရဲကင်းစခန်း ရဲကင်းမှူး ဒုရဲအုပ် ထက်ဝေအောင် ဦးစီးတပ်ဖွဲ့ဝင်များသည် ဒေါ်မရွယ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်မီးဖိုခန်းရှိ ဆန်ပုံးအတွင်းမှ PROFESSION တံဆိပ် အစိမ်းရောင်ဗူးအတွင်းမှ ဘိန်းမဲဟုယူဆရသော အညိုရောင်အစေအလေးချိန် (၇၀၀)ဂရမ်ခန့် ပါ(၁)ဗူး၊ ဒေါ်မရွယ်နှင့်အတူလာရောက်နေထိုင်သူ ထွန်းသိန်းတို့ အိပ်သည့် နေအိမ် အိပ်ခန်းအတွင်း ရှာဖွေရာ ဒေါ်မရွယ် အိပ်ယာခင်းအောက်မှ ပလပ်စတစ်ဗူးဖြင့်ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသောဖြူ /ဝါမှုန့် အလေးချိန် (ဝ. ၁၂)ဂရမ်ခန့်ပါတစ်ဗူး (ဝ. ၂)ဂရမ်ခန့်ပါ တစ်ဗူး၊ အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်လျှက် စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော စာတမ်းမပါပန်းရောင် ဆေးပြား(၉)ပြား ဘိန်းဆီခဲဟု ယူဆရသော အမဲရောင်အခဲအလေးချိန်(၁၆)ဂရမ်ခန့်ပါ တစ်ထုပ်၊ ယာဘက်ခြမ်းရှိ ထွန်းသိန်းအိပ်သည့် အိပ်ယာဘေးမှ ဘိန်းမဲဟုယူဆရသော အညိုရောင်အစေး(ဝ.၅) ဂရမ် ၊ခန့်စီပါ (၂၆)ထုပ်ထည့်ထားသည့် အဖြူရောင် ပလပ်စတစ်ဗူးဝိုင်းတစ်ဗူး၊ အလေးချိန်(၁၃)ဂရမ်ခန့်နှင့် တစ်ဂရမ်ခန့် စီပါ ဘိန်းမဲဟုယူဆရသော အညိုရောင်အစေး(၈)ထုပ် ထည့်ထားသည့် အဖြူရောင်ပလပ်စတစ်တစ်ဗူး၊ အလေးချိန်(၈)ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းရမိသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကောင်းမြို့မရဲစခန်းမှ ဒေါ်မရွယ်နှင့် ထွန်းသိန်းတို့ နှစ်ဦးကို မယ(ပ)၂၆/၁၉ မူး/စိတ်ပုဒ်မ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ချိုမောင်

Thursday, May 16, 2019

တာဝန္ယူမႈတာဝန္ခံမႈရိွတတ္ပါေစ


 
တာဝန္ယူမႈတာဝန္ခံမႈရိွတတ္ပါေစ

EPN
ေဆာင္းပါး၊ ေမလ ၁၆

လုပ္ငန္းခြင္သို႔ ဝင္ၾကျပီဆိုကတည္းက မိမိလုပ္ရမည့္ အလုပ္အတြက္ တာဝန္ယူမႈတာဝန္ခံမႈသည္ တြဲလ်က္ ပါလာျခင္းကိုလူတိုင္းသတိမထားတတ္ၾကသည္မွာ ဆန္းစစ္ရန္ လိုအပ္ေပသည္။

တာဝန္ယူမႈတာဝန္ခံမႈသည္ တစ္ဦးျခင္း၊ တစ္ေယာက္ျခင္းနွင့္သက္ဆိုင္သည့္နည္းတူ အစုအဖြဲ႕၏ ေအာင္ျမင္တိုးတက္ေရးကိုလည္း ေထာက္ပံ့ေပးရာေရာက္ပါသည္။ ထိုသို႔ဆိုရာတြင္ လုပ္ငန္းခြင္သို႔ စတင္ဝင္ေရာက္သည့္အခါ ကတိသစၥာျပဳခ်ဳပ္ဆိုျခင္းျဖင့္ အလုပ္ရွင္/အလုပ္သမား အျပန္အလွန္ ခ်စ္ခင္မႈ ၊ ေလးစားမႈကိုအေျခခံသည့္ေနွာင္ၾကိဳး ကိုျဖစ္ေစမည္ဟုဆိုရပါမည္။

ျပသနာမ်ားၾကံဳေတြ႕သည့္အခါမ်ားတြင္ ကတိသစၥာအားျဖင့္ တာဝန္ပ်က္ကြက္မႈ၊ တာဝန္ယူ အားနည္းမႈေတြကို အခ်င္းခြင့္လႊတ္တတ္ျခင္း ၊ ေတာင္းပန္ျခင္းတို႔ကိုျဖစ္ေပၚေစျပီး အလုပ္တာဝန္မွရပ္စဲျခင္း ၊ ဖယ္ရွားျခင္းတို႔မွ ကင္းေဝးေစမည္ျဖစ္ေပသည္။

တာဝန္ယူမႈတာဝန္ခံမႈသည္ ပူးေပါင္း လုပ္ေဆာင္တတ္သည့္စိတ္ဓါတ္ကိုအေျခခံသည္။ လုပ္ေဖၚကိုင္ဖက္မ်ားသည္ အခ်င္းခ်င္း လက္ေဝွ႔ ထိုးသတ္မည့္ျပိဳင္ဖက္ကဲ့သို႔ သေဘာမထားပဲ ၊ ေလယာဥ္ေမာင္းနွင္ေနုသည့္ ေလယာဥ္မွဴးသမားမ်ားပမာ ပူးေပါင္းလုပ္ေဆာင္နိုင္ရန္လိုအပ္ေပသည္။

တာဝန္ယူမႈတာဝန္ခံမႈုသည္ မိမိကိုယ္တိုင္တာဝန္ယူနိုင္သည့္နည္းတူ အဖြဲ႕အစည္းအတြက္ တာဝန္ယူျခင္းနွင့္လည္းတိုက္ရိုက္အခ်ိဳးက်ပါသည္။ က်မ္းစာေတာ္ျမတ္တြင္" ကိုယ့္အက်ိဳးကိုပဲ အာရံုမစိုက္ပါနဲ႔ ၊ သူတစ္ပါးအက်ိဳးကိုလည္း ထည့္စဥ္း စားေပးၾကပါ " ပါဟု သြန္သင္ခ်က္ကိုလည္း သတိမူရေပမည္။

သို႔ရာတြင္ တာဝန္ခံမႈတာဝန္ယူမႈအတြက္ ကၽြမ္းက်င္သူပညာရွင္မ်ားသည္ ဝန္ထမ္းမ်ားကို မ်ားမ်ားခ်ီးမြမ္းေပးပါဟု ေျပာၾကသည့္နည္းတူ ၊ အခ်ိဳ႕ေသာပညာရွင္မ်ားမွာ စည္းကမ္း တင္းက်ပ္ေပးပါ ဟုေျပာၾကသည္မ်ားလည္း မွတ္သားရပါသည္။

လုပ္ငန္းခြင္တိုင္းအတြက္ တာဝန္ယူမႈတာဝန္ခံမႈ အျပည့္အဝရွိေစရန္ကၽြမ္းက်င္မႈမ်ား မရွိပါက လစ္ဟာသြားနိုင္သည့္ အတြက္ မိမိကိုယ္တိုင္ ကၽြမ္းက်င္မႈရွိေစရန္ အစဥ္တစိုက္ေလ့လာေနရမည္ဟု အၾကံျပဳလိုပါသည္။

အထူးသျဖင့္ တာဝန္ယူမႈတာဝန္ခံမႈအားနည္းျခင္းသည္ လူငယ္မ်ားတြင္အမ်ားဆံုးေတြ႕ရေၾကာင္း ပညာရွင္မ်ားက သံုးသပ္ၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ္ လူငယ္မ်ားသည္ ကၽြမ္းက်င္မႈမရွိပဲ ၾကီးျပင္းလာၾကေသာေၾကာင့္ျဖစ္ျပီး ၊ ရည္ရြယ္ခ်က္ရွိရွိ ကၽြမ္းက်င္ေအာင္ မေလ့က်င့္ၾကေသာေၾကာင့္ ျဖစ္ေပသည္။

အနွစ္ခ်ဳပ္ကိုဆိုရလွ်င္ တာဝန္ယူမႈတာဝန္ခံမႈျဖစ္လာေစရန္ လူငယ္မ်ားကို မိဘ ၊ အုပ္ထိန္းသူ ၊ ေခါင္းေဆာင္ ၊ အၾကီးအကဲမ်ားမွ ဆံုးမသြန္သင္မႈ ၊ လမ္းျပမႈ ၊ ပညာေပးမႈတို႔ျဖင့္ ကေလးဘဝကတည္းက သူတို႔ကိုယ္သူတို႔ ယံုၾကည္မႈျဖစ္ေစရန္ တာဝန္ေပးတတ္ရမွာျဖစ္သလို အရာခပ္သိမ္း ကၽြမ္းက်င္သင့္သည့္ ညႊန္ျပခ်က္မ်ားကို လည္း ႏွလံုးသားမွာစြဲျမဲေစရန္ေလ့က်င့္ေပးရန္ လိုအပ္မည္ျဖစ္ေပသည္။

ဆံုးမသြန္သင္ျခင္းသည္ လမ္းမွန္ေရာက္ရန္ ေလွာ္ခတ္ေနသည့္ တက္မႏွင့္တူျပီး ၊ စည္းကမ္းခ်မွတ္ေပးျခင္း ၊ စည္းကမ္းလိုက္နာေစျခင္းသည္လည္း လူငယ္တို႔အတြက္ ယံုၾကည္မႈတာဝန္ယူမႈ တာဝန္ခံမႈကို တိုးတက္ေစမည္ျဖစ္ပါသည္။ လူငယ္မ်ားအေနျဖင့္ လူၾကီးမ်ားဘဝအတြက္ တာဝန္ယူမႈတာဝန္ခံမႈျပည့္ဝေစရန္ လိုအပ္တဲ့ကၽြမ္းက်င္မႈမ်ား ဆည္းပူးနိုင္ပါေစ လို႔ ဆႏၵျပဳလိုက္ရပါသည္။
ေမတၱာမ်ားျဖင့္
ခရီးေဖာ္ (ဗန္းေမာ္)
--------------------------------------------------------------

တာဝန်ယူမှုတာဝန်ခံမှုရှိတတ်ပါစေ

EPN
ဆောင်းပါး၊ မေလ ၁၆

လုပ်ငန်းခွင်သို့ ဝင်ကြပြီဆိုကတည်းက မိမိလုပ်ရမည့် အလုပ်အတွက် တာဝန်ယူမှုတာဝန်ခံမှုသည် တွဲလျက် ပါလာခြင်းကိုလူတိုင်းသတိမထားတတ်ကြသည်မှာ ဆန်းစစ်ရန် လိုအပ်ပေသည်။

တာဝန်ယူမှုတာဝန်ခံမှုသည် တစ်ဦးခြင်း၊ တစ်ယောက်ခြင်းနှင့်သက်ဆိုင်သည့်နည်းတူ အစုအဖွဲ့၏ အောင်မြင်တိုးတက်ရေးကိုလည်း ထောက်ပံ့ပေးရာရောက်ပါသည်။ ထိုသို့ဆိုရာတွင် လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သည့်အခါ ကတိသစ္စာပြုချုပ်ဆိုခြင်းဖြင့် အလုပ်ရှင်/အလုပ်သမား အပြန်အလှန် ချစ်ခင်မှု ၊ လေးစားမှုကိုအခြေခံသည့်နှောင်ကြိုး ကိုဖြစ်စေမည်ဟုဆိုရပါမည်။

ပြသနာများကြုံတွေ့သည့်အခါများတွင် ကတိသစ္စာအားဖြင့် တာဝန်ပျက်ကွက်မှု၊ တာဝန်ယူ အားနည်းမှုတွေကို အချင်းခွင့်လွှတ်တတ်ခြင်း ၊ တောင်းပန်ခြင်းတို့ကိုဖြစ်ပေါ်စေပြီး အလုပ်တာဝန်မှရပ်စဲခြင်း ၊ ဖယ်ရှားခြင်းတို့မှ ကင်းဝေးစေမည်ဖြစ်ပေသည်။

တာဝန်ယူမှုတာဝန်ခံမှုသည် ပူးပေါင်း လုပ်ဆောင်တတ်သည့်စိတ်ဓါတ်ကိုအခြေခံသည်။ လုပ်ဖေါ်ကိုင်ဖက်များသည် အချင်းချင်း လက်ဝှေ့ ထိုးသတ်မည့်ပြိုင်ဖက်ကဲ့သို့ သဘောမထားပဲ ၊ လေယာဉ်မောင်းနှင်နေုသည့် လေယာဉ်မှူးသမားများပမာ ပူးပေါင်းလုပ်ဆောင်နိုင်ရန်လိုအပ်ပေသည်။

တာဝန်ယူမှုတာဝန်ခံမှုုသည် မိမိကိုယ်တိုင်တာဝန်ယူနိုင်သည့်နည်းတူ အဖွဲ့အစည်းအတွက် တာဝန်ယူခြင်းနှင့်လည်းတိုက်ရိုက်အချိုးကျပါသည်။ ကျမ်းစာတော်မြတ်တွင်" ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့ ၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်း စားပေးကြပါ " ပါဟု သွန်သင်ချက်ကိုလည်း သတိမူရပေမည်။

သို့ရာတွင် တာဝန်ခံမှုတာဝန်ယူမှုအတွက် ကျွမ်းကျင်သူပညာရှင်များသည် ဝန်ထမ်းများကို များများချီးမွမ်းပေးပါဟု ပြောကြသည့်နည်းတူ ၊ အချို့သောပညာရှင်များမှာ စည်းကမ်း တင်းကျပ်ပေးပါ ဟုပြောကြသည်များလည်း မှတ်သားရပါသည်။

လုပ်ငန်းခွင်တိုင်းအတွက် တာဝန်ယူမှုတာဝန်ခံမှု အပြည့်အဝရှိစေရန်ကျွမ်းကျင်မှုများ မရှိပါက လစ်ဟာသွားနိုင်သည့် အတွက် မိမိကိုယ်တိုင် ကျွမ်းကျင်မှုရှိစေရန် အစဉ်တစိုက်လေ့လာနေရမည်ဟု အကြံပြုလိုပါသည်။

အထူးသဖြင့် တာဝန်ယူမှုတာဝန်ခံမှုအားနည်းခြင်းသည် လူငယ်များတွင်အများဆုံးတွေ့ရကြောင်း ပညာရှင်များက သုံးသပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် လူငယ်များသည် ကျွမ်းကျင်မှုမရှိပဲ ကြီးပြင်းလာကြသောကြောင့်ဖြစ်ပြီး ၊ ရည်ရွယ်ချက်ရှိရှိ ကျွမ်းကျင်အောင် မလေ့ကျင့်ကြသောကြောင့် ဖြစ်ပေသည်။

အနှစ်ချုပ်ကိုဆိုရလျှင် တာဝန်ယူမှုတာဝန်ခံမှုဖြစ်လာစေရန် လူငယ်များကို မိဘ ၊ အုပ်ထိန်းသူ ၊ ခေါင်းဆောင် ၊ အကြီးအကဲများမှ ဆုံးမသွန်သင်မှု ၊ လမ်းပြမှု ၊ ပညာပေးမှုတို့ဖြင့် ကလေးဘဝကတည်းက သူတို့ကိုယ်သူတို့ ယုံကြည်မှုဖြစ်စေရန် တာဝန်ပေးတတ်ရမှာဖြစ်သလို အရာခပ်သိမ်း ကျွမ်းကျင်သင့်သည့် ညွှန်ပြချက်များကို လည်း နှလုံးသားမှာစွဲမြဲစေရန်လေ့ကျင့်ပေးရန် လိုအပ်မည်ဖြစ်ပေသည်။

ဆုံးမသွန်သင်ခြင်းသည် လမ်းမှန်ရောက်ရန် လှော်ခတ်နေသည့် တက်မနှင့်တူပြီး ၊ စည်းကမ်းချမှတ်ပေးခြင်း ၊ စည်းကမ်းလိုက်နာစေခြင်းသည်လည်း လူငယ်တို့အတွက် ယုံကြည်မှုတာဝန်ယူမှု တာဝန်ခံမှုကို တိုးတက်စေမည်ဖြစ်ပါသည်။ လူငယ်များအနေဖြင့် လူကြီးများဘဝအတွက် တာဝန်ယူမှုတာဝန်ခံမှုပြည့်ဝစေရန် လိုအပ်တဲ့ကျွမ်းကျင်မှုများ ဆည်းပူးနိုင်ပါစေ လို့ ဆန္ဒပြုလိုက်ရပါသည်။
 
မေတ္တာများဖြင့်
ခရီးဖော် (ဗန်းမော်)

စင္းခန္းေက်းရြာအုပ္စု၊ ျမလယ္ေက်းရြာမ ွဦးေအာင္သန္းပိုင္ ဥယ်ာဥ္ျခံေျမသိမ္းဆည္းခံရမႈ သမၼတထံ အသနားခံတင္ျပသြားမည္ဟုဆို


 
စင္းခန္းေက်းရြာအုပ္စု၊ ျမလယ္ေက်းရြာမ ွဦးေအာင္သန္းပိုင္ ဥယ်ာဥ္ျခံေျမသိမ္းဆည္းခံရမႈ သမၼတထံ အသနားခံတင္ျပသြားမည္ဟုဆို

EPN
ဗန္းေမာ္၊ ေမလ ၁၆

ကခ်င္ျပည္နယ္ ၊ ဗန္းေမာ္ခရိုင္ ၊ ဗန္းေမာ္ၿမိဳ႕နယ္ ၊ စင္းခန္းေက်းရြာအုပ္စု ၊ ျမလယ္ေက်းရြာရွိ ဦး ေအာင္သန္းပိုင္ဆိုင္ေသာ ဥယ်ာဥ္ျခံေျမအားသိမ္းဆည္းခံရမႈနွင့္ပတ္သက္ၿပီး အစိုးရရံုးဌာနဆိုင္ရာမ်ား အေနျဖင့္ အမွန္တရားအတိုင္းအမႈမွန္ေပၚေပါက္ေစေရးအတြက္ ၾကံ့ၾကာမႈမရွိေစေရး နိုင္ငံေတာ္ သမၼတရံုးထံ အသနားခံတင္ျပတိုင္ၾကားသြားမည္ျဖစ္ေၾကာင္း သိမ္းဆည္းခံရသူေတာင္သူ ဦးေအာင္သန္းထံမွသိရသည္။

အဆိုပါ သိမ္းဆည္းခံရသူဦးေအာင္သန္းနွင့္ပတ္သက္ၿပီး ယခင္ စင္းခန္းအုပ္ခ်ဳပ္ေရးမွဴးတာဝန္ထမ္း ေဆာင္ခဲ့သူ ဦးျမင့္တင္က " ဦးေအာင္သန္းရဲ့ပိုင္ဆိုင္မႈအေထာက္အထားမ်ားကို ေတြ႕ရွိခ်က္အရ သူပိုင္ဆိုင္ တယ္ဆိုတာမွန္ပါတယ္ ။ ဒါ့အျပင္ကၽြန္ေတာ္ အုပ္ခ်ဳပ္ေရးမွဴးမျဖစ္ခင္ကတည္းက ဦးေအာင္သန္းတစ္ဦး တည္းပိုင္စိုက္ပ်ိဳးလုပ္ကိုင္ခဲ့တယ္ဆိုတာက္ုိ မ်က္ျမင္လက္ေတြ႕လည္း ျဖစ္တဲ့အတြက္ မွန္ကန္ေၾကာင္း ေထာက္ခံပါတယ္ "ဟု ေျပာၾကားခဲ့သည္။

ယင္းျခံေျမကို ၁၉၈၈ခုႏွစ္ကတည္းက ေျပစာအရစတင္လုပ္ကိုင္စိုက္ပ်ိဳးခဲ့ၿပီး၁၀ဧကခန္႔ရွိေသာယင္း ေနရာတြင္ ၂၀၀၁မွစတင္ကာ ၾကံစိုက္ပ်ိဳးလုပ္ကိုင္စားေသာက္ေနရာမွာ အရံႈးေပၚသျဖင့္ ၾကံစိုက္ပ်ိဳးျခင္းကို ရပ္တန္႔ၿပီး ဥယ်ဥ္ျခံေျမအျဖစ္ျပဳျပင္ကာ ဒညင္း ၊ သရက္ စသည္မ်ားကိုစိုက္ပ်ိဳးၿပီး ဥယ်ဥ္ျခံအျဖစ္အသြင္ ေျပာင္းကာလုပ္ကိုင္ခဲ့သည္။၂၀၀၄-၀၅ ခုႏွစ္မွာ မယက အဖြဲ႕မွဆင္းလာခဲ့ၿပီး ေရာ္ဘာစီမံကိန္းဟုဆိုကာ ေရာ္ဘာစိုက္ပ်ိဳးရမည္။ မစိုက္နိုင္ပါက ျခံေျမအားစြန္႔လႊတ္ရမည္ဟု ဆိုၿပီးသိမ္းယူခဲ့ပါသည္။

ယခုကဲ့သို႔သိမ္းလိုက္သည့္အခ်ိန္မွစတင္ကာ မူလပိုင္ရွင္မွ စြန္႔လႊတ္ခဲ့ရေသာ္လည္း ယေန႔အခ်ိန္ထိ မည္သည့္ေရာ္ဘာပင္တစ္ပင္မွ်စိုက္ပ်ိဳးထားျခင္းမရွိပါဘဲ ယခုအခါသီးစိန္ငွက္ေပ်ာလုပ္ငန္းကုပၼဏီသို႔ ေဒၚခင္အုန္းျမင့္မွ ဆက္လက္ ငွါးရမ္းထားသည္ဟုဆိုပါသည္။ ယင္းကဲ့သို႔ သိီးစိန္ငွက္ေပ်ာလုပ္ငန္းကို တစ္ဧကလွ်င္ေငြက်ပ္တစ္သိန္းနႈန္းျဖင့္ ၂၀၁၄-၁၅ ခုနွစ္ကတည္းကစိုက္ပ်ိဳးခဲ့သည္ဟု ျခံေျမစြန္႔လႊတ္ခဲ့ရသူဦး ေအာင္သန္း၏ေျပာျပခ်က္အရသိရသည္။

" လႊတ္ေတာ္ဥကၠဌ ထံလိပ္မူၿပီး ဦးေအာင္သန္းကတိုင္တဲ့အတြက္ ဒီကိစၥကို လႊတ္ေတာ္မွာစစ္ေဆး ခဲ့ပါတယ္ ။ အဲဒီေရာ္ဘာစိုက္ရန္အတြက္ တစ္ဧကကို ၃သိန္းေလာက္ကုန္မယ္ဆိုေတာ့ ေတာင္သူေတြကမ စိုက္နိုင္ေတာ့ ဦးစိုင္းျမတ္ဆိုသူကဧက၁၀၀ စိုက္မယ္ဆိုၿပီး လုပ္ပါတယ္ ၊ ဒါေပမယ့္ ဦးစိုင္းျမတ္က ဧက၁၀၀ မစိုက္ဘဲ ဧက ၂၅ေလာက္ပဲစိုက္ခဲ့ပါတယ္။ သို႔ေသာ္ဦးစိုင္းျမတ္က ေသဆံုးသြားသည့္အခါ ေဒၚခင္အုန္းျမင့္ ထံလႊဲသြားတယ္ စစ္ေဆးေတြ႕ရိွခ်က္အရ ဘာစာခ်ုဳပ္စာတန္းမွမရွိဘဲလႊဲသြားတာကိုေတြ႔ရတယ္ ၊ ဦးေအာင္သန္းကေတာ့ တစ္ခ်ိန္တုန္းကသူလုပ္ခဲ့တဲ့ ႀကံခင္းလုပ္ကိုင္ခဲ့တဲ့ အေထာက္အထားေျပစာေတြျပနိုင္တယ္ ။ ဒါ့ အျပင္ ေရာ္ဘာမစိုက္ခင္ ႀကံခင္းရပ္နားစဥ္ ဒညင္းတို႔သရက္တို႔စိုက္ထားတဲ့အေထာက္အထားကိုလည္းေတြ ရွိရတယ္ ။ ဦးေအာင္သန္းေရာ္ဘာမစိုက္နိုင္လို႔ အသိမ္းခံလိုက္ရခ်ိန္မွာ စိုင္းျမတ္ကစိုက္တယ္ ၊ စိုင္းျမတ္က ေနေဒၚခင္အုန္းျမင့္ကိုေရာင္းတယ္ ၊ေဒၚခင္အုန္းျမင့္ကေနတဆင့္ သိီးစိန္ ကုပၼဏီကို ငွါးစားထားတယ္ ၊ ဦးေအာင္သန္းမွာက အဲဒီေခတ္အေနအထားအရ ေလွ်ာ္ေႀကးလည္းရမထားခဲ့ပါဘူး လႊတ္ေတာ္ခံုအဖြဲ႕အေနနဲ႔ စစ္ေဆးေတြ႕ရွိခ်က္၊အႀကံျပဳခ်က္နဲ႔ ဦးေအာင္သန္းမွာ ခိုင္လံုေသာအေထာက္အထားမ်ားရွိေႀကာင္း ၂၀၁၆-၁၇ ကျပန္တင္ေပးလိုက္တယ္ ။ အခု စိုက္ပ်ိဳးေမြးျမဴဆည္ေျမာင္းဝန္ႀကီး ဦးေက်ာ္ေက်ာ္ဝင္းက ဒီအမႈတြဲကို ျပန္တင္ေပးပါဆိုလို႔ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက စစ္ေဆးခ်က္ ၊ ေျမစာရင္းကစစ္ေဆးခ်က္ ေတြကိုျပန္တင္ေပးၿပီး အေျဖထြက္လာပါလိမ့္မယ္ လႊတ္ေတာ္တိုင္တယ္ဆိုေပမယ့္ လႊတ္ေတာ္ကေနေတာ့ ဆံုးျဖတ္ေပးဖို႔မရွိပါဘူး ဟုဗန္းေမာ္မဲဆႏၵနယ္အမွတ္(၁) ကျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးေဇာ္သင္း ကေျပာသည္။

"ေတာင္သူမ်ားအေနျဖင့္နစ္နာခဲ့သည္မွာ မွန္ေသာ္လည္း ဘယ္အဆင့္ကိုတိုင္ရမယ္၊ ဘယ္ကေနစ တိုင္ရမယ္ ဆိုတာမသိႀကရွာဘူး သူတို႔ရဲ့ပိုင္ဆိုင္မႈကိုေတာင္ခုထိမလုပ္နိုင္ၾကဘူး ၊ ေျမလြတ္ေျမလပ္ေျမရိုင္း ကိုဘယ္လိုေလွ်ာက္ရမယ္စသျဖင့္ အေသးစိပ္လုပ္ရမယ့္ ၊ အဆင့္ဆင့္လုပ္ရမယ့္ လုပ္ထံုးလုုပ္နည္းေတြကို ေက်းလက္အုပ္ခ်ဳပ္ေရးမွဴးေတြကို သင္ေပးထားၿပီး ေက်းလက္ေနေတာင္သူမ်ားကိုထပ္ဆင့္ရွင္းလင္းေျပာ ၾကားနိုင္ရန္ထိ ညႊန္ၾကားထားၿပီးျဖစ္ပါတယ္ ၊ ခုဦးေအာင္သန္းနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ ေျမျပင္ကြင္း ဆင္းစစ္ေဆးမႈေတြျပန္လုပ္တယ္ သက္ေသအေထာက္အထားနဲ႔ဓါတ္ပံုနဲ႔ တြဲၿပီးအစိုးရအဖြဲ႕ကိုျပန္တင္ေပးဖို႔ လုပ္ေနပါတယ္ဟု ဗန္းေမာ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးစိုးျမင့္လိႈင္ကေျပာသည္။

သို႔ရာတြင္ ဦးေအာင္သန္း၏ ဥယာဥ္ျခံေျမသိမ္းဆည္းခံရမႈနွင့္ပတ္သက္ၿပီး ၂၀၁၄ခုနွစ္ ဒီဇင္ဘာလ ၁ ရက္ေန႔တြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံ လိပ္မူကာတိုင္ၾကားျခင္း ၊ ၂၀၁၆ခုနွစ္ဇြန္လ၂၉ရက္ေန႔တြင္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔လည္းေကာင္း ၊ ၂၀၁၅ ခုနွစ္ ၾသဂုတ္လ ၃ရက္ေန႔တြင္လည္းေကာင္း ၊ ၂၀၁၆ ခုႏွစ္ေမ လ၂၆ရက္ေန႔တြင္ လႊတ္ေတာ္ဥကၠဌထံသို႔လည္းေကာင္း ၊ ၂၀၁၆ဇူလိုင္လ ၅ရက္ေန႔ရက္စြဲျဖင့္ လႊတ္ေတာ္မွ သက္ဆိုင္ရာေကာ္မတီ နွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္တို႔မွ ကြင္းဆင္းစစ္ေဆးရန္ညႊန္ၾကားစာကိုလည္းေကာင္း ၊ အေထာက္အထားစာရြက္စာတမ္းမ်ားကို ေတြ႕ရွိရေသာ္လည္း ၂၀၁၄ မွစတင္ကာတိုင္ၾကားခဲ့ သည့္အမႈသည္ ယခု၂၀၁၉ခုႏွစ္ေရာက္သည့္တိုင္ အမွန္တရားေပၚေပါက္နိုင္ျခင္းမရွိခဲ့မႈအေပၚ စိတ္ပ်က္မိပါ ေၾကာင္း တပ္မေတာ္မွသိမ္းယူခဲ့သည့္ လယ္ယာေျမမ်ားကိုပင္ ယခုအခါျပန္လည္အပ္နွံနိုင္ခဲ့ေသာ္လည္း ဦးေအာင္သန္း၏ ဥယာဥ္ျခံ ေျမျပသနာကို ယခုကဲ့သို႔ၾကာျမင့္ေနရျခင္းအေပၚ အျမန္ဆံုး အမွန္တရားေပၚ ေပါက္နိုင္ေရးအတြက္ ယခုေမလကုန္ပိုင္းတြင္ နိုင္ငံေတာ္သမၼတထံတြင္ ထပ္မံအသနားခံတင္ျပေတာင္းခံ သြားမည္ျဖစ္ေၾကာင္း ကာယကံရွင္ဦးေအာင္သန္းကေျပာၾကားခဲ့သည္။

ခရီးေဖၚ (ဗန္းေမာ္)
-------------------------------------------------------
 
စင်းခန်းကျေးရွာအုပ်စု၊ မြလယ်ကျေးရွာမ ှဦးအောင်သန်းပိုင် ဥယျာဉ်ခြံမြေသိမ်းဆည်းခံရမှု သမ္မတထံ အသနားခံတင်ပြသွားမည်ဟုဆို

EPN
ဗန်းမော်၊ မေလ ၁၆

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့နယ် ၊ စင်းခန်းကျေးရွာအုပ်စု ၊ မြလယ်ကျေးရွာရှိ ဦး အောင်သန်းပိုင်ဆိုင်သော ဥယျာဉ်ခြံမြေအားသိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီး အစိုးရရုံးဌာနဆိုင်ရာများ အနေဖြင့် အမှန်တရားအတိုင်းအမှုမှန်ပေါ်ပေါက်စေရေးအတွက် ကြံ့ကြာမှုမရှိစေရေး နိုင်ငံတော် သမ္မတရုံးထံ အသနားခံတင်ပြတိုင်ကြားသွားမည်ဖြစ်ကြောင်း သိမ်းဆည်းခံရသူတောင်သူ ဦးအောင်သန်းထံမှသိရသည်။

အဆိုပါ သိမ်းဆည်းခံရသူဦးအောင်သန်းနှင့်ပတ်သက်ပြီး ယခင် စင်းခန်းအုပ်ချုပ်ရေးမှူးတာဝန်ထမ်း ဆောင်ခဲ့သူ ဦးမြင့်တင်က " ဦးအောင်သန်းရဲ့ပိုင်ဆိုင်မှုအထောက်အထားများကို တွေ့ရှိချက်အရ သူပိုင်ဆိုင် တယ်ဆိုတာမှန်ပါတယ် ။ ဒါ့အပြင်ကျွန်တော် အုပ်ချုပ်ရေးမှူးမဖြစ်ခင်ကတည်းက ဦးအောင်သန်းတစ်ဦး တည်းပိုင်စိုက်ပျိုးလုပ်ကိုင်ခဲ့တယ်ဆိုတာက်ုိ မျက်မြင်လက်တွေ့လည်း ဖြစ်တဲ့အတွက် မှန်ကန်ကြောင်း ထောက်ခံပါတယ် "ဟု ပြောကြားခဲ့သည်။

ယင်းခြံမြေကို ၁၉၈၈ခုနှစ်ကတည်းက ပြေစာအရစတင်လုပ်ကိုင်စိုက်ပျိုးခဲ့ပြီး၁ဝဧကခန့်ရှိသောယင်း နေရာတွင် ၂၀၀၁မှစတင်ကာ ကြံစိုက်ပျိုးလုပ်ကိုင်စားသောက်နေရာမှာ အရှုံးပေါ်သဖြင့် ကြံစိုက်ပျိုးခြင်းကို ရပ်တန့်ပြီး ဥယျဉ်ခြံမြေအဖြစ်ပြုပြင်ကာ ဒညင်း ၊ သရက် စသည်များကိုစိုက်ပျိုးပြီး ဥယျဉ်ခြံအဖြစ်အသွင် ပြောင်းကာလုပ်ကိုင်ခဲ့သည်။၂၀၀၄-၀၅ ခုနှစ်မှာ မယက အဖွဲ့မှဆင်းလာခဲ့ပြီး ရော်ဘာစီမံကိန်းဟုဆိုကာ ရော်ဘာစိုက်ပျိုးရမည်။ မစိုက်နိုင်ပါက ခြံမြေအားစွန့်လွှတ်ရမည်ဟု ဆိုပြီးသိမ်းယူခဲ့ပါသည်။

ယခုကဲ့သို့သိမ်းလိုက်သည့်အချိန်မှစတင်ကာ မူလပိုင်ရှင်မှ စွန့်လွှတ်ခဲ့ရသော်လည်း ယနေ့အချိန်ထိ မည်သည့်ရော်ဘာပင်တစ်ပင်မျှစိုက်ပျိုးထားခြင်းမရှိပါဘဲ ယခုအခါသီးစိန်ငှက်ပျောလုပ်ငန်းကုပ္မဏီသို့ ဒေါ်ခင်အုန်းမြင့်မှ ဆက်လက် ငှါးရမ်းထားသည်ဟုဆိုပါသည်။ ယင်းကဲ့သို့ သိီးစိန်ငှက်ပျောလုပ်ငန်းကို တစ်ဧကလျှင်ငွေကျပ်တစ်သိန်းနှုန်းဖြင့် ၂၀၁၄-၁၅ ခုနှစ်ကတည်းကစိုက်ပျိုးခဲ့သည်ဟု ခြံမြေစွန့်လွှတ်ခဲ့ရသူဦး အောင်သန်း၏ပြောပြချက်အရသိရသည်။

" လွှတ်တော်ဥက္ကဌ ထံလိပ်မူပြီး ဦးအောင်သန်းကတိုင်တဲ့အတွက် ဒီကိစ္စကို လွှတ်တော်မှာစစ်ဆေး ခဲ့ပါတယ် ။ အဲဒီရော်ဘာစိုက်ရန်အတွက် တစ်ဧကကို ၃သိန်းလောက်ကုန်မယ်ဆိုတော့ တောင်သူတွေကမ စိုက်နိုင်တော့ ဦးစိုင်းမြတ်ဆိုသူကဧက၁၀၀ စိုက်မယ်ဆိုပြီး လုပ်ပါတယ် ၊ ဒါပေမယ့် ဦးစိုင်းမြတ်က ဧက၁၀၀ မစိုက်ဘဲ ဧက ၂၅လောက်ပဲစိုက်ခဲ့ပါတယ်။ သို့သော်ဦးစိုင်းမြတ်က သေဆုံးသွားသည့်အခါ ဒေါ်ခင်အုန်းမြင့် ထံလွှဲသွားတယ် စစ်ဆေးတွေ့ရှိချက်အရ ဘာစာချုုပ်စာတန်းမှမရှိဘဲလွှဲသွားတာကိုတွေ့ရတယ် ၊ ဦးအောင်သန်းကတော့ တစ်ချိန်တုန်းကသူလုပ်ခဲ့တဲ့ ကြံခင်းလုပ်ကိုင်ခဲ့တဲ့ အထောက်အထားပြေစာတွေပြနိုင်တယ် ။ ဒါ့ အပြင် ရော်ဘာမစိုက်ခင် ကြံခင်းရပ်နားစဉ် ဒညင်းတို့သရက်တို့စိုက်ထားတဲ့အထောက်အထားကိုလည်းတွေ ရှိရတယ် ။ ဦးအောင်သန်းရော်ဘာမစိုက်နိုင်လို့ အသိမ်းခံလိုက်ရချိန်မှာ စိုင်းမြတ်ကစိုက်တယ် ၊ စိုင်းမြတ်က နေဒေါ်ခင်အုန်းမြင့်ကိုရောင်းတယ် ၊ဒေါ်ခင်အုန်းမြင့်ကနေတဆင့် သိီးစိန် ကုပ္မဏီကို ငှါးစားထားတယ် ၊ ဦးအောင်သန်းမှာက အဲဒီခေတ်အနေအထားအရ လျှော်ကြေးလည်းရမထားခဲ့ပါဘူး လွှတ်တော်ခုံအဖွဲ့အနေနဲ့ စစ်ဆေးတွေ့ရှိချက်၊အကြံပြုချက်နဲ့ ဦးအောင်သန်းမှာ ခိုင်လုံသောအထောက်အထားများရှိကြောင်း ၂၀၁၆-၁၇ ကပြန်တင်ပေးလိုက်တယ် ။ အခု စိုက်ပျိုးမွေးမြူဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ဒီအမှုတွဲကို ပြန်တင်ပေးပါဆိုလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စစ်ဆေးချက် ၊ မြေစာရင်းကစစ်ဆေးချက် တွေကိုပြန်တင်ပေးပြီး အဖြေထွက်လာပါလိမ့်မယ် လွှတ်တော်တိုင်တယ်ဆိုပေမယ့် လွှတ်တော်ကနေတော့ ဆုံးဖြတ်ပေးဖို့မရှိပါဘူး ဟုဗန်းမော်မဲဆန္ဒနယ်အမှတ်(၁) ကပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်သင်း ကပြောသည်။

"တောင်သူများအနေဖြင့်နစ်နာခဲ့သည်မှာ မှန်သော်လည်း ဘယ်အဆင့်ကိုတိုင်ရမယ်၊ ဘယ်ကနေစ တိုင်ရမယ် ဆိုတာမသိကြရှာဘူး သူတို့ရဲ့ပိုင်ဆိုင်မှုကိုတောင်ခုထိမလုပ်နိုင်ကြဘူး ၊ မြေလွတ်မြေလပ်မြေရိုင်း ကိုဘယ်လိုလျှောက်ရမယ်စသဖြင့် အသေးစိပ်လုပ်ရမယ့် ၊ အဆင့်ဆင့်လုပ်ရမယ့် လုပ်ထုံးလုုပ်နည်းတွေကို ကျေးလက်အုပ်ချုပ်ရေးမှူးတွေကို သင်ပေးထားပြီး ကျေးလက်နေတောင်သူများကိုထပ်ဆင့်ရှင်းလင်းပြော ကြားနိုင်ရန်ထိ ညွှန်ကြားထားပြီးဖြစ်ပါတယ် ၊ ခုဦးအောင်သန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြေပြင်ကွင်း ဆင်းစစ်ဆေးမှုတွေပြန်လုပ်တယ် သက်သေအထောက်အထားနဲ့ဓါတ်ပုံနဲ့ တွဲပြီးအစိုးရအဖွဲ့ကိုပြန်တင်ပေးဖို့ လုပ်နေပါတယ်ဟု ဗန်းမော်မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်လှိုင်ကပြောသည်။

သို့ရာတွင် ဦးအောင်သန်း၏ ဥယာဉ်ခြံမြေသိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီး ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ လိပ်မူကာတိုင်ကြားခြင်း ၊ ၂၀၁၆ခုနှစ်ဇွန်လ၂၉ရက်နေ့တွင် ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးသို့လည်းကောင်း ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ ၃ရက်နေ့တွင်လည်းကောင်း ၊ ၂၀၁၆ ခုနှစ်မေ လ၂၆ရက်နေ့တွင် လွှတ်တော်ဥက္ကဌထံသို့လည်းကောင်း ၊ ၂၀၁၆ဇူလိုင်လ ၅ရက်နေ့ရက်စွဲဖြင့် လွှတ်တော်မှ သက်ဆိုင်ရာကော်မတီ နှင့် လွှတ်တော် ကိုယ်စားလှယ်တို့မှ ကွင်းဆင်းစစ်ဆေးရန်ညွှန်ကြားစာကိုလည်းကောင်း ၊ အထောက်အထားစာရွက်စာတမ်းများကို တွေ့ရှိရသော်လည်း ၂၀၁၄ မှစတင်ကာတိုင်ကြားခဲ့ သည့်အမှုသည် ယခု၂၀၁၉ခုနှစ်ရောက်သည့်တိုင် အမှန်တရားပေါ်ပေါက်နိုင်ခြင်းမရှိခဲ့မှုအပေါ် စိတ်ပျက်မိပါ ကြောင်း တပ်မတော်မှသိမ်းယူခဲ့သည့် လယ်ယာမြေများကိုပင် ယခုအခါပြန်လည်အပ်နှံနိုင်ခဲ့သော်လည်း ဦးအောင်သန်း၏ ဥယာဉ်ခြံ မြေပြသနာကို ယခုကဲ့သို့ကြာမြင့်နေရခြင်းအပေါ် အမြန်ဆုံး အမှန်တရားပေါ် ပေါက်နိုင်ရေးအတွက် ယခုမေလကုန်ပိုင်းတွင် နိုင်ငံတော်သမ္မတထံတွင် ထပ်မံအသနားခံတင်ပြတောင်းခံ သွားမည်ဖြစ်ကြောင်း ကာယကံရှင်ဦးအောင်သန်းကပြောကြားခဲ့သည်။

ခရီးဖေါ် (ဗန်းမော်)

Popular Posts