Search
Thursday, July 18, 2019
''၇၂နှစ်မြောက်အာဇာနည်နေ့'' အထိမ်းအမှတ်အဖြစ် MPT ဦးဆောင်၍ သွေးလှူဒါန်း
''၇၂နှစ်မြောက်အာဇာနည်နေ့'' အထိမ်းအမှတ်အဖြစ် MPT ဦးဆောင်၍ သွေးလှူဒါန်း
EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၈
ဇူလိုင်လ ၁၉ရက်နေ့တွင် ကျရောက်မည့် ''၇၂ နှစ်မြောက် အာဇာနည်နေ့''အထိမ်းအမှတ်အဖြစ် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ လူဦးရေ(၈၀)ကျော် ခန့်ကျော်သွေးလှူ ဒါန်းခဲ့ကြသည်။
အဆိုပါ သွေးလှူဒါန်းပွဲကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မြစ်ကြီးနားရုံး မှ ဦးဆောင်ပြီး ရှစ်ကြိမ်မြောက်လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။
"နှလုံးသားထဲကမြန်မာဆိုတဲ့အစီအစဉ်နဲ့ ရှစ်ကြိမ်မြောက်လှူဒါန်းတာပါ။ ကျွန်တော်တို့ တတ်စွမ်းသမျှ ကုသိုလ်တွေထဲက အကောင်းဆုံးကုသိုလ် လို့ခေါ်တဲ့ မိမိသွေးနဲ့အခြားသူတွေရဲ့ အသက်ကိုကယ်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးတွေနဲ့လှူ ဒါန်းတာပါ''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (မြစ်ကြီးနားရုံး)မှ တာဝန်ရှိတစ်ဦးဖြစ်သူဦးအောင်လွင် က ပြောသည်။
အဆိုပါသွေးလှူ ဒါန်းပွဲတွင် MPTမှ (၂၀)ဦးကျော်ပါဝင်ပြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပေါင်းစုံမှ စေတနာသွေးအလှူရှင်များ ပေးဆပ်သူလူမှုကူညီရေးအသင်း၊ ကချင်ပြည်နယ် သွေးကြီးကြပ်မှုကော်မတီ၊ အစ္စလာမ်လူငယ်အဖွဲ့အစည်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပေါင်းစုံမှ စေတနာသွေးအလှူရှင်များ စုစုပေါင်း(၈၀)ဦးကျော်ပါဝင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မြစ်ကြီး နားရုံးမှ ၇၂နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဖြစ် လာမည့် (၁၉)ရက်နေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပစ်ပင်စိုက်ပျိုးသွားရန်ရှိကြောင်း သိရသည်။
လွမ်းအောင်
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment