Search

Thursday, July 18, 2019

ဂျပန်တွင် ရှို့မီးကြောင့် စတူဒီယိုတစ်ခု မီးလောင်မှုဖြစ်ပွား၍ ၁၂ ဦးသေဆုံး


ဂျပန်တွင် ရှို့မီးကြောင့် စတူဒီယိုတစ်ခု မီးလောင်မှုဖြစ်ပွား၍ ၁၂ ဦးသေဆုံး

EPN
င်ငံတကာ၊ ဇူလိုင် ၁၈ 
ဂျပန်နိုင်ငံ ကျိုတိုမြို့က ရုပ်ရှင်စတူဒီယိုတစ်ခုမှာ ရည်ရွယ်ချက်ရှိရှိ မီးရှို့မှုလို့ သံသယရှိရတဲ့ မီးလောင်မှုကြောင့် အနည်းဆုံး ၁၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ 

ဂျပန်ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဇူလိုင် ၁၈ ရက်နေ့မနက်ပိုင်းမှာ လူတစ်ယောက်က ကျိုတိုရုပ်ရှင်ကုမ္ပဏီရဲ့ စတူဒီယိုထဲဝင်ရောက်ပြီး အမျိုးအမည်မသိတဲ့ အရည်တွေ ပတ်ဖြန်းခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုမှာ လူ ၃၀ လောက်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဂျပန်ရုပ်သံဌာန NHK ကဖော်ပြခဲ့ပါ တယ်။ သံသယရှိသူကို ဖမ်းဆီးမိခဲ့ပြီး ဒဏ်ရာကြောင့် ဆေးရုံပို့ဆောင်ထားရပါတယ်။ 

မီးလောင်မှုဟာ ရုပ်ရှင် စတူဒီယိုမှာ ဒေသစံတော်ချိန် မနက် ၁၀ နာရီခွဲလောက်မှာ စတင်ခဲ့ တာပါ။ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေဆဲဖြစ်ပြီး မီးရှို့ခဲ့တယ်လို့ သံသယရှိသူကို ဒဏ်ရာကြောင့် ဆေးရုံကို ပို့ဆောင်ထားရပါတယ်။ မီးရှုံ့သူနဲ့ကုမ္ပဏီရဲ့ ပတ်သက်မှုကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ 

Ref;AFP Kyoto Animation fire: Twelve dead after suspected arson attack

No comments:

Popular Posts