Search

Wednesday, September 25, 2019

အင္ဒိုနီးရွားႏုိင္ငံတစ္၀ွမ္းတြင္ အိမ္ေထာင္မျပဳမီ အတူေနျခင္းကို တားျမစ္သည့္ ဥပေဒအား ကန္႕ကြက္ဆႏၵျပ


အင္ဒိုနီးရွားႏုိင္ငံတစ္၀ွမ္းတြင္ အိမ္ေထာင္မျပဳမီ အတူေနျခင္းကို တားျမစ္သည့္ ဥပေဒအား ကန္႕ကြက္ဆႏၵျပ

EPN
ႏိုင္ငံတကာ၊ စက္တင္ဘာ ၂၅

အင္ဒိုနီးရွားႏိုင္ငံတစ္၀ွမ္းမွာ အစိုးရက အဆိုျပဳထားတဲ့ ရာဇ၀တ္မႈဥပေဒမူၾကမ္းသစ္ကို စက္တင္ဘာ ၂၄ ရက္ေန႕က လူေပါင္းေထာင္နဲ႕ခ်ီ ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပမႈေတြဟာ ျမိဳ႕အေတာ္ေတာ္မ်ားမ်ားမွာျဖစ္ပြားခဲ့ျပီး ျမိဳ႕ေတာ္ဂ်ာကာတာမွာ ပိုျပီး ျပင္းထန္ခဲ့ပါတယ္။ ဆႏၵျပသူအမ်ားစုဟာ ေက်ာင္းသားေတြျဖစ္ၾကျပီး လႊတ္ေတာ္ဥကၠဌနဲ႕ ေတြ႕ဆံုဖို႕ ေတာင္းဆိုခဲ့ၾကပါတယ္။ ဆႏၵျပအမ်ိဳးသမီးတစ္ဦးကေတာ့ သူရဲ႕ ကိုယ္အလယ္ပိုင္းကို အစိုးရမပိုင္ဘူးလို႕ ေရးသားထားတဲ့စာတန္းနဲ႕ ဆႏၵျပခဲ့တာကို ေတြ႕ရပါတယ္။

အဆိုျပဳထားတဲ့ ရာဇ၀တ္မႈဥပေဒေတြထဲမွာ အိမ္ေထာင္မျပဳခင္ လိင္ဆက္ဆံမႈကိုတားျမစ္ထားျပီး က်ဴးလြန္ခဲ့ရင္ ေထာင္ဒဏ္တစ္ႏွစ္ခ်မွတ္ခံရဖို႕ရွိေနပါတယ္။ မဂၤလာမေဆာင္ဘဲ အတူတူေနတဲ့ စံုတြဲေတြကေတာ့ ေထာင္ဒဏ္ ၆ လခ်မွတ္ခံရႏုိင္ပါတယ္။
ဒါ့အျပင္ သမၼတ၊ ဒုသမၼတ၊ ဘာသာေရး၊ အစိုးရဌာနဆုိင္ရာ အဖြဲ႕အစည္း၊ ႏုိင္ငံအလံနဲ႕ သီခ်င္းေတြကို ထိခိုက္ေစာ္ကားမႈကို တရားမ၀င္တဲ့လုပ္ရပ္အျဖစ္သတ္မွတ္ထားျပီး ကိုယ္၀န္ဖ်က္ခ်ရင္လည္း အနည္းဆံုး ေထာင္ဒဏ္ေလးႏွစ္ခ်မွတ္ခံရမွာျဖစ္ပါတယ္။

အဆိုပါ ဥပေဒမူၾကမ္းကို စက္တင္ဘာ ၂၄ ရက္ေန႕မွာ မဲခြဲဆံုးျဖတ္ဖို႕ စီစဥ္ထားခဲ့ေပမယ့္ ဆႏၵျပမႈေတြေၾကာင့္ စက္တင္ဘာ ၂၇ ရက္ေန႕ကို သမၼတ ဂ်ိဳကို ၀ီဒိုဒုိက ေရႊ႕ဆိုင္းထားခဲ့ပါတယ္။
ဆႏၵျပသူေတြဟာ ဥပေဒမူၾကမ္းကို ေရႊ႕ဆိုင္းထားေပမယ့္ တရား၀င္အတည္ျပဳမွာကို စိုးရိမ္ေနၾကပါတယ္။ ျမိဳ႕ေတာ္ ဂ်ာကာတာက လႊတ္ေတာ္အေဆာက္အဦးေရွ႕မွာ စက္တင္ဘာ ၂၄ ရက္ေန႕က ဆႏၵျပသူေတြကို လံုျခံဳေရး တပ္ဖြဲ႕၀င္ေတြက မ်က္ရည္ယုိဗံုးနဲ႕ မီးသတ္ပိုက္ေတြအသံုးျပဳျပီး အင္အားသံုးလူစုခြဲမႈေတြလည္းရွိခဲ့ပါတယ္။

လက္ရွိျမိဳ႕ေတာ္ဂ်ာကာတာမွာ လံုျခံဳေရးတပ္ဖြဲ႕၀င္အင္အား ၅၀၀၀ ေက်ာ္ခ်ထားလ်က္ရွိပါတယ္။

Ref;CNA
Indonesia protests over sex before marriage bill
---------------------------------------------------------

အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းတွင် အိမ်ထောင်မပြုမီ အတူနေခြင်းကို တားမြစ်သည့် ဥပဒေအား ကန့်ကွက်ဆန္ဒပြ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅

အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းမှာ အစိုးရက အဆိုပြုထားတဲ့ ရာဇဝတ်မှုဥပဒေမူကြမ်းသစ်ကို စက်တင်ဘာ ၂၄ ရက်နေ့က လူပေါင်းထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေဟာ မြို့အတော်တော်များများမှာဖြစ်ပွားခဲ့ပြီး မြို့တော်ဂျာကာတာမှာ ပိုပြီး ပြင်းထန်ခဲ့ပါတယ်။ ဆန္ဒပြသူအများစုဟာ ကျောင်းသားတွေဖြစ်ကြပြီး လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြအမျိုးသမီးတစ်ဦးကတော့ သူရဲ့ ကိုယ်အလယ်ပိုင်းကို အစိုးရမပိုင်ဘူးလို့ ရေးသားထားတဲ့စာတန်းနဲ့ ဆန္ဒပြခဲ့တာကို တွေ့ရပါတယ်။
အဆိုပြုထားတဲ့ ရာဇဝတ်မှုဥပဒေတွေထဲမှာ အိမ်ထောင်မပြုခင် လိင်ဆက်ဆံမှုကိုတားမြစ်ထားပြီး ကျူးလွန်ခဲ့ရင် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရဖို့ရှိနေပါတယ်။

မင်္ဂလာမဆောင်ဘဲ အတူတူနေတဲ့ စုံတွဲတွေကတော့ ထောင်ဒဏ် ၆ လချမှတ်ခံရနိုင်ပါတယ်။ ဒါ့အပြင် သမ္မတ၊ ဒုသမ္မတ၊ ဘာသာရေး၊ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်း၊ နိုင်ငံအလံနဲ့ သီချင်းတွေကို ထိခိုက်စော်ကားမှုကို တရားမဝင်တဲ့လုပ်ရပ်အဖြစ်သတ်မှတ်ထားပြီး ကိုယ်ဝန်ဖျက်ချရင်လည်း အနည်းဆုံး ထောင်ဒဏ်လေးနှစ်ချမှတ်ခံရမှာဖြစ်ပါတယ်။

အဆိုပါ ဥပဒေမူကြမ်းကို စက်တင်ဘာ ၂၄ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဆန္ဒပြမှုတွေကြောင့် စက်တင်ဘာ ၂၇ ရက်နေ့ကို သမ္မတ ဂျိုကို ဝီဒိုဒိုက ရွှေ့ဆိုင်းထားခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ဥပဒေမူကြမ်းကို ရွှေ့ဆိုင်းထားပေမယ့် တရားဝင်အတည်ပြုမှာကို စိုးရိမ်နေကြပါတယ်။ မြို့တော် ဂျာကာတာက လွှတ်တော်အဆောက်အဦးရှေ့မှာ စက်တင်ဘာ ၂၄ ရက်နေ့က ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေအသုံးပြုပြီး အင်အားသုံးလူစုခွဲမှုတွေလည်းရှိခဲ့ပါတယ်။

လက်ရှိမြို့တော်ဂျာကာတာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၅၀၀၀ ကျော်ချထားလျက်ရှိပါတယ်။

Ref;CNA
Indonesia protests over sex before marriage bill

No comments:

Popular Posts