ဝူဟန်နမိုးနီးယားနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် နှုတ်ဆိတ်နေ၍ မသင့်
အယ်ဒီတာအာဘော်၊ ဇန်နဝါရီ ၂၆
ယခုအခါ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သော
အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ လူသိ များလာပြီး လူထုဆိုးရိမ်စိတ်
အထိတ်တလန့်ဖြစ်ပွားမှုလည်း မြှင့်မားလာပေသည်။ တစ်ကမ္ဘာလုံးမှာပင် ပြည်ပမှ
ဝင်လာသည့် လေယာဉ်ဆိပ်ကြီးများတွင်လည်း ခရီးသည်အဝင်အထွက်ကို အထူးကြပ်မတ်
နေကြသည်။
လက်ရှိအချိန်မှာ တရုတ်ပြည်တွင် ရောဂါဖြစ်ပွားနေသူ ၇၀၀၀
ကျော်ခန့်ရှိနေပြီး ယင်းရောဂါကြောင့် သေဆုံးသူမှာလည်း ၂၀
ပတ်ဝန်းကျင်နီးပါးရှိနေပြီဖြစ်သည့်အတွက် အိမ်နီးချင်နိုင်ငံများအနေဖြင့်
မိမိနိုင်ငံအတွင်းသို့ မကူးစက်နိုင်အောင် အထူးကြပ်မတ်စောင့်ကြည့်၊
စစ်ဆေးရမည်ဖြစ်သည်။ အထူး သဖြင့် ဝူဟန်သည် မြန်မာနိုငံငံနှင့်
အလွန်ပင်နီးစပ်သည့် မြို့ဖြစ်သည့်အတွက် မြန်မာအစိုးရအနေဖြင့် အထူးအထူး
ကြပ်မတ်ရန် လိုအပ်သည်။
တရုတ်ပြည်လို့ဆိုရင်
မြန်မာနိုင်ငံသားအများဆုံး သွားလာလုပ်ကိုင်နေသည့် နေရာဖြစ်သလို မြန်မာနှင့်
နှစ်နိုင်ငံစီးပွားလုပ်ကိုင်နေကြသည်ကိုလည်း သတိရမိသည်။
မြန်မာအစိုးရအနေဖြင့် တရုတ်နိုင်ငံမှ လေဆိပ်ဖြစ်သော်လည်းကောင်း၊
နယ်စပ်ဂိတ်များဖြင့်သော်လည်းကောင်း ပြန်ဝင်လာသည့် ခရီးသွား များကို
ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ အထူးစစ်ဆေးစောင့်ကြည့်ရန် လိုအပ်သည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုင်တည်နယ်စပ်ဂိတ်သည်
ကချင်ပြည်နယ်အတွင်း ဝင်ရောက်လုပ်ကိုင်နေသည့် တရုတ်တစ်သျှူးကားများသည်
နေ့စဉ်နှင့်အမျှ ဖြတ်သန်းသွားလာနေကြ သည့် အဓိကလမ်းကြောင်းဖြစ်သည့်အတွက်
ယင်းကန်ပိုင်တည်ဂိတ်ကိုလည်း ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့
ပူးပေါင်း၍ ခရီးသွားလာမှု ကြပ်မတ်စစ်ဆေးရန်လိုအပ်သည်။
အစိုးရအနေဖြင့် လိုအပ်ပါက တရုတ်နိုင်ငံသို့ သွားလာမှုကို
ကန့်သတ်ပိတ်သင့်လျှင် ပိတ်ရမည်ဖြစ် သလို ယခုအချိန်သည် တရုတ်နိုင်ငံသို့
အလည်အပတ်သွားရောက်ရန် မသင့်သည့်အချိန်ဖြစ်သည်။ အထူးသတိချပ်ရမည့်အချက်မှာ
ယခုအချိန်သည် တရုတ်နှစ်သစ်ကူးကာလဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်း
ရင်းနှီးလုပ်ကိုင်ကြသည့် တရုတ်နိုင်ငံသားများသည် နှစ်သစ်ကူးအချိန်အခါသမယ
လုပ်ငန်းခွင်များပိတ်၍ မိမိနေရပ်သို့ ပြန်သွားကြသည်။
ယင်းတရုတ်နိုင်ငံသားများသည် မကြာမှီအချိန် မှာ လုပ်ငန်းခွင်ရှိရာ
မြန်မာနိုင်ငံအတွင်းသို့ ပြန်လာကြတော့မည်ဖြစ်၍ နယ်စပ်အဝင်အထွက်ဂိတ်များ၊
လေဆိပ်များတွင် အထူးကြပ်မတ်ရန် အရေးကြီးဆုံးအချက်ဖြစ်သည်။
ထို့အပြင်
ယခုလို အိမ်နီးချင်းနေရာ၌ နမိုးနီးယားခေါ်
အဆုတ်ရောင်ရောဂါများဖြစ်ပွားနေချိန်၊ ယင်းရောဂါနှင့် ပတ်သက်၍လည်း
ဆိုရှယ်မီဒီယာပေါ် ကောလဟာလသတင်းများ ထွက်ပေါ်နေချိန်မှာ အစိုးရအနေ ဖြင့်
တရားဝင်ရပ်တည်နေသည့် ပြည်တွင်း မီဒီယာများနှင့် ပူးပေါင်း၍
သတင်းမှန်များကို အချိန်နှင့် တပြေးညီထုတ်ပြန်ရမည်။ သို့သော် ယခုအချိန်ထိ
အစိုးရအနေမှ ဝူဟန်နမိုးနီးယား ရောဂါ နှင့် ပတ်သက်၍ ထိရောက်သည့်
တုံ့ပြန်မှုမတွေ့ရပေးပေ။
ထို့ကြောင့်
မြန်မာစကားပုံအဆိုအမိန့်ရှိသလို “ မီးဆိုတာ မလောင်ခင်ထားမှ ရမယ်”
ဆိုသည့်အတိုင်း မည်သည့်ကိစ္စမဆို မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည်
အထိရောက်ဆုံးလုပ်ဆောင်ချက်ဆိုသည်ကို အစိုးရမင်းများလည်း
သိပြီးသားအချက်ဖြစ်သည်။ ယခု ဝူဟန်နမိုးနီးယားဟု လူသိများသည့် အဆုတ်
ရောင်ရောဂါမကူးစက်နိုင်အောင် ကြိုတင်စီမံဆောင်ရွက်ကြရန်
အမြန်ဆုံးလိုအပ်နေပြီဖြစ်ပါကြောင်း သတိချပ်စေရန် ရေးသားလိုက်ရပါသည်။
အယ်ဒီတာ
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
Eternally Peace News Network ( EPN)
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment