Search
Thursday, July 18, 2019
အောင်မြင်သာကျေးရွာတွင် SPIC/ACHC ကုမ္ပဏီမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော စာဖိုမှူး သင်တန်း ဆင်းပွဲပြုလုပ်
အောင်မြင်သာကျေးရွာတွင် SPIC/ACHC ကုမ္ပဏီမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော စာဖိုမှူး သင်တန်း ဆင်းပွဲပြုလုပ်
EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၈
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြောင်းရွေ့ကျေးရွာဖြစ်သော အောင်မြင်သာကျေးရွာတွင် SPIC / ACHC ကုမ္ပဏီမှ ကြီးမှူးဖွင့်လှစ်ပေးသည့် အပတ်စဉ်(၁) စာဖိုမှူး သင်တန်းဆင်းပွဲကို ဇူလိုင်လ ၁၇ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ယခုလိုသင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် ကျေးရွာသူ/သား များသည် မိမိတို့လုပ်ဆောင်နေသည့်လုပ်ငန်းများ အပေါ် ပိုမိုအောင်မြင်အောင်လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း SPIC/ACHC ကုမ္ပဏီမှ မြစ်ကြီးနားတာဝန်ခံ မစ္စတာ ကျန်းဟုန်းကွေ့ က ပြောသည်။
“ဒီကျေးရွာမှာဆို ကျိန်ခရမ်ချောင်ဘေးမှာ စားသောက်ဆိုင်တွေဖွင့်ပြီးစီးပွားရေး လုပ်ကြတယ် စားသောက်ဆိုင်ရှင် တွေအနေနဲ့ကအခုလို သင်တန်းကသင်ကြားပေးလိုက်တဲ့ ဟင်းချက်နည်းတွေနဲ့ လာရောက်လည်ပတ်တဲ့ခရီးသွား ပြည်သူတွေကို ဆွဲဆောင်ထားနိုင်မယ်ဆိုရင် ဒီရွာရဲ့ခရီးသွားလုပ်ငန်းဟာ ဒီထက်ပိုတိုးတက်လာမှာပါ “ ဟု၎င်းက ပြောသည်။
ထို့နောက် သင်တန်းမှသင်ကြားပေးလိုက်သည့် ပညာများကို တတ်မြောက်အောင်သင်ယူ၍ ကိုယ်ပိုင် လုပ်ငန်းများ တွင် ပြန်လည်အသုံးချပြီး မိမိတို့၏လူနေမှုဘဝဖွံ့ဖြိုးတိုတက်အောင် ကြိုးစားဆောင်ရွက် သင့်ကြောင်း ၎င်းက ပြောသည်။ အဆိုပါ သင်တန်းတွင် အခြေခံဟင်းချက်နည်း (၁၅) မျိုးသင်ကြားပေးခဲ့ပြီး သင်တန်းသူသင်တန်းများ အပေါ် ဆရာစား မချန်ဘဲ သင်ကြားပေးသွားမှာ ဖြစ်ကြောင်း သင်တန်းနည်းပြဆရာ ကိုကျော်မင်းဦးကပြောသည်။
“ကုမ္ပဏီက ဟင်းပွဲ ၁၅ မျိုးသင်ကြားပေးဖို့ချမှတ်ထားတယ် တစ်ချို့တွေကြတော့ စားသောက်ဆိုင်ပိုင်ရှင်တွေပါ တဲ့အတွက်သူတို့ကကျတောကုမ္ပဏီက သင်ကြားဖို့ချမှတ်ထားတဲ့ဟင်းပွဲထက် ပိုလိုချင်ကြတယ် နောက်ဆုံးနေ့မှာ ပျော်ပွဲစားသဘောမျိုးနဲ့ ဟော့ပေါ့ချက်နည်းသင်ကြားပေးတယ် စုစုပေါင်း ၁၆မျိုး ပေါ့ တစ်ခါတစ်လေ မှာ သူတို့ ဘာသာ ကုန်ကြမ်းလေးတွေယူလာပြီးချက်နည်းလေးတွေမေးကြတာတွေလည်းရှိပါတယ် ကျွန်တော့်အနေနဲ့ကတော့ သူတို့ဘက်က လိုချင်တာ သိချင်တာအကုန်လုံးကို ဆရာစားမချန်ဘဲသင်ကြားပေးသွားမှာပါ” ဟု၎င်းကပြောသည်။
အဆိုပါ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းပြောင်ရွေ့ကျေးရွာဖြစ်သည့် အောင်မြင်သာကျေးရွာတွင် စာဖိုမှူး သင်တန်းကို တစ်လကြာဖွင့်လှစ်သွားမှာဖြစ်ပြီး အပတ်စဉ် လေးခုခွဲကာ သင်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။
သွယ်သွယ်
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment