Search

Sunday, March 29, 2020

လျှပ်စစ်ပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား


EPN
မြစ်ကြီးနား၊ မတ် ၂၉




မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်၊ နယ်မြေ (၃)တွင် ယနေ့နံနက် (၃း၅၀)နာရီအချိန်ခန့်က လျှပ်စစ်မီးပလပ်ခုံ အပူလွန်ကဲရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံးဆုံးရှုံးခဲ့ရကြောင်း သိရသည်။


ယနေ့ မတ်လ ၂၉ ရက်နေ့ နံနက် (၃း၅၀)နာရီအချိန်ခန့်က ဦးအင်ဂျန်နော်ရစ်ဆိုသူ၏ နေအိမ်တွင် နေအိမ်လှေကားအောက်ရှိ လျှပ်စစ်ပလပ်ခုံအပူလွန်ကဲရာမှတဆင့် အနီးရှိ အလှကုန်ပစ္စည်းများသို့ မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။



မီးလောင်မှုဖြစ်ပွားရာသို့ မြစ်ကြီးနားမြို့မစခန်းမှူး ဒုရဲမှူး ခင်ဇော်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သူထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဒူကထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနော်ဆန်းနှင့်ရပ်မိရပ်ဖများ၊ အနီးရှိပတ်ဝန်းကျင်ပြည်သူများမှ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၅ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်ကြောင့် လူနှင့်အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း ဦးအင်ဂျန်နော်ရစ် ပိုင်ဆိုင်သည့် ၂၀x၂၀ ပတ်လည် သွပ်မိုးနံကပ် ပျဉ်ခင်းနှစ်ထပ်တိုက် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မရဲစခန်းတွင် (ပ)၁၅၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြစ်ကြီးနားမြို့မရဲစခန်းမှ သိရသည်။


ကိုဖြိုး

No comments:

Popular Posts