Search

Wednesday, September 25, 2019

အမ်ိဳးသမီးနဲ႕ မိန္းကေလးငယ္ေတြကို ေထာက္ပံ့ေပးေနမႈမွတဆင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အေထာက္အကူျပဳအထိ ျဖစ္လာဖို႕ ေမွ်ာ္လင့္တယ္ ဟု အီးယူသံအမတ္ဆို


အမ်ိဳးသမီးနဲ႕ မိန္းကေလးငယ္ေတြကို ေထာက္ပံ့ေပးေနမႈမွတဆင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အေထာက္အကူျပဳအထိ ျဖစ္လာဖို႕ ေမွ်ာ္လင့္တယ္ ဟု အီးယူသံအမတ္ဆို

EPN
ျမစ္ႀကီးနား၊ စက္တင္ဘာ ၂၅

ဥေရာပသမဂၢအေနျဖင့္ “အမ်ိဳးသမီးနဲ႕ မိန္းကေလးငယ္ေတြအတြက္ ေထာက္ပံ့ေပးေနမႈမွ တဆင့္  ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားတြင္ အေထာက္အကူျပဳႏိုင္သည့္ အေထာက္အပံ့ေကာင္း တစ္ခုျဖစ္လာဖို႕ ေမွ်ာ္လင့္ပါတယ္” ဟု အီးယူသံအမတ္ႀကီး ခရစ္ရွန္ရွမစ္က ေျပာသည္။

စက္တင္ဘာလ ၂၄ ရက္ေန႕က ျမစ္ႀကီးနားၿမိဳ႕၊ City Park Royal Hall မွာ က်င္းပျပဳလုပ္ခဲ့သည့္ Woman and Girl Frist (WGF) Programme မွာ ဥေရာပသမဂၢသံအမတ္ၾကီး ခရစ္ရွန္ရွမစ္က ယင္းကဲ့သို႕ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“အမ်ိဳးသမီးနဲ႕ မိန္းကေလးငယ္ေတြ အေနနဲ႕ က်ား၊ မ အေျချပဳ အၾကမ္းဖက္မႈနဲ႕ လိင္ပိုင္းဆိုင္ရာ ေနာက္ယွက္မႈမ်ား စတဲ့ ေနာက္ဆက္တြဲ ျပႆနာမ်ားကို ေျဖရွင္းႏိုင္ရန္အတြက္ လံုေလာက္ေသာ ေထာက္ပံ့ေငြ ရရွိေရးအတြက္ Woman and Girl Frist (WGF) Programme ကို ေဆာင္ရြက္ရျခင္းျဖစ္ပါတယ္၊ အထူးသျဖင့္ ကခ်င္ျပည္နယ္က IDP Camp မွာ ေနရတဲ့ အမ်ိဳးသမီးေတြဆိုရင္ သူတို႕မွာ လိုအပ္ခ်က္ေတြ အမ်ားႀကီး ရွိေနေသးတယ္၊ ဒီလိုျပႆနာေတြကိို ကုစားေပးမႈကေန ေရရွည္တည္တံ့ခိုင္ျမဲတဲ့ ျငိမ္းခ်မ္းေရးျဖစ္စဥ္အတြက္ အေထာက္အကူျပဳေစမယ့္ လမ္းစတစ္ခုျဖစ္ေစခ်င္တယ္၊ ျဖစ္လာဖို႕လဲ ေမွ်ာ္လင့္ပါတယ္” ဟု ၄င္းက ေျပာသည္။

ကခ်င္ျပည္နယ္ လူမႈဝန္ထမ္းဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ေဒၚျမမာလာစိုး က လည္း ျမန္မာနိုင္ငံသည္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံျဖစ္သည့္အေလ်ာက္ အမိ်ဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ား စြမ္းေဆာင္ရည္  ျမင့္မားေရးအတြက္ NGO၊ INGO နွင့္  EU တို႕၏ ပ့ံပိုးကူညီမႈမ်ားစြာ လိုအပ္ေၾကာင္း ေျပာဆိုခဲ့သည္။

UNFPA (ကုလသမဂၢ လူဦးေရရန္ပံုေငြအဖြဲ႕)အေနႏွင့္ WGF အစီအစဥ္ကို ၂၀၁၆ခုနွစ္မွ စတင္ကာ ေနာ္ေဝး၊ ဆြိဒင္၊ ၾသစေတးလ်ႏွင့္ ဖင္လန္နုိင္ငံတို႕၏ ေထာက္ပံ့မႈမ်ားျဖင့္ ျမန္မာႏိုင္ငံတြင္ ကခ်င္ျပည္နယ္၊  ရခိုင္ျပည္နယ္နွင့္ ရွမ္းျပည္နယ္တို႕တြင္ အဓိကထားေဆာင္ရြက္ခဲ့ၿပီး ယခုဆက္လက္ေဆာင္ရြက္သြားမည့္ ၃ႏွစ္အတြက္ ယူရိုေငြငါးသန္း ကို ဥေရာပသမဂၢ ရန္ပံုေငြျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

မိုးေ၀


-----------------------------------------------------------------------


အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ထောက်ပံ့ပေးနေမှုမှတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုအထိ ဖြစ်လာဖို့ မျှော်လင့်တယ် ဟု အီးယူသံအမတ်ဆို

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၅

ဥရောပသမဂ္ဂအနေဖြင့် “အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် ထောက်ပံ့ပေးနေမှုမှ တဆင့်  မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အထောက်အကူပြုနိုင်သည့် အထောက်အပံ့ကောင်း တစ်ခုဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဟု အီးယူသံအမတ်ကြီး ခရစ်ရှန်ရှမစ်က ပြောသည်။

စက်တင်ဘာလ ၂၄ ရက်နေ့က မြစ်ကြီးနားမြို့၊ City Park Royal Hall မှာ ကျင်းပပြုလုပ်ခဲ့သည့် Woman and Girl Frist (WGF) Programme မှာ ဥရောပသမဂ္ဂသံအမတ်ကြီး ခရစ်ရှန်ရှမစ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အနေနဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ နောက်ယှက်မှုများ စတဲ့ နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် လုံလောက်သော ထောက်ပံ့ငွေ ရရှိရေးအတွက် Woman and Girl Frist (WGF) Programme ကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်၊ အထူးသဖြင့် ကချင်ပြည်နယ်က IDP Camp မှာ နေရတဲ့ အမျိုးသမီးတွေဆိုရင် သူတို့မှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်၊ ဒီလိုပြဿနာတွေကို ကုစားပေးမှုကနေ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထောက်အကူပြုစေမယ့် လမ်းစတစ်ခုဖြစ်စေချင်တယ်၊ ဖြစ်လာဖို့လဲ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုး က လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် အမျိုးသမီးများနှင့် ကလေးငယ်များ စွမ်းဆောင်ရည်  မြင့်မားရေးအတွက် NGO၊ INGO နှင့်  EU တို့၏ ပံ့ပိုးကူညီမှုများစွာ လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

UNFPA (ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့)အနေနှင့် WGF အစီအစဉ်ကို ၂၀၁၆ခုနှစ်မှ စတင်ကာ နော်ဝေး၊ ဆွိဒင်၊ သြစတေးလျနှင့် ဖင်လန်နိုင်ငံတို့၏ ထောက်ပံ့မှုများဖြင့် မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊  ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အဓိကထားဆောင်ရွက်ခဲ့ပြီး ယခုဆက်လက်ဆောင်ရွက်သွားမည့် ၃နှစ်အတွက် ယူရိုငွေငါးသန်း ကို ဥရောပသမဂ္ဂ ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးဝေ

No comments:

Popular Posts