SPIC/ACHC
ကုမ္ပဏီမှ အာလမ်ကျေးရွာအုပ်စု ကျိန်ခရမ်ကျေးရွာသို့ သောက်သုံးရေ
သွယ်တန်းသည့်ရေပိုက်လိုင်း ပြုပြင်ရန် အလှူငွေသိန်း(၂၀)ထောက်ပံ့
EPN
မြစ်ကြီးနား၊
ဇူလိုင် ၁၈
ကချင်ပြည်နယ်၊
မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာအုပ်စု ကျိန်ခရမ်ကျေးရွာရှိ ရွာသူရွာသားများ သောက်သုံးရေအခက်အခဲ
ဖြစ်နေ၍ ၄င်းပြဿနာ ဖြေရှင်းနိုင်ရန် အတွက် ဇူလိုင်လ ၁၇ ရက်နေ့တွင် SPIC/ACHC ကုမ္ပဏီမှ ကျိန်ခရမ်ကျေးရွာ သောက်သုံးရေသွယ်တန်းသည့် ရေပိုက်လိုင်း ပြုပြင်နိုင်ရန်အတွက်
အလှူငွေသိန်း(၂၀) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
SPIC/ACHC
ကုမ္ပဏီမှ ယခုကဲ့သို့ ထောက်ပံ့ကူညီပေးသည့်အတွက် ရွာသူရွာသားများကိုယ်စား ကျေးဇူးတင်ကြောင်း
ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
“ကျနော်တို့ရွာအတွက် အခုလိုအရေးကြီးဆုံးပြဿာနာတစ်ခုဖြစ်တဲ့ သောက်ရေသုံးရေ အလွန်အခက်အခဲဖြစ်နေချိန်မှာ SPIC/ACHC ကုမ္ပဏီက ယခုလို အကူအညီပေးတဲ့အတွက့် သောက်သုံးရေ ပြဿနာကို ဖြေရှင်းနိုင်ပြီဖြစ်လို့ ရွာသူရွာသားများအားလုံး ၀မ်းသာပီတိဖြစ်ရပါတယ်၊
ကုမ္ပဏီကိုလဲ ကျေးဇူးအထူးတင်ပါတယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး
LaHpai BrangLai က ပြောသည်။
ထို့အပြင်
SPIC/ACHC ကုမ္ပဏီသည် ကျေးရွာအုပ်ချုပ်ရေးကော်မတီနှင့်အတူ သောက်သုံးရေသွယ် ပိုက်လိုင်းများ
ပြုပြင်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုကာ ပြုပြင်ခြင်းဆိုင်ရာများကိုလည်း အကြံပြုခဲ့သည်။
၎င်း ကျိန်ခရမ်ကျေးရွာတွင်
အိမ်ထောင်စု ၆၇စု၊ လူဦးရေ ၃၃၇ဦးကျော် နေထိုင်လျှက်ရှိပြီး ၂၀၀၁ခုနှစ်က တည်ဆောက်ပြီး
ယနေ့ထိအသုံးပြုနေရသည့် ပေ ၃၀၀၀ အရှည်ရှိ ရေသွယ်ပိုက်လိုင်းသည် နှစ်ပေါင်းများစွာ ကြာမြင့်သောကြောင့်
ရေသွယ်ပိုက်များ ဟောင်းနွမ်းဆွေးမြေ့ကာ ပေါက်ကွဲယိုစိမ့်မှု ဖြစ်ပေါ်နေ၍ ရွာသူရွာသားများအတွက်
သောက်သုံးရေများစွာ အခက်အခဲဖြစ်နေပြီး SPIC/ACHC ကုမ္ပဏီမှ ယခုကဲ့သို့ ထောက်ပံ့လှူဒါန်းပေးမှုကြောင့်
ရွာသူရွာသားများဝမ်းသာပီတီဖြစ်လျှက်ရှိသည်။
သွယ်သွယ်
No comments:
Post a Comment